Thursday, May 22, 2025

နိုင်ငံသားတိုင်း နိုင်ငံ၏ သမိုင်းဖြစ်ရပ်မှန်များကိုသိရှိပြီး နိုင်ငံတော်တည်ဆောက်ရာတွင်...

နစက ဥက္ကဋ္ဌမှ ယနေ့ မေ ၂၁ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ကျင်းပသည့် အခြေခံနှင့်တန်းမြင့်ရေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၅)နှင့် အခြေခံနှင့်တန်းမြင့်လေကြောင်းလူငယ်သင်တန်း(၁/၂၀၂၅)တို့မှ သင်တန်းသား၊ သင်တန်းသူများနှင့် အုပ်ချုပ်သူနည်းပြများအားတွေ့ဆုံ၍...

လွတ်လပ်စွာကုန်သွယ်မှုအဆင့်မြှင့်တင်ရေး တရုတ်၊ အာဆီယံစေ့စပ်မှုပြီးစီး

တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) တို့သည် ဒစ်ဂျစ်တယ်၊ အစိမ်းရောင်စီးပွားရေးနှင့် အခြား လုပ်ငန်းနယ်ပယ်အသစ်များ ပါဝင်လာမည့် ၎င်းတို့၏ လွတ်လပ်စွာကုန်သွယ်မှုနယ်ပယ်ကို ထပ်မံပြင်ဆင်‌ေရးကိုစေ့စပ်ဆွေးနွေးမှုသည်အောင်မြင်ပြီးမြောက်ခဲ့ကြောင်း တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင်...

မြန်မာ့ပြည်တွင်းရေးကို အမှန်တရားဘက်မှ အရှိအတိုင်းရပ်တည်ပေးသော နိုင်ငံများသည်...

မိတ်ဆွေကောင်း၏အရေးပါမှုနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၁ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ကျင်းပသည့် အခြေခံနှင့်တန်းမြင့်ရေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၅)နှင့် အခြေခံနှင့်တန်းမြင့်...

တောင်အာဖရိက ဂျီ ၂၀ ထိပ်သီးအစည်းအဝေး...

လော့ဆန်းဂျလိစ်၊မေ ၂၁ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ယခုနှစ်နှောင်းပိုင်း၌ တောင်အာဖရိကတွင်ကျင်းပမည့် ဂျီ ၂၀ ထိပ်သီးအစည်းအဝေးသို့ သမ္မတထရမ့်ပ်တက်မည်မဟုတ်ကြောင်းပြောကြားခဲ့သည်။ "သမ္မတရော နိုင်ငံ‌‌ခြားရေးဝန်ကြီးဌာနအဆင့်ပါ တောင်အာဖရိကမှာလုပ်မဲ့ အခုနှစ် ဂျီ...
HomeInternationalအိန္ဒိယ၌အပူလှိုင်းဖြတ်မှု နှင့် ဆက်စပ်ရောဂါများ...

အိန္ဒိယ၌အပူလှိုင်းဖြတ်မှု နှင့် ဆက်စပ်ရောဂါများ တိုးလာနိုင်ဟုသတိပေးထား

နူးဒေလီ၊ဖေဖော်ဝါရီ ၂၈

အိန္ဒိယ၌ နောက်လအနည်းငယ်အတွင်း အပူလှိုင်းဖြတ်နိုင်ကြောင်းသတိပေးထားပြီး အဆိုပါအပူလှိုင်းကြောင့် ဖြစ်ပေါ်လာမည့် ဆက်စပ်ရောဂါများ မြင့်တက်လာမှုအခြေအနေကိုပါ ထိန်းချုပ်နိုင်ဖို့ အသင့်ပြင်ထားရန်လည်း လိုသည်ဟုတာဝန်ရှိသူများကပြောကြားခဲ့သည်။

အိန္ဒိယသည် လာမည့်ကာလများတွင် အပူလှိုင်းများကို မကြာခဏကြုံတွေ့ရနိုင်ကြောင်းနှင့် မုတ်သုံရာသီအတွင်း၌ပင် ပျမ်းမျှအပူချိန်သည် လွန်ခဲ့သည့်နှစ်နှစ်ဆယ်ကထက် မြင့်တက်လာနိုင်ကြောင်းလည်း အစိုးရတာဝန်ရှိသူများကမနှစ်ကတည်းကသတိပေးခဲ့သည်။

ထို့ကြောင့် “အပူချိန်မြင့်တက်မှုဆိုင်ရာ ကျန်းမာရေးစီမံချက်များ” ကိုအကောင်အထည်ဖော်ရန် နိုင်ငံတစ်ဝန်းရှိ ကျန်းမာရေးဌာနများကို အစိုးရကညွှန်ကြားထားသည်။

အဆိုပါစီမံချက်၌ လုံလောက်သည့်ဆေးဘက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများထားရှိခြင်းနှင့် အဆောက်အအုံများပြင်ဆင်မှု၊မရှိမဖြစ်လိုအပ်သောဆေးဝါးများရရှိနိုင်မှု၊သွေးကြောသွင်းအရည်များ၊ရေခဲထုပ်များနှင့် အခြားလိုအပ်သောကိရိယာများစီစဥ်ထားနိုင်မှုတို့ပါဝင်သည်။

ကျန်းမာရေးဌာနများအားလုံးကို ဗုဒ္ဓဟူးနေ့မှစ၍ အပူနှင့်ဆက်စပ်သောရောဂါများအား နေ့စဥ်စောင့်ကြည့်စစ်ဆေးရန်တောင်းဆိုထားပြီး အပူလွန်ကဲမှုနှင့်ဆက်စပ်သည့်သေဆုံးမှုများကိုမှတ်တမ်းတင်ထားသင့်ကြောင်းလည်းအစိုးရ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Source : Reuters

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံသားတိုင်း နိုင်ငံ၏ သမိုင်းဖြစ်ရပ်မှန်များကိုသိရှိပြီး နိုင်ငံတော်တည်ဆောက်ရာတွင် ဦးဆောင်လူငယ်များအဖြစ်ပါဝင်ကြရန် နစက ဥက္ကဋ္ဌ တိုက်တွန်း

နစက ဥက္ကဋ္ဌမှ ယနေ့ မေ ၂၁ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ကျင်းပသည့် အခြေခံနှင့်တန်းမြင့်ရေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၅)နှင့် အခြေခံနှင့်တန်းမြင့်လေကြောင်းလူငယ်သင်တန်း(၁/၂၀၂၅)တို့မှ သင်တန်းသား၊ သင်တန်းသူများနှင့် အုပ်ချုပ်သူနည်းပြများအားတွေ့ဆုံ၍ အမှာစကားပြောကြားစဉ် မျိုးဆက်သစ်လူငယ်များနှင့် ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့သည်။ " ဒီမြေမှာမွေး ဒီမြေမှာကြီးပြင်းခဲ့ကြသူတွေပီပီ အမိနိုင်ငံတော်ကြီးရဲ့ သမိုင်းကြောင်းအစဉ်အလာတွေကိုကောင်းစွာသိရှိနားလည်ထားရပါမယ်။ မိမိတို့နိုင်ငံရဲ့ လွတ်လပ်ရေးဟာ မျိုးချစ်လူငယ်တွေက ခေတ်မီတပ်မတော်တစ်ရပ်ထူထောင်ပြီး ပြည်သူလူထုရဲ့ တစ်စိတ်တစ်ဝမ်းတည်းပူးပေါင်းကြိုးပမ်းမှုတွေကြောင့်ရရှိခဲ့တာဖြစ်ပါတယ်"ဟု နစက ဥက္ကဋ္ဌကပြောသည်။ ထို့ပြင် နစက အနေဖြင့် နိုင်ငံရေးရည်မှန်းချက် နှစ်ရပ်နှင့် အမျိုးသားရေး ရည်မှန်းချက်နှစ်ရပ်တို့ကို ချမှတ်ဆောင်ရွက်လျက်ရှိကာ ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကိုလျှောက်လှမ်းရာတွင် နိုင်ငံသားတိုင်းသည်...

လွတ်လပ်စွာကုန်သွယ်မှုအဆင့်မြှင့်တင်ရေး တရုတ်၊ အာဆီယံစေ့စပ်မှုပြီးစီး

တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) တို့သည် ဒစ်ဂျစ်တယ်၊ အစိမ်းရောင်စီးပွားရေးနှင့် အခြား လုပ်ငန်းနယ်ပယ်အသစ်များ ပါဝင်လာမည့် ၎င်းတို့၏ လွတ်လပ်စွာကုန်သွယ်မှုနယ်ပယ်ကို ထပ်မံပြင်ဆင်‌ေရးကိုစေ့စပ်ဆွေးနွေးမှုသည်အောင်မြင်ပြီးမြောက်ခဲ့ကြောင်း တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ အာဆီယံသည် တရုတ်နိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက်ဖြစ်ပြီး ၂၀၂၅ ခုနှစ် ပထမသုံးလပတ်တွင် စုစုပေါင်းကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၃၄ ဘီလျံအထိ ရှိခဲ့သည်ဟု တရုတ်အကောက်ခွန် အချက်အလက်များအရ သိရသည်။ ၃.၀ ဗားရှင်းဟု ခေါ်ဆိုသော လွတ်လပ်စွာကုန်သွယ်မှုနယ်ပယ်သည် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုကို အားသစ်လောင်းပေးမည်ဖြစ်ကာ ပွင့်လင်းမှု၊ အားလုံးပါဝင်မှုနှင့် နှစ်ဦးနှစ်ဘက် ပူးပေါင်းဆောင်ရွက်မှုတို့ကို...

မြန်မာ့ပြည်တွင်းရေးကို အမှန်တရားဘက်မှ အရှိအတိုင်းရပ်တည်ပေးသော နိုင်ငံများသည် နိုင်ငံတော်၏ မိတ်ဆွေကောင်းများဖြစ်သည်ဟု နစက ဥက္ကဋ္ဌ ပြောကြား

မိတ်ဆွေကောင်း၏အရေးပါမှုနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၁ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ကျင်းပသည့် အခြေခံနှင့်တန်းမြင့်ရေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၅)နှင့် အခြေခံနှင့်တန်းမြင့် လေကြောင်းလူငယ်သင်တန်း(၁/၂၀၂၅)တို့မှ သင်တန်းသား၊ သင်တန်းသူများနှင့် အုပ်ချုပ်သူနည်းပြများအားတွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။ " လူရယ်လို့ဖြစ်လာရင် မိတ်ကောင်းဆွေမွန်ရှိဖို့လိုအပ်ပါတယ်။ တစ်ဦးနဲ့တစ်ဦးနားလည်မှု၊ ရိုင်းပင်းကူညီမှု၊ စာနာဖေးမမှု၊ အမှားတွေ့ရင် စေတနာနဲ့ဝေဖန်ထောက်ပြမှုတွေဟာ မိတ်ဆွေအချင်းချင်းပြုမူပေးတတ်တဲ့ အလေ့အကျင့်ကောင်းတွေဖြစ်ပါတယ်။ အဲ့လို မိတ်ဆွေကောင်းတွေကိုပိုင်ဆိုင်ခြင်းအားဖြင့် မိမိတို့ဖြတ်သန်းရမယ့် အနာဂတ်ဘဝကို ဖြောင့်တန်းအောင်လျှောက်လှမ်းနိုင်ကြမှာပဲဖြစ်ပါတယ်"ဟု နစက ဥက္ကဋ္ဌကပြောသည်။ ထို့အတူ လူတိုင်းတွင်မိတ်ဆွေကောင်းရှိရန်အရေးကြီးသကဲ့သို့ တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ့ စည်းတည်ဆောက်ထားသည့် မိမိတို့နိုင်ငံတော်ကြီးသည်လည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071