အစ္စလာမ်ဘတ်၊ မေ ၇
ပါကစ္စတန်နိုင်ငံ မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့ (CAA) သည် အိန္ဒိယနိုင်ငံကအရပ်သားများအခြေချနေထိုင်သည့်ေနရာများကို တိုက်ခိုက်ပြီးနောက် အဓိကမြို့ကြီးများတွင် လေကြောင်းပျံသန်းမှု လုပ်ငန်းများကိုပြန်လည်စတင်ခဲ့ကြောင်း ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။
အစောပိုင်းတွင် CAA သည် နိုင်ငံတွင်း လုံခြုံရေးအခြေအနေများကို ထည့်သွင်းစဉ်းစားကာ လေပိုင်နက်အတွင်း ဝင်ရောက်ခွင့်ကို ၄၈ နာရီ ကန့်သတ်ရန် သတိပေးချက် ထုတ်ပြန်ခဲ့သည်။
CAA သည် ခရီးသွားများကို သတိပြုနေထိုင်ရန်နှင့် အဆင်မပြေမဖြစ်စေရန် အစိုးရလေကြောင်းလိုင်းနှင်အဆက်အသွယ်မှုမပြတ်ေစရန် ညွှန်ကြားထားပြီး ပျံသန်းမှုအချိန်ဇယားများနှင့် လမ်းကြောင်းဆိုင်ရာ နောက်ဆုံးဆုံးဖြတ်ချက်သည် လေကြောင်းလိုင်းတခုခြင်းနှင့်သာ သက်ဆိုင်သည်ဟု ပြောကြားခဲ့သည်။
“ဒေသတွင်းမှာ အခြေအနေတွေက ပြောင်းလဲနေတာဖြစ်လို့ ခရီးသည်တွေ အနေနဲ့ သူတို့ရဲ့ လေယာဉ် ခရီးစဉ်နဲ့ ပတ်သက်တဲ့ နောက်ဆုံး ရသတင်း အချက်အလက်ေတွအတွက် သက်ဆိုင်ရာ လေကြောင်းလိုင်းတွေနဲ့ အဆက်အသွယ်မပြတ်ဖို့ အကြံပြုပါတယ်” ဟု CAA က ပြောကြားခဲ့သည်။
အယ်လ်လားမား အစ်ခ်ဘယ် အပြည်ပြည်ဆိုင်ရာလေဆိပ် လာဟိုး၊ ဂျင်နာ အပြည်ပြည်ဆိုင်ရာလေဆိပ် ကရာချီ နှင့် အစ္စလာမ်ဘတ် အပြည်ပြည်ဆိုင်ရာလေဆိပ်များအပါအဝင် အဓိက လေဆိပ်များ အားလုံးတွင် ပြည်တွင်းနှင့်ပြည်ပလေယာဉ်များသည် ပုံမှန်ပျံသန်း နေပြီဖြစ်ကြောင်း ပါကစ္စတန် လေဆိပ်အာဏာပိုင်အရာရှိများက ရှင်းဟွာ သို့ပြောကြားခဲ့သည်။
ပါကစ္စတန်ရှိ အရပ်သားအခြေချနေထိုင်သည့်နေရာခြောက်ခုကို အိန္ဒိယက တိုက်ခိုက်မှုအပြီး အနည်းဆုံး ၂၆ ဦး ေ-သဆုံးပြီး ၄၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပါကစ္စတန်စစ်တပ်၏ မီဒီယာအဖွဲ့ညွှန်ကြားရေးမှူးချုပ် အာမက် ရှာရစ်ဖ် ချောင်ဒရီ က ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အတည်ပြုပြောကြားခဲ့သည်။
Ref: ရှင်းဟွာ