အိန္ဒိလေတပ်၏ ပြင်သစ်ထုတ် Rafale တို-က်လေယာဉ် ၂စီးကို ပါကစ္စတန် လေကြောင်းကာကွယ်ရေးတပ်ဖွဲ့က ပစ်ချခဲ့ကြောင်း ပါကစ္စတန်၏လုံခြုံရေးအရာရှိများထံမှ ရင်းမြစ်များကို ကိုးကား၍ SAMAA TV သတင်းဌာနက ဖော်ပြခဲ့သည်။
ထို့အပြင် Geo TV သတင်းဌာနကလည်း ပါကစ္စတန်အရပ်ဘက်လေကြောင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ပါကစ္စတန်လေကြောင်းနယ်နိမိတ်အတွင်းပျံသန်းနေသော ခရီးသည်တင် လေယာဉ်များကို ကရာချီလေဆိပ်သို့ လမ်းလွဲဆင်းသက်စေကြောင်း ဖော်ပြခဲ့သည်။ အစ္စလာမာဘတ်၊ လာဟိုး၊ စီရာကုတ်နှင့် အခြားမြို့များမှ လေယာဉ်များသည်လည်း ကရာချီသို့ ဦးတည်ပျံသန်းနေကြသည်။
အိန္ဒိယစစ်တပ်က အမြောက်ပစ်ခ-တ်မှုများ စတင်ခဲ့ကြောင်း ပါကစ္စတန်ဘက်မှ ထိန်းချုပ်ရေးမျဉ်း (Line of Control) တလျှောက် အစောပိုင်းက ထုတ်ပြန်ခဲ့သည်။ နယ်စပ်တလျှောက် အချို့ဒေသများတွင် အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့ကြောင်း သတင်းများ ရေးသားကြသည်။