Monday, June 15, 2026

တရုတ်၏ အာကာသနည်းပညာ အောင်မြင်မှုများကို နိုင်ငံတော်သမ္မတ...

ပေကျင်း၊ ဇွန် ၁၅ တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန်လ ၁၅...

နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် စတင်၊ နိုင်ငံတော်သမ္မတ...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် တရုတ်နိုင်ငံသို့ ယနေ့ ဇွန် ၁၅ ရက်...

ကချင်ပြည်နယ်က ယာယီတိမ်းရှောင်စခန်းရှိ အိမ်ထောင်စု (၆၀၉)...

ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ၊ ကောင်စီဝင် ဒေါ်ဒွဲဘူနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယနေ့မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့ ရွေးနုတ်ကယ်တင်ခြင်း ယာယီတိမ်းရှောင်စခန်း၌ ခိုလှုံနေထိုင်လျက်ရှိသော စခန်း...

တရားမဝင် ယစ်မျိုးလိုင်စင်များကို မြေပြင်တွင် စီမံကိန်းပုံစံဖြင့်...

စီမံချက်ဆောင်ရွက်ရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာနအနေနှင့် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများကို တင်ပြဆောင်ရွက်မည်ဖြစ် မြန်မာနိုင်ငံတွင် တရားမဝင် ယစ်မျိုးလိုင်စင်များကို ထိရောက်စွာ ဖမ်းဆီးအရေးယူဆောင်ရွက်ပေးရန် အစီအစဉ်ရှိမရှိကို ယနေ့ ဇွန် ၁၅ ရက်နေ့တွင်...
HomeInternationalအိန္ဒိယနှင့်တရုတ် တိုက်ရိုက်လေကြောင်း ပြန်လည်‌ပြေးဆွဲမည်

အိန္ဒိယနှင့်တရုတ် တိုက်ရိုက်လေကြောင်း ပြန်လည်‌ပြေးဆွဲမည်

အိန္ဒိယ နိုင်ငံနှင့် တရုတ် နိုင်ငံတို့သည် ငါးနှစ်နီးပါးအကြာတွင် တိုက်ရိုက်လေကြောင်း ပြေးဆွဲမှုများကို ပြန်လည်စတင်ရန် သဘောတူညီခဲ့ကြသည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္လာနေ့တွင် ပြောကြားခဲ့ပြီး ၂၀၂၂ ခုနှစ်က ၎င်းတို့၏ အငြင်းပွား ဟိမဝန္တာနယ်စပ်တွင် အ‌ေ-သအပျောက်ရှိ စစ်ရေးထိပ်တိုက်တွေ့မှုဖြစ်ခဲ့ပြီးနောက် အိမ်နီးချင်းနှစ်နိုင်ငံအကြားဆက်ဆံရေး ပြေလည်လာသည့် အရိပ်အယောင်ပြခဲ့သည်။

မကြာခင်ရက်ပိုင်းတွင် ကျင်းပမည့် အစည်းအဝေး၌ လေကြောင်းပျံသန်းမှုဆိုင်ရာ မူဘောင်နှင့် ပတ်သက်၍ နှစ်နိုင်ငံ ညှိနှိုင်းသွားမည်ဖြစ်ကြောင်း အိန္ဒိယထိပ်တန်းသံတမန်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ တွေ့ဆုံဆွေးနွေးမှုအပြီးတွင် ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ယင်းကိစ္စအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့(ဇန်နဝါရီ ၂၈) တွင် အတည်ပြုခဲ့ပြီး နှစ်နိုင်ငံအကြား သတင်းသမားများ ဖလှယ်ရာတွင် လွယ်ကူချောမွေ့စေရေးအတွက် ဒုတိယဝန်ကြီးအဆင့်အရာရှိများ ထပ်မံတွေ့ဆုံရန် သဘောတူညီခဲ့သည်ဟုလည်း ပြောဆိုခဲ့သည်။

၂၀၂၀ ပြည့်နှစ် နယ်စပ်တိုက်ခိုက်မှုပေါ်ပေါက်ခဲ့အပြီးတွင် နှစ်နိုင်ငံအကြား တင်းမာမှုများမြင့်တက်ခဲ့ပြီး အိန္ဒိယက တရုတ်ကုမ္ပဏီများ နိုင်ငံအတွင်း ရင်းနှီးမြုပ်နှံရာတွင် အခက်တွေ့အောင်လုပ်ခြင်း၊ နာမည်ကျော် အက်ပ်လီကေးရှင်း ရာနှင့်ချီ၍ ပိတ်ပင်ခြင်းနှင့် ခရီးသည်တင်လေယာဉ်များပျံသန်းမှုကို တင်းကြပ်ခဲ့သည်။ သို့ရာတွင် နှစ်နိုင်ငံအကြား တိုက်ရိုက်ကုန်တင်လေယာဉ်ပျံသန်းမှုများကိုမူ ဆက်လက်ခွင့်ပြုခဲ့သည်။

အောက်တိုဘာလအတွင်းက ရုရှားနိုင်ငံတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီတို့ တွေ့ဆုံဆွေးနွေးမှု အပါအဝင် အဆင့်မြင့်အရာရှိအဆင့် အစည်းအဝေးများစွာ လုပ်ဆောင်ခဲ့ကြပြီးနောက် လွန်ခဲ့သည့် လေးလအတွင်း နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်လာခဲ့သည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်၏ အာကာသနည်းပညာ အောင်မြင်မှုများကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လေ့လာ

ပေကျင်း၊ ဇွန် ၁၅ တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန်လ ၁၅ ရက်တွင် ပေကျင်းမြို့ရှိ Aerospace City သို့ သွားရောက်ကာ တရုတ်နိုင်ငံ၏ အာကာသနှင့် လေကြောင်းနည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို ကြည့်ရှုလေ့လာခဲ့သည်။ Aerospace City သည် တရုတ်နိုင်ငံ၏ အာကာသသိပ္ပံ၊ ဂြိုဟ်တုနည်းပညာ၊ ဒုံးပျံစနစ်များနှင့် အဆင့်မြင့်လေကြောင်းနည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် သုတေသနနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ အချက်အချာနေရာတစ်ခုဖြစ်ပြီး ပေကျင်းအာကာသထိန်းချုပ်ရေးစင်တာ (BACC)၊ တရုတ်အာကာသနည်းပညာအကယ်ဒမီ...

နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် စတင်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ပေကျင်း၌ ဂုဏ်ပြုကြိုဆို

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် တရုတ်နိုင်ငံသို့ ယနေ့ ဇွန် ၁၅ ရက် နံနက်ပိုင်းတွင် ထွက်ခွာခဲ့ပြီး မွန်းလွဲ ၂ နာရီခန့်တွင် ပေကျင်းမြို့ရှိ Capital International Airport သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် နေပြည်တော်ရှိ တပ်မတော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ခြင်းဖြစ်ပြီး ပေကျင်းမြို့ရှိ Capital International Airport တွင် တရုတ်နိုင်ငံအစိုးရအဖွဲ့မှ တာဝန်ရှိသူများက တရုတ်နိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ...

ကချင်ပြည်နယ်က ယာယီတိမ်းရှောင်စခန်းရှိ အိမ်ထောင်စု (၆၀၉) စုအား ဆန်အိတ် ၂၀၀ ထောက်ပံ့

ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ၊ ကောင်စီဝင် ဒေါ်ဒွဲဘူနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယနေ့မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့ ရွေးနုတ်ကယ်တင်ခြင်း ယာယီတိမ်းရှောင်စခန်း၌ ခိုလှုံနေထိုင်လျက်ရှိသော စခန်း (၉) ခုမှ အိမ်ထောင်စုများအား သွားရောက်တွေ့ဆုံ၍ အားပေးစကားပြောကြားကာ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ တွေ့ဆုံပွဲကို မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်၊ ပြည်နယ်လွှတ်တော်ရုံးအနီးရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်) ပိုင်မြေဧရိယာအတွင်း ဖွင့်လှစ်ထားသည့် ရွေးနုတ်ကယ်တင်ခြင်း ယာယီတိမ်းရှောင်စခန်း ခန်းမဆောင်၌ ကျင်းပခဲ့သည်။ ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ကောင်စီဝင် ဒေါ်ဒွဲဘူက မိမိတို့ဒေသ တည်ငြိမ်အေးချမ်းရေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071