Friday, July 3, 2026

လာအိုနိုင်ငံသမ္မတနှင့် ဇနီးတို့က နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်...

လာအိုနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့အား လာအိုနိုင်ငံသမ္မတ မစ္စတာ သောင်လွန် ဆီဆိုလစ်နှင့် ဇနီးတို့က နိုင်ငံတော်သမ္မတအိမ်တော်၌ နိုင်ငံတော်ဂုဏ်ပြုညစာစားပွဲဖြင့်...

လာအို၏ အနုပညာ၊ သမိုင်းနှင့် သဘာဝပတ်ဝန်းကျင်...

လာအိုနိုင်ငံ၏ ကြွယ်ဝလှသော ယဉ်ကျေးမှုအမွေအနှစ်များ၊ အနုပညာလက်ရာများနှင့် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲရေး စိတ်ကူးစိတ်သန်းများကို အကောင်းဆုံး ပေါင်းစပ်ပြီး နောင်လာနောက်သားများ ဂုဏ်ယူနိုင်စေရန် တည်ထောင်ထားသည့် အမျိုးသားအဆင့်...

မြန်မာ-လာအို အာကာသနည်းပညာ၊ ခရီးသွားလုပ်ငန်းနှင့် ညီအစ်မမြို့တော်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် လာအိုနိုင်ငံသမ္မတ မစ္စတာ သောင်လွန် ဆီဆိုလစ်တို့သည် ယနေ့ ဇူလိုင် ၃ ရက် နံနက်ပိုင်းတွင် ဗီယင်ကျန်းမြို့ရှိ လာအိုနိုင်ငံသမ္မတအိမ်တော်၌...

ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိလာသော မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့အား...

လာအိုနိုင်ငံသမ္မတ မစ္စတာ သောင်လွန် ဆီဆိုလစ်၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့အား ဝပ်တိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်၌...
HomeNewsLocal Newsအာရှချန်ပီယံလိဂ် အမျိုးသမီးပြိုင်ပွဲ ပဏာမခြေစစ်ပွဲ...

အာရှချန်ပီယံလိဂ် အမျိုးသမီးပြိုင်ပွဲ ပဏာမခြေစစ်ပွဲ မဲခွဲရလဒ်ထွက်ပေါ်၊ ဧရာဝတီအသင်း အုပ်စု (F) တွင် ကျရောက်

၂၀၂၆-၂၀၂၇ ရာသီ AFC Women’s Champions League (AWCL) ပဏာမခြေစစ်ပွဲအတွက် မဲခွဲပွဲကို ယနေ့ ဇူလိုင် ၂ ရက်တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ AFC ရုံးချုပ်၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံကိုယ်စားပြု ဧရာဝတီအမျိုးသမီးအသင်းသည် အုပ်စု (F) တွင် ကျရောက်ခဲ့ကြောင်း သိရသည်။

ဧရာဝတီအမျိုးသမီးအသင်းသည် ပဏာမခြေစစ်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိထားပြီး မဲခွဲရလဒ်အရ တရုတ်တိုင်ပေကလပ် New Taipei City Hang Yuan FC၊ စင်ကာပူကလပ် FC Jurong နှင့်လက်ဘနွန်ကလပ် No Limits FC တို့နှင့် တစ်အုပ်စုတည်း ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ပဏာမခြေစစ်ပွဲစဉ်များကို သြဂုတ် ၁၇ ရက်မှ ၂၃ ရက်အထိ မြန်မာနိုင်ငံအပါအဝင် သတ်မှတ်ထားသည့် အိမ်ရှင်နိုင်ငံများတွင် Centralized Round-robin စနစ်ဖြင့် ကျင်းပသွားမည်ဖြစ်သည်။

ပြိုင်ပွဲစည်းမျဉ်းအရ ပဏာမခြေစစ်ပွဲ အုပ်စု ၆ စုမှ အုပ်စုပထမ ရရှိသည့် အသင်း ၆ သင်းသာ လိဂ်အဆင့် (League Stage) သို့ တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။

ယခုနှစ် AFC Women’s Champions League ပြိုင်ပွဲတွင် AFC အဖွဲ့ဝင်နိုင်ငံ ၂၉ နိုင်ငံမှ ကလပ်အသင်း ၃၀ အထိ စံချိန်တင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး သမိုင်းဝင်ပြိုင်ပွဲတစ်ရပ်အဖြစ် မှတ်တမ်းဝင်လာမည်ဖြစ်သည်။

အဆင့်သတ်မှတ်ချက်များအရ လက်ရှိချန်ပီယံ နာဂိုယန်း (မြောက်ကိုရီးယား)၊ မဲလ်ဘုန်းစီးတီး (သြစတြေးလျ)၊ ဟွာချွန်း KSPO (တောင်ကိုရီးယား)၊ အိုင်နက်ခ် ကိုဘီလီယွန်နက်ဆာ (ဂျပန်)၊ ပေကျင်းဂျင်းတန် (တရုတ်)နှင့် ဟိုချီမင်းစီးတီး (ဗီယက်နမ်) တို့မှာ လိဂ်အဆင့်သို့ တို-က်ရို-က်တက်ရောက်ခွင့်ရရှိထားပြီး ကျန်အသင်း ၂၄ သင်းမှာ ပဏာမခြေစစ်ပွဲကို ဖြတ်ကျော်ရမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လာအိုနိုင်ငံသမ္မတနှင့် ဇနီးတို့က နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့အား နိုင်ငံတော်ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ

လာအိုနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့အား လာအိုနိုင်ငံသမ္မတ မစ္စတာ သောင်လွန် ဆီဆိုလစ်နှင့် ဇနီးတို့က နိုင်ငံတော်သမ္မတအိမ်တော်၌ နိုင်ငံတော်ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ ညစာစားပွဲတွင် နိုင်ငံတော်သမ္မတက ဂုဏ်ပြုမိန့်ခွန်းပြောကြားခဲ့ပြီး ယဉ်ကျေးမှုအကအဖွဲ့၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးကာ ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

လာအို၏ အနုပညာ၊ သမိုင်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို တစ်နေရာတည်းတွင် မြင်ရသည့်ယဉ်ကျေးမှုပြတိုက်သို့ မြန်မာနိုင်ငံတော်သမ္မတ၏ဇနီး ဒေါ်ကြူကြူလှ သွားရောက်

လာအိုနိုင်ငံ၏ ကြွယ်ဝလှသော ယဉ်ကျေးမှုအမွေအနှစ်များ၊ အနုပညာလက်ရာများနှင့် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲရေး စိတ်ကူးစိတ်သန်းများကို အကောင်းဆုံး ပေါင်းစပ်ပြီး နောင်လာနောက်သားများ ဂုဏ်ယူနိုင်စေရန် တည်ထောင်ထားသည့် အမျိုးသားအဆင့် ယဉ်ကျေးမှု ပြတိုက်ကြီးတစ်ခု ရှိနေပါသည်။ လာအိုသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် မြန်မာနိုင်ငံတော်သမ္မတ၏ ဇနီး ဒေါ်ကြူကြူလှက အဆိုပါပြတိုက်သို့ ယနေ့မွန်းလွဲပိုင်းက သွားရောက်လေ့လာခဲ့သည်။ ဤပြတိုက်ကြီးသည် ပုဂ္ဂလိကပိုင် ဖြစ်သော်လည်း အလွန်ကြီးမားကျယ်ဝန်းပြီး ရင်သပ်ရှုမောဖွယ် အနုပညာလက်ရာပေါင်းများစွာဖြင့် ဆင်ယင်မွမ်းမံထားသည်။ ပြတိုက်ပိုင်ရှင်သူဌေးသည် အမေရိကန်ဒေါ်လာ ၁၅ သန်းအထိ ချေးငွေရယူကာ ဤဧရာမပြတိုက်ကြီးကို ခမ်းနားထည်ဝါစွာ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့်...

မြန်မာ-လာအို အာကာသနည်းပညာ၊ ခရီးသွားလုပ်ငန်းနှင့် ညီအစ်မမြို့တော် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာများ ရေးထိုးခဲ့

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် လာအိုနိုင်ငံသမ္မတ မစ္စတာ သောင်လွန် ဆီဆိုလစ်တို့သည် ယနေ့ ဇူလိုင် ၃ ရက် နံနက်ပိုင်းတွင် ဗီယင်ကျန်းမြို့ရှိ လာအိုနိုင်ငံသမ္မတအိမ်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် သမ္မတနှစ်ဦး၏ ရှေ့မှောက်တွင် မြန်မာနှင့် လာအို နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) များကို လဲလှယ်ခဲ့ကြသည်။ အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံအစိုးရဘက်မှ ပြည်ထောင်စုဝန်ကြီး (၂) ဦးနှင့် လာအိုနိုင်ငံအစိုးရဘက်မှ သက်ဆိုင်ရာတာဝန်ရှိသူများက ခရီးသွားလုပ်ငန်းဆိုင်ရာ နားလည်မှုစာချွန်လွှာ (Tourism MoU) နှင့် ညီအစ်မမြို့တော် (Sister City)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071