Friday, November 7, 2025

မြန်မာနိုင်ငံနှင့် UNOPS ကြားလက်ရှိပူးပေါင်းဆောင်ရွက်နေမှုများကိုဆွေးနွေး

မြန်မာနိုင်ငံနှင့် UNOPS ကြားလက်ရှိပူးပေါင်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် ဗန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး(UNOPS) ၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာရုံး၊ ညွှန်ကြားရေးမှူး Mr. Sanjay Mathur...

ဝန်ကြီးဌာန(၃)ခုအတွက် ဒု-ဝန်ကြီးများခန့်အပ်တာဝန်ပေး

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံးမှ ယ နေ့ နိုဝင်ဘာ ၆ ရက်က အမိန့်အမှတ် ၄၈ /၂၀၂၅ ဖြင့် ဝန်ကြီးဌာန(၃)ခုအတွက် ဒု-ဝန်ကြီးများကို ခန့်အပ်တာဝန်ပေးခဲ့ကြောင်း...

ပဲခူးတန်ဆောင်တိုင်ပွဲတော် ပထမနေ့တွင် နေ့အရုပ်မီးပုံးပျံ (၇)...

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ရွှေမော်ဓောဘုရား၏ ယာဥ်ရပ်နားဝင်းအတွင်း၌ ယနေ့ နိုဝင်ဘာ ၆ ရက်မှစတင်ကျင်းပသည့် တန်ဆောင်တိုင်ပွဲတော် (ပထမနေ့) ညနေ ၄ နာရီတွင်...

ကံတလူတိုးဂိတ်အနီးတွင် ယာဥ်တို-က်မှုဖြစ် (၁)ဦးဒ-ဏ်ရာရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ ကံတလူတိုးဂိတ်အနီးတွင် ယနေ့ နိုဝင်ဘာ ၆ ရက်နေ့လည် ၃ နာရီကျော်ခန့်က ယာဥ်တို-က်မှုဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ သိရသည်။ စစ်ကိုင်းမြို့နယ်၊ မုံရွာ-မန္တလေးသွားကားလမ်းမကြီး၏...
HomeNewsLocal Newsအိန္ဒိယနှင့် တောင်ကိုရီးယားနိုင်ငံသား(၁၅၁)ဦးကို ထပ်မံထိန်းသိမ်းပြီးသက်ဆိုင်ရာနိုင်ငံများသို့လွဲပြောင်းပေးနိုင်ရန်ဆောင်ရွက်နေ

အိန္ဒိယနှင့် တောင်ကိုရီးယားနိုင်ငံသား(၁၅၁)ဦးကို ထပ်မံထိန်းသိမ်းပြီးသက်ဆိုင်ရာနိုင်ငံများသို့လွဲပြောင်းပေးနိုင်ရန်ဆောင်ရွက်နေ

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာပြီး က ရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ် မြေ၌ အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်း လိမ် လည်မှုများကျူးလွန်ခဲ့ကြသည့် အိန္ဒိယနိုင်ငံသား (၁၅၀)ဦးနှင့် တောင်ကိုရီးယားနိုင်ငံသား(၁)ဦးတို့ကို ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံသို့အမြန်ဆုံးပြန်လည်ပြည်နှင်လွှဲပြောင်းပေးနိုင်ရေးအတွက် လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များကဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ ယနေ့ အောက်တိုဘာ ၂၆ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား(၉,၉၆၄)ဦးကို စစ် ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ (၉,၃၃၉)ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ် ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျလွှဲပြောင်းပေး အပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကျန်ရှိသည့် ပြည်ပနိုင်ငံသား(၆၂၅)ဦးကိုလည်း သက်ဆိုင်ရာနိုင်ငံများသို့လွှဲပြောင်းပေးရန်အသင့်ဖြစ်နေပြီဖြစ်၍ ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနိုင်ငံနှင့် UNOPS ကြားလက်ရှိပူးပေါင်းဆောင်ရွက်နေမှုများကိုဆွေးနွေး

မြန်မာနိုင်ငံနှင့် UNOPS ကြားလက်ရှိပူးပေါင်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် ဗန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး(UNOPS) ၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာရုံး၊ ညွှန်ကြားရေးမှူး Mr. Sanjay Mathur တို့ဆွေးနွေးခဲ့ကြသည်။ ၎င်းတို့နှစ်ဦးသည် ယနေ့ နိုဝင်ဘာ ၆ ရက်နံနက် ၁၀ နာရီ ၄၅ မိနစ်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနရုံး၌ တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ UNOPS ၏ မြန်မာနိုင်ငံဆိုင်ရာညွှန်ကြားရေးမှူးနှင့် ကိုယ်စားလှယ် Ms. Sara Austin Netzer တို့တက်ရောက်ခဲ့ကြသည်။ 

ဝန်ကြီးဌာန(၃)ခုအတွက် ဒု-ဝန်ကြီးများခန့်အပ်တာဝန်ပေး

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံးမှ ယ နေ့ နိုဝင်ဘာ ၆ ရက်က အမိန့်အမှတ် ၄၈ /၂၀၂၅ ဖြင့် ဝန်ကြီးဌာန(၃)ခုအတွက် ဒု-ဝန်ကြီးများကို ခန့်အပ်တာဝန်ပေးခဲ့ကြောင်း သိရသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇၊ ပုဒ်မခွဲ(ခ)အရ ဗိုလ် ချုပ်အောင်မျိုးသန့်အား ကာကွယ်ရေးဝန်ကြီးဌာန၊ ဦးသန့်စင်လွင်အား ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဦးသိုက်စိုးအား သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့၏ ဒု-ဝန်ကြီးများအဖြစ်ခန့်အပ်တာဝန်ပေးခဲ့ကြောင်း သိရသည်။

ပဲခူးတန်ဆောင်တိုင်ပွဲတော် ပထမနေ့တွင် နေ့အရုပ်မီးပုံးပျံ (၇) ခုလွှတ်တင်ပူဇော်

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ရွှေမော်ဓောဘုရား၏ ယာဥ်ရပ်နားဝင်းအတွင်း၌ ယနေ့ နိုဝင်ဘာ ၆ ရက်မှစတင်ကျင်းပသည့် တန်ဆောင်တိုင်ပွဲတော် (ပထမနေ့) ညနေ ၄ နာရီတွင် နေ့အရုပ်မီးပုံးပျံများကို လွှတ်တင်ပူဇော်ခဲ့ကြသည်။ နွား၊ သိန်းငှက်၊ ကြက်၊ ဆင်၊ ငန်း၊ ဘဲ စသည့်နေ့အရုပ်မီးပုံးပျံ (၇) ခုအားလွှတ်တင်ပူဇော်ခဲ့ကြပြီး ညပိုင်းတွင်လည်း မီးစင်္ကြာလှည့်လည်ပူဇော်ပွဲ၊ တန်ဆောင်တိုင်ဖွင့်ပွဲ၊ မီးပုံးပျံအကြီး၊ အသေးလွှတ်တင်ပူဇော်ခြင်းနှင့် တေးသံရှင်များ၏ သီဆိုဖျော်ဖြေမှုများဖြင့်ကျင်းပလျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071