Saturday, June 27, 2026

(၅)နှစ်အတွင်း တိုင်းပြည်ငြိမ်းချမ်းအောင်ကြိုးစားဆောင်ရွက်မည်၊ EAO များနှင့်ငြိမ်းချမ်းရေးအတွက်သတ်မှတ်ချက်မရှိဘဲဆွေးနွေးမည်ဟု...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဇွန် ၂၆ ရက်တွင်ကျင်းပသည့် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ဖွံ့ဖြိုးတိုး တက်မှုအကောင်အထည်ဖော်ရေးဗဟိုကော်မတီအစည်းအဝေး၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ကွာဟမှုရှိနေသည့်နယ်မြေများ ကွာဟမှုမရှိအောင်လုပ်ပေးရန်မှာ မလွဲမသွေဆောင်ရွက်မည့် လုပ်ငန်းတာဝန်တစ်ခုဖြစ်ကာ ယင်းသို့...

မြန်မာနိုင်ငံကို ကမ္ဘာ့စားနပ်ရိက္ခာဖြည့်ဆည်းပေးနိုင်သည့် နိုင်ငံအဖြစ် တည်ဆောက်မည့်...

စားရေရိက္ခာမူဝါဒကော်မရှင် (၁/၂၀၂၆) အစည်းအဝေးတွင် နိုင်ငံ၏ စားနပ်ရိက္ခာလုံခြုံရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်က မူဝါဒဆိုင်ရာ လမ်းညွှန်ချက်...

လူသားချင်းစာနာမှုအကူအညီများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်ရန် MOFA...

မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် စဉ်ဆက်မပြတ် နီးကပ်စွာပူးပေါင်းဆောင်ရွက်ရန်နှင့် အကူအညီလိုအပ်နေသူများထံ ထိရောက်စွာရောက်ရှိစေရေးအတွက် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အပြုသဘောဆောင်ပြီး နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်မှုမရှိသည့် ကြားနေမူဝါဒဖြင့်...

မုံရွာမြို့၌ MSME ထုတ်ကုန်များစျေးရောင်းပွဲတော်စတင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်ရှိ ပြည်သူ့ ဥယျာဥ်၌ World MSME Day အထိမ်းအမှတ်အဖြစ် အ သေးစား၊ အငယ်စားနှင့် အလတ်စား...
HomeNewsLocal Newsအားကောင်းသောမုန်တိုင်းငယ်အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းအပါအဝင် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်

အားကောင်းသောမုန်တိုင်းငယ်အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းအပါအဝင် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်

အားကောင်းသောမုန်တိုင်းငယ်အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းအပါအဝင် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အားကောင်းသောမုန်တိုင်းငယ်သတင်းအမှတ်စဉ်(၀၄/၂၀၂၅)အရ သိရသည်။

အားကောင်းသောမုန်တိုင်းငယ်သည် ဘင်္ဂလားပင်လယ်အော်(အနောက်-အနောက်မြောက်ဘက်)တွင် တည်ရှိနေကာ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက်တောင်ဘက် ရေမိုင်(၄၁၀) မိုင်ခန့်ကို ဗဟိုပြုနေသော်လည်း မြန်မာနိုင်ငံဘက်သို့ရောက်ရှိလာနိုင်ခြင်းမရှိ၍ အဝါရောင်အဆင့်သတ်မှတ်ထားကြောင်း သိရသည်။

အဆိုပါ အားကောင်းသောမုန်တိုင်းငယ်အရှိန်ကြောင့် ယနေ့ အောက်တိုဘာ ၂၆ ရက်မွန်းတည့်မှ အောက်တိုဘာ ၂၈ ရက်အတွင်း ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ်၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတို-က်ခ-တ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်း သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်၍ ကုန်းမြင့်ဒေသအနီးနေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးနေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကိုကြိုတင်သတိပြုကြရန် မိုးဇလကအသိပေးနှိုးဆော်ထားကြောင်း သိရသည်။

ထို့ပြင် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုကြရန်လည်း အသိပေးနှိုးဆော်ထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

(၅)နှစ်အတွင်း တိုင်းပြည်ငြိမ်းချမ်းအောင်ကြိုးစားဆောင်ရွက်မည်၊ EAO များနှင့်ငြိမ်းချမ်းရေးအတွက်သတ်မှတ်ချက်မရှိဘဲဆွေးနွေးမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ပြော

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဇွန် ၂၆ ရက်တွင်ကျင်းပသည့် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ဖွံ့ဖြိုးတိုး တက်မှုအကောင်အထည်ဖော်ရေးဗဟိုကော်မတီအစည်းအဝေး၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ကွာဟမှုရှိနေသည့်နယ်မြေများ ကွာဟမှုမရှိအောင်လုပ်ပေးရန်မှာ မလွဲမသွေဆောင်ရွက်မည့် လုပ်ငန်းတာဝန်တစ်ခုဖြစ်ကာ ယင်းသို့ လုပ်ဆောင်ရန်တည်ငြိမ်အေး ချမ်းရေးမှာအလွန်အရေးကြီးသဖြင့် အစိုးရသစ်တာဝန်ယူချိန်၌ တိုင်းပြည်ငြိမ်းချမ်းအောင်လုပ်မည်၊ ဖွံ့ဖြိုးတိုး တက်အောင်လုပ်မည်ဟု ပြောသည်။ " (၅)နှစ်အတွင်းမှာ တိုင်းပြည်ငြိမ်းချမ်းအောင်အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက်မယ်။ ရက်ပေါင်း(၁ဝဝ)အ တွင်းမှာငြိမ်းချမ်းရေးဖိတ်ခေါ်မှုတွေလုပ်ခဲ့တယ်။ ငြိမ်း ချမ်းရေးနဲ့ပတ်သတ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားလက်နက်ကိုင်ဘယ်အဖွဲ့အစည်းမဆို ဘာကြိုတင်ကန့်သတ်ချက်မှမထားဘူး။ ငြိမ်းချမ်းရေးအတွက်လာပြီးဆွေးနွေးဖို့ဖိတ်ခေါ်ပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။ အမှန်တကယ်ငြိမ်းချမ်းရေးလိုချင်ပါက ယနေ့ ငြိမ်း ချမ်းရေးလိုချင်လျင် ယနေ့ ရောက်လာမည်ဖြစ်ကာ ငြိမ်းချမ်းရေးမလိုချင်ရင်ပါက အကြောင်းပြ၍အချိန်...

မြန်မာနိုင်ငံကို ကမ္ဘာ့စားနပ်ရိက္ခာဖြည့်ဆည်းပေးနိုင်သည့် နိုင်ငံအဖြစ် တည်ဆောက်မည့် ရေရှည်မဟာဗျူဟာ ချမှတ်

စားရေရိက္ခာမူဝါဒကော်မရှင် (၁/၂၀၂၆) အစည်းအဝေးတွင် နိုင်ငံ၏ စားနပ်ရိက္ခာလုံခြုံရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်က မူဝါဒဆိုင်ရာ လမ်းညွှန်ချက် (၉) ရပ်ကို ချမှတ်ခဲ့သည်။ မူဝါဒများအရ နိုင်ငံနှင့် ဒေသအလိုက် စားနပ်ရိက္ခာဖူလုံမှုရရှိရေး၊ ပြည်ပသွင်းကုန်အစားထိုး ထုတ်လုပ်နိုင်ရေး၊ အရည်အသွေးမြင့်၍ အထွက်နှုန်းကောင်းသော စိုက်ပျိုးထုတ်လုပ်မှု တိုးမြှင့်ရေးနှင့် ဂျုံ၊ ဆီထွက်သီးနှံများကို ပြည်တွင်းတွင် လုံလောက်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေးကို အဓိကဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့ပြင် မွေးမြူရေးကဏ္ဍ အားကောင်းလာစေရေး၊ ခေတ်မီစိုက်ပျိုးရေးနည်းပညာနှင့် စက်မှုလယ်ယာစနစ်များ အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ရေး၊ သုတေသနလုပ်ငန်းများ...

လူသားချင်းစာနာမှုအကူအညီများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်ရန် MOFA ပြည်ထောင်စုဝန်ကြီး တိုက်တွန်း

မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် စဉ်ဆက်မပြတ် နီးကပ်စွာပူးပေါင်းဆောင်ရွက်ရန်နှင့် အကူအညီလိုအပ်နေသူများထံ ထိရောက်စွာရောက်ရှိစေရေးအတွက် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အပြုသဘောဆောင်ပြီး နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်မှုမရှိသည့် ကြားနေမူဝါဒဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေက တိုက်တွန်းပြောကြားခဲ့သည်။ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူး/လူသားချင်းစာနာမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂအေဂျင်စီများမှ ကိုယ်စားလှယ်များအား ဇွန် ၂၆ ရက်က လက်ခံတွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် လူသားချင်းစာနာမှုအကူအညီများကို အမှန်တကယ်လိုအပ်သူများထံ ခွဲခြားမှုမရှိ ဖြန့်ဝေပေးနိုင်ရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး ကုလသမဂ္ဂအေဂျင်စီများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071