အာရှ ယူ-၁၇ ခြေစစ်ပွဲစဉ်တွင် ညာခြေကျင်းဝတ် ဒ-ဏ်ရာရခဲ့သည့် ကွင်းလယ်လူ လင်းရောင်၏ ဒ-ဏ်ရာအခြေအနေမှာ သက်သာကောင်းမွန်လာပြီဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဆေးဘက်ဆိုင်ရာဌာနက အသိပေးထားသည်။
လင်းရောင်သည် အာရှယူ၁၇ ခြေစစ်ပွဲ အဆုံးအဖြတ်ပွဲစဉ်အတွင်း ဆီးရီယားအသင်းဖြင့် ယှဉ်ပြိုင်ကစားစဉ် ပြိုင် ဘက်၏ ဖြတ်ထုတ်မှုကတဆင့် ဒ-ဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် လင်းရောင်၏ ညာခြေကျင်းဝတ် ဒ-ဏ်ရာကို တစ်လခန့် အနားယူ၍ physio treatment နှင့် Physical strengthening လုပ်ရမည်ဖြစ်ကြောင်းနှင့် အရိုးအား ထိခိုက်ခြင်းမရှိဘဲ အရွတ်ကိုသာ ထိခိုက်ခြင်းဖြစ်ကြောင်း အသိပေးထားသည်။
လက်ရှိအချိန်တွင် လင်းရောင်သည် သထုံမြို့ရှိ မိသားစုနေအိမ်သို့ ပြန်လည်ထွက်ခွာ၍ အနားယူမည်ဖြစ်သည်ဟု ဆိုသည်။
