Saturday, May 30, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံပြည်ပရေးရာဝန်ကြီးက လာရောက်ဂါရဝပြုတွေ့ဆုံ

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး H.E. Dr. Subrahmanyam Jaishankar က ယနေ့...

ဗုဒ္ဓဂါယာရှိ မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းတော်ကြီးကျောင်းမှ သံဃာတော်များကို နိုင်ငံတော်သမ္မတ...

အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ ဗုဒ္ဓဂါယာသို့ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ယနေ့ မေ ၃၀ ရက်နံနက်ပိုင်းက ဗုဒ္ဓဂါယာရှိ မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းကြီးကျောင်းသို့သွားရောက်ခဲ့သည်။ ထိုသို့ သွားရောက်ပြီးနောက် မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းကြီးကျောင်းရှိ...

ဗုဒ္ဓဘာသာဝင်များအထွတ်အမြတ်ထားသည့် ဗုဒ္ဓဂါယာရှိ မဟာဗောဓီစေတီတော်ကို နိုင်ငံတော်သမ္မတ...

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၃၁ ရက်နံနက်ပိုင်းက ဗုဒ္ဓဘာသာဝင်များအထွတ်အမြတ်ထားသည့် ဗုဒ္ဓဂါယာယဥ်ကျေးမှုနယ်မြေရှိ မဟာဗောဓိစေတီတော်ကိုဖူးမြှော်ကြည်ညိုပြီး ရုပ်ပွားတော်မြတ်ကြီးအား ဆွမ်း၊...

မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ပထမဆုံး နိုင်ငံခြားခရီးစဉ်...

နိုင်ငံတကာအဆင့် ဩဇာအာဏာနှင့်သံတမန်ရေးရာ ဗျူဟာများပါဝင်နေမည့် မြန်မာ -အိန္ဒိယ "မဟာဗျူဟာမြောက် တွေ့ဆုံမှုကြီး" အတွက် မြန်မာနိုင်ငံတော် သမ္မတ ဦးဆောင်သော အဖွဲ့သည် ဒေလီမြို့သို့...
HomeNewsLocal Newsအာရှဖလား ခြေစစ်ပွဲ လက်‌ရွေးစင်...

အာရှဖလား ခြေစစ်ပွဲ လက်‌ရွေးစင် မြန်မာအမျိုးသားအသင်း၏ ပဏာမလူစာရင်းများ ထုတ်ပြန်

၂၀၂၇ အာရှဖလားခြေစစ်ပွဲ အုပ်စုတွင်း လက်ကျန်နှစ်ပွဲ ယှ ဉ်ပြိုင်ကစားကြမည့် မြန်မာ့လက်ရွေးစင်အမျိုးသားအသင်း ၏ ပဏာမကစားသမား (၂၈) ဦး၏ စာရင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

မတ်လ(၂၆)ရက်တွင် အိမ်ရှင်မြန်မာ့လက်ရွေးစင်အသင်းနှင့် အာဖဂန်နစ္စတန်တို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သလို မတ်လ (၃၁) ရက်တွင် ပါကစ္စတန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ပဏာမလက်ရွေးစင်စာရင်းအရ ဂိုးသမားများအဖြစ် ဆန်းဆက်နိုင်၊ နေလင်းထက်၊ ဇင်ညီညီအောင်နှင့် နောက်တန်း တွင် ဟိန်းဖြိုးဝင်း၊ အောင်၀ဏ္ဏစိုး၊ ဇွဲခန့်မင်း၊ ဟိန်းဇေယျာလင်း၊ မြတ်ဘုန်းခန့်၊ စိုးမိုးကျော်၊ သူရိန်စိုး၊ နန္ဒကျော်တို့ဖြစ်သည်။

အလယ်တန်းတွင် ဝေလင်းအောင်၊ အောင်မျိုးခန့်၊ ဇော်ဝင်းသိန်း၊ မင်းမော်ဦး၊ လွင်မိုးအောင်၊ ကျော်မင်းဦး၊ ရဲရင့်ဖြိုး၊ မြတ်ကောင်းခန့်၊ ဟိန်းထက်အောင်၊ ခွန်ကျော်ဇင်ဟိန်း၊ ရဲရ င့်အောင်၊ လှဘုန်းဦးနှင့် ရှေ့တန်းတွင် စအောင်ပြည့်ကို၊ ဝင်းနိုင်ထွန်း၊ သန်းတိုးအောင်၊ သန်းပိုင်၊ ပြည်မိုးတို့ပါဝင်လာသ ည်။

မြန်မာအသင်းအနေဖြင့် အာရှဖလားခြေစစ်ပွဲ အုပ်စုပွဲစဉ် (၄)ပွဲကစားအပြီး ရမှတ် (၆) မှတ်ဖြင့် အုပ်စု ဒုတိယနေရာ၌ ရပ်တည်နေပြီး ဆီးရီးယားအသင်းက ရမှတ် (၁၅) မှတ်ဖြင့် ထိပ်ဆုံးတွင်ရပ်တည်နေသည်။

အာရှဖလားခြေစစ်ပွဲတွင် အုပ်စုပထမတစ်သင်းသာ တက်ရောက်ရမည်ဖြစ်ခြင်းကြောင့် မြန်မာအသင်းအနေဖြင့်အုပ်စုအဆင့်ဖြင့်သာကျေနပ်ခဲ့ရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံပြည်ပရေးရာဝန်ကြီးက လာရောက်ဂါရဝပြုတွေ့ဆုံ

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး H.E. Dr. Subrahmanyam Jaishankar က ယနေ့ မေ ၃၀ ရက်တွင် လာရောက် ဂါရဝပြုတွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံပြီးနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးတို့ သည် နှစ်နိုင်ငံအကျိုးအတွက် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။

ဗုဒ္ဓဂါယာရှိ မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းတော်ကြီးကျောင်းမှ သံဃာတော်များကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဖူးမြှော်

အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ ဗုဒ္ဓဂါယာသို့ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ယနေ့ မေ ၃၀ ရက်နံနက်ပိုင်းက ဗုဒ္ဓဂါယာရှိ မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းကြီးကျောင်းသို့သွားရောက်ခဲ့သည်။ ထိုသို့ သွားရောက်ပြီးနောက် မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းကြီးကျောင်းရှိ ဆရာတော်၊ သံဃာများအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ထို့ပြင် နိုင်ငံတော်သမ္မတသည် မြတ်စွာဘုရားရှင်၏ ဘဝအလှည့်အပြောင်းနှင့် ဆက်နွယ်သည့် သာသနာရေးဆိုင်ရာအထိမ်းအမှတ်နေရာဖြစ်သော သုဇာတာကျောင်းတော်နှင့် သုဇာတာအိမ်နေရာစေတီကုန်းတို့ကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။ သုဇာတာကျောင်းတော်သည် အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ ဗုဒ္ဓဂါယာအနီး ဆေနာနိဂမ်ကျေးရွာအနီးတွင်တည်ရှိကာ မြတ်စွာဘုရားရှင်၏ သာသနာရေးသမိုင်းနှင့်ဆက်နွယ်သော အရေးပါသည့်ဘုရားဖူးနေရာတစ်ခုဖြစ်သည်။ မြတ်စွာဘုရားရှင်သည် သမ္မာသမ္ဗောဓိဉာဏ်တော်မရရှိမှီ အလွန်ပြင်းထန်သော တရားကျင့်စဉ်ကာလအတွင်း ခန္ဓာကိုယ်အားနည်းနေစဉ် သုဇာတာအမည်ရှိ...

ဗုဒ္ဓဘာသာဝင်များအထွတ်အမြတ်ထားသည့် ဗုဒ္ဓဂါယာရှိ မဟာဗောဓီစေတီတော်ကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဖူးမြှော်ကြည်ညို

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၃၁ ရက်နံနက်ပိုင်းက ဗုဒ္ဓဘာသာဝင်များအထွတ်အမြတ်ထားသည့် ဗုဒ္ဓဂါယာယဥ်ကျေးမှုနယ်မြေရှိ မဟာဗောဓိစေတီတော်ကိုဖူးမြှော်ကြည်ညိုပြီး ရုပ်ပွားတော်မြတ်ကြီးအား ဆွမ်း၊ ရေချမ်းနှင့် ပန်းဆပ်ကပ်လှူဒါန်းခဲ့သည်။ နားနေဆောင်၌ အလှူငွေများလှူဒါန်းပြီး ဗုဒ္ဓဂါယာယဥ်ကျေးမှုနယ်မြေအတွင်း လှည့်လည်ဖူးမြော်ကြည်ညိုခဲ့သည်။ ဗုဒ္ဓဂါယာသို့ နိုင်ငံ့ခေါင်းဆောင်များသွားရောက်ဖူးမြော်ခြင်းသည် ဘာသာရေးဆိုင်ရာအရေးပါမှုအပြင် မြန် မာ-အိန္ဒိယ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ယဉ်ကျေးမှုဆက်ဆံရေးမြှင့်တင်ရေးအတွက်လည်း အထူးအဓိပ္ပာယ်ရှိသည်။ ဗုဒ္ဓဂါယာသည် အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်တွင်ရှိပြီး ဂေါတမဗုဒ္ဓသည် ဗောဓိပင်အောက်တွင် သမ္မာသမ္ဗောဓိဉာဏ်တော်ရရှိခဲ့၍ ဗုဒ္ဓဘာသာဝင်များ၏ အထွတ်အ မြတ်ထားရာသမိုင်းဝင်ဘုရားဖူးဒေသဖြစ်ကာ မဟာဗောဓိစေတီတော်နှင့် ဗောဓိပင်တော်တို့သည် ကမ္ဘာတစ်ဝန်းရှိ ဗုဒ္ဓဘာသာဝင်များ၏ယုံကြည်ကိုးကွယ်ရာ အ ထင်ကရနေရာများဖြစ်ပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071