Sunday, May 10, 2026

ကလေးမြို့နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့တွင် ငွေကျပ် (၉)ဘီလီယံကျော်တန်ဖိုးရှိ...

​စစ်ကိုင်းတိုင်း၊ ကလေးမြို့နှင့် မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်တို့တွင် ငွေကျပ်(၉)ဘီလီယံကျော်တန် ဖိုးရှိ ဘိန်းဖြူ(၇၇)ကီလိုနှင့် စိတ်ကြွဆေးပြား(၄)သန်းကို ကွင်းဆက်တရားခံများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီ...

ဟင်္သာတမြို့နယ် မိုးသည်းလေပြင်း စေတီတစ်ဆူထီးတော်တိမ်း စောင်း...

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၌ မေ ၈ ရက်ညပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ငါးဖားကျေးရွာ၊ သဲဖြူကျေးရွာ၊ ရေကျော်ကျေးရွာတို့တွင် ယင်း မိုးသည်းထန်ပြီးလေပြင်းတိုက်ခတ်မှုကြောင့်...

အာဆီယံ ကို စည်းလုံးညီညွတ်ရန် အနူတင်...

ကြီးမားလာသောပထဝီနိုင်ငံရေး မတည်ငြိမ်မှုနှင့် စီးပွားရေး မရေရာမှုများကို ရင်ဆိုင်နေရချိန်တွင် အာဆီယံအတွင်း ပိုမိုခိုင်မာသော ဒေသတွင်းစည်းလုံးညီညွတ်မှု၊ ပြန်လည်ရုန်းထနိုင်စွမ်းရှိမှုနှင့် ကမ္ဘာတစ်ဝန်းနှင့် ဆက်စပ ပတ်သက်မှုတို့ ရှိစေရန်...

ဟန်တာဗိုင်းရပ်စ်အရေး ထိုင်းရောဂါစစ်ဆေးရေးဌာနများကို တင်းကြပ်ထား

အာဂျင်တီးနားနှင့် ကိတ်ဗာဒီအကြား သွားလာနေသော အပျော်စီးသင်္ဘောတစ်စီးပေါ်တွင် အသက်‌ေ-သဆုံးနိုင်ပြီး ကူးစက်တတ်သော ဟန်တာဗိုင်းရပ်စ် ကူးစက်မှုများနှင့် ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(ဒဗ္ဗလျူအိတ်ခ်ျအို) က သတိပေးချက်ထုတ်ပြန်ပြီးနောက် ထိုင်းနိုင်ငံရှိ...
HomeCelebrities' Newsအားလုံးရဲ့ ရင်ထဲ အမြဲတမ်း...

အားလုံးရဲ့ ရင်ထဲ အမြဲတမ်း တသသ ဖြစ်ကျန်ရစ်မယ့်လူရွှင်တော် ကင်းကောင် (သို့မဟုတ်) ပရိသတ်ချစ်သော လူရွှင်တော်

ပရိသတ်တွေကို အမြဲပျော် ရွှင်စေချင်သူ၊ ပရိသတ်တွေကို အမြဲ ပျော်ရွှင် အောင် လုပ်ဆောင်ပေးသူ ဟာသလူရွှင်တော်ကြီးဦးကင်းကောင်က ဇန်နဝါရီ လ ၂၂ ရက်နေ့က ပုပ္ပားမှာ ဇာတ်လမ်းတွဲရိုက်ကူးဖို့ ရောက် ရှိနေရင်း ချွဲကျပ် ရောဂါနဲ့ ကွယ်လွန်ခဲ့ပြီး ဇနီးဖြစ်သူနဲ့သားဖြစ်သူကို ထားရစ်ခဲ့ပြီလည်း ဖြစ်ပါ တယ်။ သူဟာ ကျန်းမာရေးအရ ခွဲစိတ်ကုသမှု ခံယူခဲ့ရင်း အနုပညာ လှုပ်ရှားမှုတွေကို ခဏနားခဲ့ပါသေးတယ်။ ထို့နောက်မှာတော့ ရိုက်ကူးမှုတွေကို ပြန်လည် လုပ်ဆောင်ခဲ့ပြီး ဗီဒီယိုတွေနဲ့ ဇာတ်လမ်းတွဲ ထပ်မံရိုက်ကူးခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာတော့ သူဟာအသက် ၅၅ နှစ်ရှိခဲ့ပြီ လည်းဖြစ်ပြီး အနုပညာနဲ့ ပတ်သက်လို့ ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေ ခဲ့သူလည်း ဖြစ်ပါတယ်။ ဦးကင်းကောင်ရဲ့ နာမည်အရင်းတော့ ဦးမျိုးမြင့်ဖြစ်ပြီး ကင်း ကောင်ဆိုတဲ့ နာမည်ကတော့ ဦးသူရ (ဇာဂနာ) က ပေးခဲ့တာဖြစ်ပါတယ်။

”အငြိမ့်ကြတော့ အငြိမ့်လူရွှင်တော်နာမည်ပေးရတော့ မျိုးမြင့်နဲ့ ပေးလို့ မရဘူးလေ။ ကင်းကောင်ဆိုတာ ဟာသနာမည်ပေါ့နော်။ ကင်းကောင်ဆို ကတည်းက ပရိသတ်တွေကလည်း ပျော်နေပြီ။ ရယ်ရပြီဆိုပြီးပေါ့”လို့ ကင်းကောင်ဆိုတဲ့ နာမည်နဲ့ ပတ်သက်လို့ သူကအခုလိုမျိုး ပေါ်ပြူလာကို ဖြေကြားခဲ့ဖူးပါတယ်။ ပရိသတ်တွေက သူ့ကိုချစ်ကြသလို သူကလည်းပရိသတ်တွေကို တစ်အားချစ်တဲ့သူပါ။ လမ်းမှာသူ့ကိုနှုတ်ဆက်ကြတဲ့ သူတိုင်းကို ခါးလေးညွတ်ပြီး အမြဲပြုံးပြနှုတ်ဆက်ရင်း စကားပြန် ပြောလေ့ရှိသူပါ။

”ကျွန်တော်က ပရိသတ်တွေကို ချစ်တဲ့သူပါ။ ဘာကြောင့်လည်းဆိုတော့ ထမင်းရှင်လို့ ပြောရင်တော့ ဒါကရိုးသွားပြီ။ နဂိုကတည်းက ထမင်းရှင်ပဲလေ။ ပြောစရာကိုမလိုတာ။ ပရိသတ်တွေဆီက ပညာတွေလည်း အများကြီးရတယ်။ အဲဒီအတွက်လည်း ကျေးဇူးအများကြီး တင်ပါတယ်” လို့ သူချစ်တဲ့ပရိသတ်တွေကို ဦးကင်းကောင်က အခုလိုမျိုး သူဘယ်လောက် ချစ်တယ်ဆိုတာ ထုတ်ဖော်ပြောကြာခဲ့ဖူးပါတယ်။ ဟာသသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဦးကင်း ကောင်က ကျောင်းသားဘဝကတည်းက အနုပညာအသင်းမှာ အရှည်ကြီးဆိုတဲ့နာမည်နဲ့ စင်ပေါ် မှာ ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။ ထို့နောက်မှာတော့ ဦးသူရ (ဇာဂနာ)ပေးတဲ့ ကင်းကောင်ဆိုတဲ့ နာမည်နဲ့ မြပုဏ္ဏမာအငြိမ့်မှာ လူရွှင်တော်အဖြစ်ကပြခဲ့ပါတယ်။

”တက္ကသိုလ်ကျောင်းသားဘဝ အငြိမ့်ကတော့ လူပြက်နာမည်က အရှည်ကြီး။ နာမည်က အရင်းက မျိုးမြင့်။ ကျွန်တော်နဲ့တွေ့တော့ ကင်းကောင်လို့ နာမည်ပြောင်းပေးလိုက်တယ်။ လူကောင်က ထွားတာကိုး။ မြပုဏ္ဏမာဆိုတာ ၁၉၈၅ ခုနှစ်ကနေ ဒီနေ့ထက်ထိပဲ။ မြပုဏ္ဏမာကို ပထမဆုံးလက်ပြ နှုတ်ဆက်သွားတာသူ ဖြစ်သွားပြီ။ သူအိပ်ယာပေါ်လဲတော့ ကျွန်တော်အနားမှာ အမြဲရှိတယ်။ ခွဲဖို့စိတ်ဖို့ လက်မှတ်ထိုးတာကအစ သွေးရှာတာအဆုံး။ သက်သာလာတော့ အနုပညာပိုးက သတ်မသေ။ လောလောဆယ်ပြနေတဲ့ သာမိုမီတာဇာတ်လမ်းတွဲမှာ ပါဝင်သရုပ် ဆောင်သေးတယ်။ ဒီကနေ အခုပုပ္ပားက ဇာတ်လမ်းတွဲပါလို့ဆိုပြီး မိသားတစ်စုလုံးသွားကြတာ။ ကြာသပတေးသား၊ ကြာသပတေးနာမ်မြို့မှာ ကံကုန်ရှာတယ်။ အရှည်ကြီးရေ မင်းချက်ကျွေး နေကြ ချဉ်စော်ကားဟင်း မစားရတော့ဖူးပေါ့။ ပြည်လမ်းမ ညမိုးချုပ်မှာ ကြိုးကုပ်ကျက် မှတ်ခဲ့တဲ့ ခွန်းတောက်လေပြေတွေ ကျန်နေဦးမှာပါ။ တစ်နေ့တော့တို့ ညီအစ် ကိုတွေ ပြန်ဆုံကြဦးမယ်”လို့ ဦးသူရ(ဇာဂနာ)ကလည်း ကင်းကောင်နဲ့ ပတ်သက်လို့ သူ့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ လွမ်းဆွတ် သတိရဖွယ်ရာ ရေးသားထားပါတယ်။ အနုပညာညီအစ်ကို မောင်နှမတွေ အားလုံးကိုလည်း တတ်စွမ်း သလောက် ကူညီပေးလေ့ ရှိတဲ့သူဟာ အခုအချိန်မှာ မရှိတော့ပေမယ့်လို့ အားလုံးရဲ့ ရင်ထဲမှာတော့ သူ့နာမည်နဲ့ သူ့ဟန်ပန်ကတော့ အမြဲတသသ ရှိနေဦးမှာပဲဖြစ်ပါတယ်။

လင်းအက္ခရာ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071