အိန္ဒိယနိုင်ငံသံရုံး၊ ရန်ကုန်မှ ကြီးမှူး၍ “Viksit Bharat Run” အပြေးပြိုင်ပွဲကို ယနေ့ စက်တင်ဘာ ၂၈က ကျင်းပခဲ့ရာ အပြေးသမား ၃၀၀ ဝန်းကျင်၊ စေတနာ့ဝန်ထမ်း ၅၀ နှင့် အဖွဲ့အစည်း ၃ ဖွဲ့တို့ ပူးပေါင်း၍ အောင်မြင်ခဲ့သည့် မာရသွန်ပွဲလည်း ဖြစ်ခဲ့သည်။
ကြံ့ခိုင်ရေးလှုပ်ရှားမှုတစ်ခုထက်မကသောဤပွဲသည် Seva Bhav (ပရဟိတ စိတ်ဓာတ်) ကို ဂုဏ်ပြုပြီး ဝန်ကြီးချုပ် မိုဒီ၏ ရည်ရွယ်ချက်အတိုင်း အိန္ဒိယ၏ Swadeshi ကျင့်ဝတ်ကို ဖော်ညွှန်းပြီး မိမိကိုယ်ကိုယ်အားကိုးမှု၊ အားလုံးပါဝင်မှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ယူမှုတို့အတွက် မီးမောင်းထိုးပြထားသည်။
မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အိန္ဒိယနိုင်ငံနပန်းအဖွဲ့ချုပ်မှ နပန်းနည်းပြနှင့် ဂုဏ်ယူဖွယ်ရာ အိန္ဒိယနွယ်ဖွား ဆိုရှယ်မီဒီယာအကြော်အမော်တို့၏ အားပေးလှုံ့ဆော်မှုဖြင့် ပြိုင်ပွဲကိုစိတ်ဝင်စားအောင်လုပ်ခဲ့သည်။
ဤပွဲသည် မာရသွန်ပွဲသက်သက် သာမက တိုးတက်မှု၊ စည်းလုံးညီညွတ်မှုနှင့် ကြံ့ခိုင်မှုတို့အတွက် အတူတကွ ရှိနေကြောင်း ပြသခဲ့ကြခြင်းလည်းဖြစ်သည်။ Viksit Bharat Run သည် အိန္ဒိယမစ်ရှင်အဖွဲ့များ၊ ယဉ်ကျေးမှုအဖွဲ့များနှင့် ကမ္ဘာတစ်ဝှမ်းရှိ ဒေသခံအဖွဲ့အစည်းများ၊ ပါတနာများဖြင့် လူစုလူဝေးထိတွေ့ဆက်ဆံမှုနှင့် လူငယ်စည်းရုံးခြင်းအတွက် ပလက်ဖောင်းတစ်ခု ဖြစ်လာခဲ့သည်။ ၎င်းသည် “ကမ္ဘာကြီးသည် မိသားစုတစ်စုဖြစ်သည်” ၏ စိတ်ဓာတ်ကို အားဖြည့်ပေးသည်။
ယခုလို မာရသွန်ပွဲကို နိုင်ငံပေါင်း ၁၂၅ နိုင်ငံတွင်လည်း လုပ်ဆောင်နေကြောင်းသိရသည်။ လန်ဒန်န်၊ ပါရီ၊ နယူးယောက်၊ မော်စကိုနှင့် ဆစ်ဒနီမြို့တို့မှ အိန္ဒိယအသိုက်အဝန်းများသည် ၎င်းတို့၏ အမွေအနှစ်များကို ဂုဏ်ယူကာ Viksit Bharat အစီစဥ်တွင်ဆင်နွဲခဲ့ကြသည်။
