Thursday, June 25, 2026

၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ပင်လယ်ကူးသင်္ဘောသားများနေ့...

၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ပင်လယ်ကူးသင်္ဘောသားများနေ့ (Day of the Seafarer 2026) အထိမ်းအမှတ် အခမ်းအနားကို ဇွန် ၂၅...

သီပေါမြို့အဝင် ဆိုင်းဘုတ်ကို ပြန်လည်ပြင်ဆင်နေသည့်မြင်ကွင်းများ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့၌ သီပေါမြို့အဝင် ဆိုင်းဘုတ်ကို ပြန်လည်ပြင်ဆင်ပြီးဖြစ်ကြောင်း သိရသည်။ ယင်းဆိုင်းဘုတ်ကို သီပေါမြို့နယ်စည်ပင်သာယာရေးဌာနမှပြန်လည်ပြင်ဆင်ဆောင်ရွက်ခဲ့ခြင်းလည်း ဖြစ်သည်။ (ဓာတ်ပုံ-သီပေါမြို့နယ်စည်ပင်သာယာရေးဌာန)

ဂျပန်တွင် ရစ်ခ်တာစကေး ၇ ဒသမ...

တိုကျို၊ ဇွန်လ ၂၅ ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ကြာသပတေးနေ့ နံနက်ပိုင်းက ရစ်ခ်တာစကေး ၇.၂ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် အနည်းဆုံး လူလေးဦး ဒ-ဏ်ရာရရှိခဲ့ကြောင်း...

XtraSure ၏ကောင်းသောနေ့များဆီသို့ CSR လူမှုအကျိုးပြုအစီအစဉ်ကျင်းပပြုလုပ်

မြန်မာနိုင်ငံတွင် သူမတူအကောင်းဆုံးသော Apple Experience များကို ပေးအပ်နေသော Apple Authorized Reseller ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် XtraSure ရဲ့ ကောင်းသောနေ့များဆီသို့...
HomeNewsLocal Newsအိန္ဒိယရူပီး-မြန်မာကျပ် နှစ်နိုင်ငံငွေလဲလှယ်ရေးစနစ် တည်ထောင်ရန်...

အိန္ဒိယရူပီး-မြန်မာကျပ် နှစ်နိုင်ငံငွေလဲလှယ်ရေးစနစ် တည်ထောင်ရန် သဘောတူညီချက်မူကြမ်း ရေးဆွဲနေ

အိန္ဒိယရူပီးနှင့် မြန်မာကျပ်အကြား နှစ်နိုင်ငံငွေလဲလှယ်ရေးစနစ် (Bilateral Currency Swap Arrangement) တည်ထောင်နိုင်ရန် နှစ်နိုင်ငံဗဟိုဘဏ်များအကြား သဘောတူညီချက်မူကြမ်း ရေးဆွဲလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးသည် ဇွန် ၂၃ ရက်က မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Abhay Thakur ဦးဆောင်သောအဖွဲ့အား နေပြည်တော်ရှိ ဗဟိုဘဏ်အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် အိန္ဒိယရူပီး-မြန်မာကျပ် နှစ်နိုင်ငံငွေလဲလှယ်ရေးစနစ် တည်ထောင်ရေးဆိုင်ရာ သဘောတူညီချက်မူကြမ်း ရေးဆွဲနေမှု၊ နှစ်နိုင်ငံအကြား အပြန်အလှန်အကျိုးရှိသော ဘဏ်လုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းစေရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများတွင် လက်ရှိဆောင်ရွက်လျက်ရှိသော အိန္ဒိယရူပီး-မြန်မာကျပ် တိုက်ရိုက်ငွေပေးချေမှုနည်းလမ်းကို ပိုမိုထိရောက်စွာ အသုံးချနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။

ယင်းအပြင် အိန္ဒိယဗဟိုဘဏ် (Reserve Bank of India)၊ အိန္ဒိယအမျိုးသားငွေပေးချေမှုကော်ပိုရေးရှင်း (National Payments Corporation of India-NPCI)၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ MMQR Consortium နှင့် Myanmar Payment Union (MPU) တို့အကြား UPI QR နှင့် RuPay စနစ်များကို မြန်မာနိုင်ငံ၏ MMQR အခြေခံအဆောက်အအုံနှင့် အပြန်အလှန်အသုံးပြုနိုင်ရေး (Interoperability) ဖော်ဆောင်ရန် ဆောင်ရွက်နေသည့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ပင်လယ်ကူးသင်္ဘောသားများနေ့ အထိမ်းအမှတ် အခမ်းအနား ရန်ကုန်တွင် ကျင်းပ

၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ပင်လယ်ကူးသင်္ဘောသားများနေ့ (Day of the Seafarer 2026) အထိမ်းအမှတ် အခမ်းအနားကို ဇွန် ၂၅ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ Wyndham Grand Hotel ၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် နိုင်ငံတော်အလံအား အလေးပြုခြင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်နှင့် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်သိင်္ဂီယဥ်ထွန်းတို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ကြသည်။ ထို့နောက် မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ် (MSF)...

သီပေါမြို့အဝင် ဆိုင်းဘုတ်ကို ပြန်လည်ပြင်ဆင်နေသည့်မြင်ကွင်းများ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့၌ သီပေါမြို့အဝင် ဆိုင်းဘုတ်ကို ပြန်လည်ပြင်ဆင်ပြီးဖြစ်ကြောင်း သိရသည်။ ယင်းဆိုင်းဘုတ်ကို သီပေါမြို့နယ်စည်ပင်သာယာရေးဌာနမှပြန်လည်ပြင်ဆင်ဆောင်ရွက်ခဲ့ခြင်းလည်း ဖြစ်သည်။ (ဓာတ်ပုံ-သီပေါမြို့နယ်စည်ပင်သာယာရေးဌာန)

ဂျပန်တွင် ရစ်ခ်တာစကေး ၇ ဒသမ ၂ ရှိ ငလျင်လှုပ်၊ လူ ၄ ဦးထက်မနည်း ဒ-ဏ်ရာရ

တိုကျို၊ ဇွန်လ ၂၅ ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ကြာသပတေးနေ့ နံနက်ပိုင်းက ရစ်ခ်တာစကေး ၇.၂ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် အနည်းဆုံး လူလေးဦး ဒ-ဏ်ရာရရှိခဲ့ကြောင်း ကျိုဒိုသတင်းတွင် ဖော်ပြသည်။ ပဏာမပြင်းအား ၆.၉ မှ ပြန်လည်ပြင်ဆင်ထားသည့် အဆိုပါငလျင်သည် ဒေသစံတော်ချိန် နံနက် ၇:၃၀ နာရီခန့်တွင် အီဝါတဲ စီရင်စုအရှေ့ဘက်ကမ်းရိုးတန်းမှ ကီလိုမီတာ ၄၀ ခန့်အနက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဂျပန်နိုင်ငံ၏ ငလျင်စကေး ၇ တွင် ဒုတိယအမြင့်ဆုံးအဆင့်၊ အထက် ၆၊ ဟာရှီကာမိမြို့နှင့် အအိုမိုရီ စီရင်စုရှိ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071