ဖိလစ်ပိုင်ပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသော အားကောင်းသောအပူပိုင်းမုန်တိုင်း”ဘူအလွိုင်”မှပြတ်ထွက် လာသောတိမ်တို-က်များအပါအဝင် ရာသီဥတုအခြေအနေများကြောင့် တိုင်းနှင့် ပြည်နယ်အနှံ့၌ မိုးရွာသွန်းနိုင်သည်ဟု မိုးဇလမှ ယနေ့ စက်တင်ဘာ ၂၆ ရက်ကထုတ်ပြန်ခဲ့သည်။
ယနေ့ စက်တင်ဘာ ၂၆ ရက်ညနေမှ အောက်တိုဘာ ၂ ရက်အတွင်း ရန်ကုန်တိုင်းနှင့် နေပြည်တော်တို့အပါအဝင် တိုင်းနှင့်ပြည်နယ်အနှံ့တွင် မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး ဒေသအလိုက်မိုးကြီးနိုင်သည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။
ထို့ပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်လည်း ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးနိုင်ပြီး ယင်း ရက်များအတွင်း မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတို-က်ခ-တ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပ-စ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းသဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သည်ဟုလည်း မိုးဇလကအသိပေးခဲ့သည်။
