Friday, July 3, 2026

မြန်မာ-လာအို အာကာသနည်းပညာ၊ ခရီးသွားလုပ်ငန်းနှင့် ညီအစ်မမြို့တော်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် လာအိုနိုင်ငံသမ္မတ မစ္စတာ သောင်လွန် ဆီဆိုလစ်တို့သည် ယနေ့ ဇူလိုင် ၃ ရက် နံနက်ပိုင်းတွင် ဗီယင်ကျန်းမြို့ရှိ လာအိုနိုင်ငံသမ္မတအိမ်တော်၌...

ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိလာသော မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့အား...

လာအိုနိုင်ငံသမ္မတ မစ္စတာ သောင်လွန် ဆီဆိုလစ်၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့အား ဝပ်တိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်၌...

မြန်မာ-လာအို ချစ်ကြည်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက်...

လာအိုနိုင်ငံသမ္မတ မစ္စတာ သောင်လွန် ဆီဆိုလစ်၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည်...

မြန်မာ-လာအို လွှတ်တော်ချင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး...

ဗီယင်ကျန်း၊ ဇူလိုင် ၃ လာအိုနိုင်ငံသမ္မတ မစ္စတာ သောင်လွန် ဆီဆိုလစ်၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့်...
HomeMoviesအိန္ဒိယခရီးစဉ်အတွင်း စီးပွားရေး၊ လုံခြုံရေးနှင့်...

အိန္ဒိယခရီးစဉ်အတွင်း စီးပွားရေး၊ လုံခြုံရေးနှင့် အခြေခံအဆောက်အအုံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီမှုများ ရရှိ

နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့၏ အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အတွင်း စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ နယ်စပ်လုံခြုံရေး၊ ပညာရေးနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ အရေးပါသည့် သဘောတူညီချက်များ ရရှိခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် အိန္ဒိယဝန်ကြီးချုပ် ရှရီနာရန်ဒရာမိုဒီ၊ အိန္ဒိယသမ္မတနှင့် အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်တို့အား တွေ့ဆုံဆွေးနွေးခဲ့ပြီး ပညာရေး၊ ကျန်းမာရေး၊ သတင်းအချက်အလက်နည်းပညာ၊ ဆေးဝါးထုတ်လုပ်ရေး၊ နယ်စပ်ဒေသတည်ငြိမ်ရေး၊ မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် နှစ်နိုင်ငံပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပြီး ကုလားတန်မြစ်ကြောင်း ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်းနှင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီး စီမံကိန်းတို့ကို အမြန်ဆုံး အပြီးသတ်အကောင်အထည်ဖော်နိုင်ရေးအတွက် နှစ်ဖက်ခေါင်းဆောင်များက အလေးထားဆွေးနွေးခဲ့ကြောင်း သိရသည်။

ပညာရေးကဏ္ဍတွင် မဲခေါင်-ဂင်္ဂါပညာသင်ဆုကို မြန်မာနိုင်ငံအတွက် ယခင်နှစ်စဉ် (၃၆) ဆုမှ (၁၀၀) ဆုအထိ တိုးမြှင့်ပေးနိုင်ရေး ဆွေးနွေးခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်က စတင်ခဲ့သည့် ရူပီး-ကျပ် တိုက်ရိုက်ငွေပေးချေမှုစနစ်ကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အိန္ဒိယဗဟိုဘဏ် (Reserve Bank of India) တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ရှေ့ဆက်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီမှုများ ရရှိခဲ့ကြောင်းလည်း ပြောကြားသည်။

နယူးဒေလီမြို့တွင် ကျင်းပသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ၌ အိန္ဒိယရင်းနှီးမြှုပ်နှံသူများက မြန်မာနိုင်ငံ၏ လုံခြုံရေးအခြေအနေ၊ ရင်းနှီးမြှုပ်နှံမှု အာမခံချက်နှင့် အကျိုးအမြတ်ဆိုင်ရာ ကိစ္စရပ်များကို မေးမြန်းခဲ့ရာ နိုင်ငံတော်သမ္မတက ကိုယ်တိုင်ဖြေကြားခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုအတွက် ကောင်းမွန်သည့် ပတ်ဝန်းကျင်ကို ဖန်တီးပေးမည်ဖြစ်ကြောင်း အာမခံပြောကြားခဲ့သည်။

ထို့အပြင် မွမ်ဘိုင်းမြို့တွင် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် အိန္ဒိယစီးပွားရေးလုပ်ငန်းရှင်များအကြား တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာ သဘောတူညီမှုများ ရရှိခဲ့ကြောင်း သိရသည်။

ခရီးစဉ်အတွင်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်ရေး၊ သုတေသနနှင့် နည်းပညာအသုံးချမှုများကို လေ့လာနိုင်ရန် အိန္ဒိယနိုင်ငံရှိ စွမ်းအင်ကုမ္ပဏီတစ်ခုနှင့် ဂျဝါဟာလာနေရူးဆိပ်ကမ်းသို့ သွားရောက်လေ့လာခဲ့ပြီး အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက်လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြောရေးဆိုခွင့်ရှိသူက ယခုခရီးစဉ်သည် သံတမန်ရေးနှင့် နိုင်ငံရေးအရ အောင်မြင်သည့် ချစ်ကြည်ရေးခရီးစဉ်ဖြစ်ပြီး စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအပြင် နယ်စပ်ဒေသလုံခြုံရေး၊ ကုလားတန်စီမံကိန်း အပြီးသတ်အကောင်အထည်ဖော်ရေးနှင့် နှစ်နိုင်ငံ၏ အချုပ်အခြာအာဏာကို အပြန်အလှန်လေးစားသည့် အခြေခံပေါ်တွင် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်သွားရန် သဘောတူညီမှုများ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-လာအို အာကာသနည်းပညာ၊ ခရီးသွားလုပ်ငန်းနှင့် ညီအစ်မမြို့တော် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာများ ရေးထိုးခဲ့

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် လာအိုနိုင်ငံသမ္မတ မစ္စတာ သောင်လွန် ဆီဆိုလစ်တို့သည် ယနေ့ ဇူလိုင် ၃ ရက် နံနက်ပိုင်းတွင် ဗီယင်ကျန်းမြို့ရှိ လာအိုနိုင်ငံသမ္မတအိမ်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် သမ္မတနှစ်ဦး၏ ရှေ့မှောက်တွင် မြန်မာနှင့် လာအို နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) များကို လဲလှယ်ခဲ့ကြသည်။ အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံအစိုးရဘက်မှ ပြည်ထောင်စုဝန်ကြီး (၂) ဦးနှင့် လာအိုနိုင်ငံအစိုးရဘက်မှ သက်ဆိုင်ရာတာဝန်ရှိသူများက ခရီးသွားလုပ်ငန်းဆိုင်ရာ နားလည်မှုစာချွန်လွှာ (Tourism MoU) နှင့် ညီအစ်မမြို့တော် (Sister City)...

ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိလာသော မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့အား လာအိုနိုင်ငံမှ ဂုဏ်ပြုကြိုဆို

လာအိုနိုင်ငံသမ္မတ မစ္စတာ သောင်လွန် ဆီဆိုလစ်၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့အား ဝပ်တိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်၌ လာအိုနိုင်ငံ တာဝန်ရှိသူများမှ ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။ နိုင်ငံတော်သမ္မတနှင့် ဇနီးတို့ ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ စီးနင်းလိုက်ပါလာသည့် အထူးလေယာဉ်သည် ဗီယင်ကျန်းမြို့ရှိ ဝပ်တိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နံနက်ပိုင်းတွင် ရောက်ရှိလာရာ လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး၊ အဆင့်မြင့်အရာရှိကြီးများ၊ လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် သံရုံးတာဝန်ရှိသူများက ကော်ဇောနီခင်း၍ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ ထို့ပြင် ချစ်ကြည်ရေးခရီးစဉ်ဖြင့် လာရောက်သည့် နိုင်ငံ့ခေါင်းဆောင်များအား ကြိုဆိုသည့် အစဉ်အလာနှင့်အညီ...

မြန်မာ-လာအို ချစ်ကြည်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် မြန်မာနိုင်ငံတော်သမ္မတနှင့် လာအိုဝန်ကြီးချုပ်တို့ တွေ့ဆုံ

လာအိုနိုင်ငံသမ္မတ မစ္စတာ သောင်လွန် ဆီဆိုလစ်၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇူလိုင် ၃ ရက် မွန်းလွဲပိုင်းတွင် ဗီယင်ကျန်းမြို့ရှိ လာအိုနိုင်ငံဝန်ကြီးချုပ်ရုံး၌ လာအိုနိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာ-လာအို နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေရေး၊ နှစ်နိုင်ငံအစိုးရများအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်းနှင့် အခြားအကျိုးတူကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြှင့်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071