Sunday, July 27, 2025

မိုးသည်းထန်စွာရွာသွန်းနေသော်လည်း ပန်ဆန်းမြို့ရှိ သစ်ဂိုဒေါင်တွင်မီးလေ-ာင်မှုဖြစ်

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းနေသော်လည်း သစ်ဂိုဒေါင်တစ်လုံး၌ ယနေ့ ဇူလိုင် ၂၇ ရက်နံနက် ၁၁ နာရီကျော်ခန့်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပန်ဆန်းမြို့၊ Cung...

မြန်မာလူငယ်များကို  ရာသီဥတုနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သင်တန်းပေးမည်

ရာသီဥတုနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နှင့်ပတ်သက်ပြီး အသက်(၁၈)နှစ်နှင့်(၃၅)နှစ်ကြား ထူးချွန်သည့်မြန်မာလူငယ်(၃၀)ကို (၆)လကြာသင်တန်ပေးမည်ဖြစ်ကြောင်း ဗြိတိသျှသံရုံး( UK in Myanmar) ကနေ သိရသည်။ “Brighter Youth For...

မဲဆွယ်ရာတွင် အခက်ခဲဆုံးက လုံခြုံရေးဖြစ်နေဟုPPP ပါတီဥက္ကဋ္ဌပြော

ပါတီကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆွယ်စည်းရုံးရေးတွင် အခက်ခဲဆုံးက လုံခြုံရေးဖြစ်နေကြောင်းပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဌ ဒေါ်သက်သက်ခိုင်ကပြောသည်။ ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်တွင် ကျင်းပပြုလုပ်သည့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ၏ ဒုတိယအကြိမ်...

ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် မော်စကို-ပြုံယမ်း တိုက်ရိုက်လေကြောင်းခရီးစဉ်...

ရုရှားနိုင်ငံသည် မော်စကိုမြို့မှ မြောက်ကိုရီးယားမြို့တော် ပြုံယမ်းသို့ တိုက်ရိုက်ခရီးသည်တင်လေယာဉ်များ ပြေးဆွဲခြင်းကို တနင်္ဂနွေနေ့တွင် စတင်တော့မည်ဖြစ်ကြောင်း ရုရှားအာဏာပိုင်များက ပြောကြားခဲ့သည်။ မြို့တော်များအကြား ပုံမှန်လေကြောင်းခရီးစဉ်များ စတင်ခြင်းသည် ၁၉၉၀...
HomeNewsLocal Newsအိန္ဒိယနိုင်ငံ၌ ကျောက်ကပ်အစားထိုး၊အသည်းအစားထိုးခွဲစိတ်ခြင်းနှင့်အဆင့်မြင့်ဆေးပညာရပ်ဆိုင်ရာကျွမ်းကျင်မှုသင်တန်းများအား မြန်မာနိုင်...

အိန္ဒိယနိုင်ငံ၌ ကျောက်ကပ်အစားထိုး၊အသည်းအစားထိုးခွဲစိတ်ခြင်းနှင့်အဆင့်မြင့်ဆေးပညာရပ်ဆိုင်ရာကျွမ်းကျင်မှုသင်တန်းများအား မြန်မာနိုင် ငံမှ ကျန်းမာရေးဝန်ထမ်းများကို စေလွှတ်သင် ကြားသွားမည်

အိန္ဒိယနိုင်ငံ၌ ကျောက်ကပ်အစားထိုး၊အသည်းအစားထိုးခွဲစိတ်ခြင်းနှင့်အဆင့်မြင့်ဆေးပညာရပ်ဆိုင်ရာကျွမ်းကျင်မှုသင်တန်းများအား မြန်မာနိုင်ငံမှ ကျန်းမာရေးဝန်ထမ်းများကို စေလွှတ်သင် ကြားသွားမည်
ကျန်းမာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းမှ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးမစ္စတာ ဗီနေးကူးမား ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဇွန် ၁၅ ရက်က လက်ခံတွေ့ဆုံစဥ် ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုသို့ တွေ့ဆုံရာတွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ကျန်းမာရေးကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်နေသည့် အခြေအနေများနှင့် အိန္ဒိယနိုင်ငံ၏ ကူညီထောက်ပံ့မှုဖြင့် မြန်မာနိုင်ငံတွင် State-of-the-Art ဆေးရုံတည်ဆောက်ရေးဆိုင်ရာလုပ်ငန်းများ ပြန်လည်စတင်လုပ်ဆောင်လျက်ရှိသည်တို့အား ဆွေးနွေးပြောကြားခဲ့သည်။
ထို့ပြင် အိန္ဒိယနိုင်ငံမှမြန်မာနိုင်ငံသို့ ဆေးနှင့်ဆေးပစ္စည်းများ တင်သွင်းရာတွင် လျင်မြန်ချောမွေ့စေရန် မြန်မာနိုင်ငံ၏ ကျန်းမာရေးလူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆေးသုတေသန လုပ်ငန်းများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကိလည်း ဆွေးနွေးပြောကြားခဲ့ကြသည်။
အလားတူ အိန္ဒိယနိုင်ငံ၌ ကျောက်ကပ်အစားထိုး၊ အသည်းအစားထိုးခွဲစိတ်ခြင်းများအပြင် အဆင့်မြင့် ဆေးပညာရပ်ဆိုင်ရာကျွမ်းကျင်မှုသင်တန်းများအား မြန်မာနိုင်ငံမှကျန်းမာရေးဝန်ထမ်းများကို စေလွှတ်သင်ကြားသွားမည်ဖြစ်ကာ ကင်ဆာရောဂါဆေးကုသမှုလုပ်ငန်းများ၌ ပိုမိုအား ကောင်းစေရန် အိန္ဒိယနိုင်ငံနှင့်ပူးပေါင်းဆောင် ရွက်သွားမည်ဟု ပြောကြားခဲ့သည်။
ထို့အတူ တိုင်းရင်းဆေးပညာကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရန် ပူးပေါင်းဆောင်ရွက်၍ အိန္ဒိယနိုင်ငံမှ ပုဂ္ဂလိကလုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရန် အခွင့်အလမ်းများနှင့်ပံ့ပိုးပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများအား ဆွေးနွေးခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မိုးသည်းထန်စွာရွာသွန်းနေသော်လည်း ပန်ဆန်းမြို့ရှိ သစ်ဂိုဒေါင်တွင်မီးလေ-ာင်မှုဖြစ်

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းနေသော်လည်း သစ်ဂိုဒေါင်တစ်လုံး၌ ယနေ့ ဇူလိုင် ၂၇ ရက်နံနက် ၁၁ နာရီကျော်ခန့်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပန်ဆန်းမြို့၊ Cung Yua တွင်သစ်များသိုလှောင်ထားသည့် ဂိုဒေါင်တစ်လုံး၌ မီးလောင်မှုဖြစ်ပွား၍ သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့များက ငြိမ်းသတ်မှုများပြုလုပ်ခဲ့ကြပြီး စတင်လေ-ာင်ကျွမ်းရသည့်အ ကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို စစ်ဆေးခဲ့ကြကြောင်း သိရသည်။

မြန်မာလူငယ်များကို  ရာသီဥတုနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သင်တန်းပေးမည်

ရာသီဥတုနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နှင့်ပတ်သက်ပြီး အသက်(၁၈)နှစ်နှင့်(၃၅)နှစ်ကြား ထူးချွန်သည့်မြန်မာလူငယ်(၃၀)ကို (၆)လကြာသင်တန်ပေးမည်ဖြစ်ကြောင်း ဗြိတိသျှသံရုံး( UK in Myanmar) ကနေ သိရသည်။ “Brighter Youth For Better Climate (BYBC) သင်တန်းကို ထူးချွန်သည့်မြန်မာလူငယ်(၃၀)ဦးကို ရွေးချယ်ပြီး ရာသီဥတုနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နယ်ပယ်များတွင် အနာဂတ်ခေါင်းဆောင်များဖြစ်လာရန် လိုအပ်သည့် အသိပညာနှင့်အရည်ချင်းများမြှင့်တင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာအခွင့်အလမ်းများ နှင့် စိန်ခေါ်မှုများအကြောင်း၊ ရာသီဥတုနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘာသာရပ်များကို ပြည်ပတက္ကသိုလ်များတွင် ပညာဆက်လက်ဆည်းပူးရန် တက္ကသိုလ်ဝင်ခွင့်နှင့်ပညာသင်ဆုလျှောက်လွှာပြင်ဆင်ခြင်းဆိုင်ရာ လမ်းညွှန်သင်ကြားမှုများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ သင်တန်းကို အခမဲ့သင်ပေးမည်ဖြစ်ပြီး...

မဲဆွယ်ရာတွင် အခက်ခဲဆုံးက လုံခြုံရေးဖြစ်နေဟုPPP ပါတီဥက္ကဋ္ဌပြော

ပါတီကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆွယ်စည်းရုံးရေးတွင် အခက်ခဲဆုံးက လုံခြုံရေးဖြစ်နေကြောင်းပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဌ ဒေါ်သက်သက်ခိုင်ကပြောသည်။ ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်တွင် ကျင်းပပြုလုပ်သည့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ၏ ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ " မဲဆွယ်စည်းရုံးရေးမှာ အခက်ခဲဆုံးက လုံခြုံရေးဖြစ်ပါတယ်။ အဓိကတော့ ပါတီတစ်ခုကို ကိုယ်စားပြုပြီးတော့ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ပြည်သူကြားထဲဆင်းတဲ့အချိန်မှာ သာမန်ပြည်သူလူထုတွေရှိနိုင်တယ်။ ရွေးကောက်ပွဲကိုဆန့်ကျင်တဲ့သူတွေရှိမယ်။ လုံခြုံရေးကို ပျက်ပြားအောင်လုပ်မယ်။ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ဘယ်နိုင်ငံရေးပါတီကဖြစ်ဖြစ် နိုင်ငံရေးပါတီကိုယ်စားလှယ်လောင်းတွေကို ပြည်သူတွေကြားထဲဆင်းလို့မရအောင်လုပ်မယ်၊ အဖျက်အမှောင့်လုပ်ချင်တဲ့သူတွေလည်း ရှိတဲ့အခါကျတော့ လုံခြုံရေးအရ စိန်ခေါ်မှုတော့များပါတယ်။ ကျွန်မတို့ပါတီမှမဟုတ်ပါဘူး။ နိုင်ငံရေးပါတီတွေအကုန်လုံးရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ၊ ကိုယ်စားလှယ်လောင်းတွေရဲ့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071