Monday, August 3, 2026

လေးမျက်နှာမြို့နယ် ရေကြီးရေလျှံမှုတွင် စပါးခင်းများရေနစ်မြုတ်နေသော်လည်း ဧရာဝတီတိုင်း၏...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ ငဝန်ရေကာတာ တာဘောင်ကျိုး၍ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာတွင် မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧက(၃)သောင်းကျော်အနက် အချို့ မိုးစပါးစိုက်ဧက(၁)သောင်းကျော်၏ စပါးပင်များရေနစ်မြုတ်နေလျက်ရှိကြောင်း သိရသည်။ ထိုသို့ လေးမျက်နှာမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧကများမှ...

သဘာဝပတ်ဝန်းကျင်အရေးနှင့် အာကာသခရီးသွားလုပ်ငန်းတို့အပေါ် ဆွေးနွေးလိုသည့်လူငယ်များအတွက် MASES...

ရန်ကုန်၊ ဩဂုတ် ၃ မြန်မာနိုင်ငံ နက္ခတ္တဗေဒနှင့် သိပ္ပံဝါသနာရှင်များအဖွဲ့ (Myanmar Astronomy & Science Enthusiasts Society - MASES)...

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)...

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude de Baqque က...

International Youth Day 2026...

ရန်ကုန်၊ ဩဂုတ် ၃ International Youth Day 2026 အထိမ်းအမှတ်အဖြစ် လူငယ်များ၏ ဖန်တီးနိုင်စွမ်းကို ဖော်ထုတ်ပြသရန်နှင့် လူငယ်ထုကြား အမှန်တကယ် လိုအပ်နေသည့်...
HomeMoviesအာရှသိပ္ပံစခန်းချနေထိုင်ခြင်း အစီအစဉ် (Asian...

အာရှသိပ္ပံစခန်းချနေထိုင်ခြင်း အစီအစဉ် (Asian Science Camp 2026) သို့ မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူ ၅ ဦး တက်ရောက်ခွင့်ရရှိ

ရန်ကုန်၊ ဩဂုတ် ၃

တရုတ်နိုင်ငံ၊ ဟောင်ကောင်တက္ကသိုလ်၌ ဩဂုတ် ၂ ရက်မှ ၈ ရက်အထိ ကျင်းပမည့် (၁၆) ကြိမ်မြောက် အာရှသိပ္ပံစခန်းချနေထိုင်ခြင်း အစီအစဉ် (Asian Science Camp 2026) သို့ မြန်မာနိုင်ငံမှ ကျောင်းသား ၂ ဦးနှင့် ကျောင်းသူ ၃ ဦး၊ စုစုပေါင်း ၅ ဦး တက်ရောက်ခွင့် ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အာရှသိပ္ပံစခန်းချနေထိုင်ခြင်း အစီအစဉ်ကို ၂၀၀၇ ခုနှစ်မှ စတင်၍ ဂျပန်၊ အိန္ဒိယ၊ ကိုရီးယား၊ အစ္စရေး၊ စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် တရုတ် အပါအဝင် အာရှတိုက်အတွင်းရှိ နိုင်ငံများ၌ နှစ်စဉ် အလှည့်ကျ ကျင်းပခဲ့ခြင်းဖြစ်သည်။

ယင်းအစီအစဉ်တွင် အာရှတိုက်မှ နိုဘယ်ဆုရ သိပ္ပံပညာရှင်များ ကိုယ်တိုင် ပါဝင်တက်ရောက်၍ ကျောင်းသား၊ ကျောင်းသူ လူငယ်များနှင့်အတူ စခန်းချနေထိုင်ကာ သိပ္ပံပညာရပ်ဆိုင်ရာ ဟောပြောပွဲများ၊ လေ့လာရေးခရီးစဉ်များနှင့် ပြိုင်ပွဲများကို ထည့်သွင်းကျင်းပလေ့ရှိပြီး နှစ်စဉ် အာရှတိုက်မှ လူငယ် ၃၀၀ ခန့် ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လေးမျက်နှာမြို့နယ် ရေကြီးရေလျှံမှုတွင် စပါးခင်းများရေနစ်မြုတ်နေသော်လည်း ဧရာဝတီတိုင်း၏ ဆန်ဖူလုံမှုအတွက် စိုးရိမ်စရာမရှိ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ ငဝန်ရေကာတာ တာဘောင်ကျိုး၍ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာတွင် မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧက(၃)သောင်းကျော်အနက် အချို့ မိုးစပါးစိုက်ဧက(၁)သောင်းကျော်၏ စပါးပင်များရေနစ်မြုတ်နေလျက်ရှိကြောင်း သိရသည်။ ထိုသို့ လေးမျက်နှာမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧကများမှ စပါးပင်များရေနစ်မြုတ်နေသော်လည်း ဧရာဝတီတိုင်း၏ ဆန်ဖူလုံမှုသည်(၄၇၃)ရာခိုင်နှုန်းကျော်ရှိနေ၍ ဆန်ဖူလုံမှုအတွက်စိုးရိမ်ပူပန်စရာမရှိဟု တိုင်းအစိုး ရအဖွဲ့ကအသိပေးထားကြောင်း သိရသည်။ ထို့ပြင် စပါးပင်များသည် ရေနစ်မြုပ်မှုအား(၁၄)ရက်ခန်ခံနိုင်ရည်ရှိရာ လက်ရှိကာအတွင်း ရေပြန်လည်ကျဆင်းသွားပါက စပါးပင်များထိခိုက်မှုမရှိနိုင်ကြောင်း တိုင်းအစိုးရအဖွဲ့ကအသိပေးခဲ့ကြောင်း သိရသည်။ ဧရာဝတီတိုင်း၌ မိုးစပါးအားစိုက်ဧက(၃ ဒသမ ၇)သန်းတွင်စိုက်ပျိုးထား၍ လေးမျက်နှာမြို့နယ်၏ မိုးစပါးစိုက်ဧကများအတွင်းရေနစ်မြုပ်မှုသည် တိုင်းစပါးစိုက်ဧက၏(၀ ဒသမ ၃၁)ရာခိုင်နှုန်းသာရှိရာ မိုးစပါးစိုက်ပျိုးမှုအပေါ် ကြီးမားသည့်ထိခိုက်မှုမရှိနိုင်ဟု တိုင်းအစိုးရအဖွဲ့ကအသိပေးခဲ့ကြောင်း သိရသည်။

သဘာဝပတ်ဝန်းကျင်အရေးနှင့် အာကာသခရီးသွားလုပ်ငန်းတို့အပေါ် ဆွေးနွေးလိုသည့်လူငယ်များအတွက် MASES မှ သုံးရက်ကြာ သင်တန်းပြုလုပ်မည်

ရန်ကုန်၊ ဩဂုတ် ၃ မြန်မာနိုင်ငံ နက္ခတ္တဗေဒနှင့် သိပ္ပံဝါသနာရှင်များအဖွဲ့ (Myanmar Astronomy & Science Enthusiasts Society - MASES) က သဘာဝပတ်ဝန်းကျင်အရေး၊ အလင်းညစ်ညမ်းမှု (Light Pollution) နှင့် အာကာသခရီးသွားလုပ်ငန်း (Astrotourism) တို့အပေါ် ကျိုးကြောင်းခိုင်လုံစွာ ဆွေးနွေးလိုသည့် စိတ်အားထက်သန်သော လူငယ်များအတွက် သုံးရက်ကြာ အခမဲ့သင်တန်း ပြုလုပ်မည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။ အဆိုပါ သင်တန်းတွင် အလင်းညစ်ညမ်းမှုနှင့် ဂေဟစနစ် ထိခိုက်မှုများ၏ အခြေခံသဘောတရားများ၊ ရှုပ်ထွေးမှုများနှင့် လက်တွေ့အသုံးချမှုများကို Public...

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ လာရောက် တွေ့ဆုံ နေပြည်တော် ဩဂုတ် ၃

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude de Baqque က ယနေ့ နံနက်ပိုင်းတွင် လာရောက် တွေ့ဆုံခဲ့ပါသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071