အိန္ဒိယနိုင်ငံ ဥတ္တာပရာဒေ့ရှ်ပြည်နယ် ဘူလန်ရှားခရိုင်တွင် တနင်္လာနေ့နံနက်အစောပိုင်းက ထရပ်တစ်စီးက ဘုရားဖူးများတင်ဆောင်လာသော ထွန်စက် ထရော်လီတစ်စီးကို ဝင်တို-က်မိ၍ လူ ရှစ်ဦး ေ-သဆုံးကာ ၄၃ ဦး ဒ-ဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ေ-သဆုံးသူများတွင် ကလေးနှစ်ဦး ပါဝင်သကဲ့သို့ ဒ-ဏ်ရာရခဲ့သူများအနက် ၁၂ ဦးသည် အသက် ၁၈ နှစ်အောက်များဖြစ်ကြသည်။
ဘုရာဖူးများ အသက်ဆုံးရှုံးရခြင်းအတွက် ဝမ်းနည်းကြေကွဲရကြောင်း ပြည်နယ်ဝန်ကြီးချုပ် ယိုဂီအဒစ်ယာနတ်သ်က ပြောကြားခဲ့ပြီး ဒ-ဏ်ရာရရှိခဲ့သူများကို အကောင်းဆုံး ပြုစုကုသမှုပေးရန် ညွှန်ကြားခဲ့သည်။ သေဆုံးခဲ့သူများ၏ မိသားစုများကို ထောက်ပံ့ငွေ ရူပီး ၂ သိန်း၊ ဒ-ဏ်ရာရခဲ့သူများ၏ မိသားစုဝင်များကို ရူပီး ၅၀,၀၀၀ စီ အသီးသီးပေးအပ်သွားမည်ဟုလည်း ၎င်းက ကြေညာခဲ့သည်။
Buladshahr-aligarh နယ်စပ် အနီးတွင် နံနက် ၂း၁၀ နာရီအချိန်ဝန်းကျင်က အဆိုပါ မတော်တဆ မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထရပ်သည် လယ်ထွန်စက်နောက်တွဲကို နောက်မှဝင်တို-က်ခဲ့ သောကြောင့် တိမ်းမှောက်သွားခဲ့သည်ဟု ရဲအရာရှိ ဒင်းနက်ရှ် ကူမာဆင်းက ပြောကြားခဲ့သည်။
လယ်ထွန်စက်တွင် လူ ၆၁ ဦး လိုက်ပါလာခဲ့ပြီး ရာဂျက်စ်သန်ပြည်နယ်သို့ ဘုရာဖူးထွက်လာသူများဖြစ်ကြောင်း ၎င်းက ပြောသည်။
“ ရှစ်ဦး အသက်ဆုံးရှုံးခဲ့ရပြီး ၄၃ ဦးကိုတော့ ကုသပေးထားပါတယ်။ ဒ-ဏ်ရာရရှိသူတွေထဲမှာ သုံးဦးကတော့ အောက်ဆီဂျင်ပေးထားရပါတယ်” ဟု ဆင်းက ဆက်လက်ပြောဆိုခဲ့သည်။
Ref: သည်နူးအင်းဒီးယန်းအိတ်စ်ပရက်စ်
