Monday, June 23, 2025

ဆိုးလ်မှာအရပ်သားကို ကာကွယ်ရေးဝန်ကြီးအဖြစ်အမည်စာရင်းတင်

တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်သည် အငြိမ်းစားစစ်ဗိုလ်ချုပ်များကို ခန့်အပ်ခြင်း အစဉ်အလာကို ချိုးဖောက်၍ လွှတ်တော် သက်တမ်း ၅ ကြိမ်ရှိသော ဝါရင့် လစ်ဘရယ် အမတ်တစ်ဦးကို...

ထိုင်းမှာ တရားမဝင်ကူးပြောင်း ဝင်ရောက်သူမြန်မာ ၄၁...

      ထိုင်းနိုင်ငံတွင် တနင်္လာနေ့(ဇွန်လ၂၃)ရက်နေ့ အစောပိုင်းက မြန်မာအလုပ်သမားများကို တင်ဆောင်လာသည့် ပစ်ကပ်ထရပ်ကားတစ်စီးသည် ရဲလက်မှ ထွက်ပြေးရန် ကြိုးပမ်းရင်း ဗွက်နစ်ခဲ့သောကြောင့် တရားမဝင် မြန်မာအလုပ်သမား ၄၁...

တရုတ်သံရုံးမှဦးဆောင်၍ China Delegation အဖွဲ့...

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှဦးဆောင်၍ China Delegation အဖွဲ့သည် ဇွန် ၂၀ ရက်က ရန်ကုန်တိုင်း၊ သီလဝါစက်မှုဇုန်ရှိ Good Brothers (United...

ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်ခဲ့သည့် မြန်မာနိုင်...

ထိုင်းနိုင်ငံတောင်ပိုင်း၊ ကန်ချနာဘူရီပြည်နယ် ထောင်ဖာဖုန်ဒေသအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား(၄၁)ဦးကို ယနေ့ ဇွန်လ(၂၃) ရက်၌ ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးခဲ့ကြောင်း ထိုင်း- မြန်မာနယ်စပ်‌နေထိုင်သူ...
HomeNewsLocal Newsအာရှခေါင်းဆောင်များ ယူအက်စ်၏စည်းကြပ်ခွန်များ‌ကြောင့်စိုးရိမ်နေ

အာရှခေါင်းဆောင်များ ယူအက်စ်၏စည်းကြပ်ခွန်များ‌ကြောင့်စိုးရိမ်နေ

အာရှနိုင်ငံများမှ နိုင်ငံ‌ရေးခေါင်းဆောင်များနှင့် နိုင်ငံ‌တော် အကြီးအကဲဟောင်းများသည် အမေရိကန်အစိုးရ၏ အခွန်အကောက်မူဝါဒများအပေါ် စိုးရိမ်ပူပန်နေကြပြီး စိန်ခေါ်မှုများကိုကျော်လွှားရန်အတွက် အာရှနိုင်ငံများအကြား ပိုမိုစည်းလုံးညီညွတ်မှုရှိရန်တောင်းဆိုခဲ့ကြသည်ဟုသိရသည်။

မေလ ၂၉ ရက် နေ့မှ ၃၀ ရက် နေ့အထိ တိုကျို၌ ကျင်းပသည့် အကြိမ် ၃၀ မြောက် အာရှအနာဂတ်ဖိုရမ်တွင် စင်္ကာပူဒုတိယဝန်ကြီးချုပ်က လက်ရှိကမ္ဘာ့ကုန်သွယ်ရေးစနစ်သည် ခြိမ်းခြောက်ခံနေရကြောင်းလည်းသတိပေးခဲ့သည်။

အမေရိက၏အခွန်စည်းကြပ်မှုများကြောင့် ဖြစ်ပေါ်လာသည့် ကုန်သွယ်မှုပြဿနာများကိုဖြေရှင်းရာ၌ အာရှနိုင်ငံများအနေဖြင့် စည်းစည်းလုံးလုံး ရပ်တည်ကြရန်တိုက်တွန်းခဲ့ပြီး အာဆီယံနိုင်ငံများနှင့် ကုန်သွယ်မှုနှင့်စက်မှုလုပ်ငန်းဆိုင်ရာ ဘက်စုံတိုးတက်ရေးသဘောတူစာချုပ်တို့မှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှုချဲ့ထွင်ရန်လည်း အရေးကြီးကြောင်း၎င်းကပြောကြားခဲ့သည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်က ကုန်သွယ်ရေးစစ်ပွဲများသည် လွတ်လပ်ပွင့်လင်းသည့်နိုင်ငံစုံကုန်သွယ်မှုစနစ်ကိုထိခိုက်စေသဖြင့် အကောက်ခွန်ဆိုင်ရာ ဖိအားများနှင့်ရင်ဆိုင်နေရသော နိုင်ငံအချင်းချင်း စည်းလုံးညီညွတ်မှုရှိရန်တောင်းဆိုခဲ့သည်။

လာအိုသမ္မတကမူ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေးနှင့် အပြန်အလှန်လေးစားမှု၏ အရေးပါမှုကို အလေးပေးပြောကြားခဲ့ပြီး လာအိုအနေဖြင့်လည်း အမေရိကနှင့်ကုန်သွယ်မှုကို ကန့်သတ်ထားသော်လည်း အခွန်မြင့်မားမှုက ၎င်း၏စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုအပေါ် သက်ရောက်မှုရှိနေဆဲဖြစ်သည်ဟုဆိုခဲ့သည်။

ဗီယက်နမ်၏ပို့ကုန်နှင့် ရင်းနှီးမြှုပ်နှံမှုများအပေါ် အမေရိက၏စည်းကြပ်ခွန်သည် သိသိသာသာအကျိုးသက်ရောက်မှုရှိနေသည်ဟုလည်း ဗီယက်နမ်ဒုတိယဝန်ကြီးချုပ်ကပြောကြားခဲ့သည်။

မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမက်ကမူ အမေရိက၏အခွန်စည်းကြပ်မှုများကြောင့် အမေရိကန်၏စီးပွားရေးကိုပါထိခိုက်နိုင်ပြီး ပြည်တွင်း၌နေထိုင်မှုစရိတ်များ တက်လာနိုင်သည်ဟုဝေဖန်ခဲ့သည်။

နိကေးအင်ကော်ပိုရိတ်တက် ကနှစ်စဉ်ကျင်းပပြုလုပ်သည့် “အနာဂတ်အာရှ” ဖိုရမ်သည် ၁၉၉၅ ခုနှစ်၌ စတင်တည်ထောင်ခဲ့ပြီးကတည်းက ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကိုဆွေးနွေးရန်အတွက် အဓိကပလက်ဖောင်းတစ်ခုလည်းဖြစ်လာခဲ့သည်။

ယခုနှစ်ဖိုရမ်တွင်မူ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ဒေသတွင်းသာယာဝပြောရေးနှင့် စီးပွားရေးတိုးတက်မှုကို မည်ကဲ့သို့မြှင့်တင်နိုင်မည်ကိုအဓိကထားဆွေးနွေးခဲ့ကြသည်ဟုသိရသည်။

Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဆိုးလ်မှာအရပ်သားကို ကာကွယ်ရေးဝန်ကြီးအဖြစ်အမည်စာရင်းတင်

တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်သည် အငြိမ်းစားစစ်ဗိုလ်ချုပ်များကို ခန့်အပ်ခြင်း အစဉ်အလာကို ချိုးဖောက်၍ လွှတ်တော် သက်တမ်း ၅ ကြိမ်ရှိသော ဝါရင့် လစ်ဘရယ် အမတ်တစ်ဦးကို ကာကွယ်ရေးဝန်ကြီးအဖြစ် တနင်္လာနေ့တွင် အမည်စာရင်းတင်ခဲ့သည်။ ဖြုတ်ချခံလိုက်ရသော သမ္မတ ယွန်းဆွတ်ယိုးလ်လက်ထက် ပြီးခဲ့သည့်နှစ်က စစ်အုပ်ချုပ်ရေးဥပဒေပြန်ဌာန်းခဲ့မှုတွင် ၎င်းတို့ပါဝင်ပတ်သက်သော အခန်းကဏ္ဍအတွက် ကာကွယ်ရေးဝန်ကြီးဟောင်း ကင်ယွန်ဟွမ်းအပါအဝင် ထင်ရှားသော ကာကွယ်ရေးအရာရှိများစွာက ရာဇဝတ်မှုများကို ရင်ဆိုင်နေရချိန်တွင် ယခု ကြေညာချက်ထွက်လာခြင်းဖြစ်သည်။ သမ္မတရုံး၏ အဆိုအရ ဝါရင့် နိုင်ငံရေးသမားဖြစ်ပြီး လွှတ်တော်အမတ်အဖြစ် ငါးကြိမ်တာဝန်ထမ်းဆောင်ခဲ့သူ အန်ဂူဘက်ကို ကာကွယ်ရေးဝန်ကြီးရာထူးအတွက် အမည်စာရင်းတင်ခဲ့သည်ဟု ဆိုသည်။...

ထိုင်းမှာ တရားမဝင်ကူးပြောင်း ဝင်ရောက်သူမြန်မာ ၄၁ ဦး အဖ-မ်းခံရ  

      ထိုင်းနိုင်ငံတွင် တနင်္လာနေ့(ဇွန်လ၂၃)ရက်နေ့ အစောပိုင်းက မြန်မာအလုပ်သမားများကို တင်ဆောင်လာသည့် ပစ်ကပ်ထရပ်ကားတစ်စီးသည် ရဲလက်မှ ထွက်ပြေးရန် ကြိုးပမ်းရင်း ဗွက်နစ်ခဲ့သောကြောင့် တရားမဝင် မြန်မာအလုပ်သမား ၄၁ ဦး အဖ-မ်းခံလိုက်ရကြောင်း သိရသည်။      အီစူဇူး ပစ်ကပ်ကားသည် အမှတ် ၃၂၃ အဝေးပြေးလမ်းကြောင်းရှိ ထုန်ဖါဖွမ် ခရိုင်မှ အလုပ်သမားများကို ခေါ်သွင်းလာခြင်းဖြစ်သည်ဟု ကန်ချနာဘူရီပြည်နယ် အုပ်ချုပ်ရေးမှူး အာတီဆမ် အင်တာရာက ပြောဆိုသည်။        နံနက် ၃း၄၀ နာရီခန့်က ဝပ်တ်အူလေ-ာင်းမြို့အနီးတွင် ပစ်ကပ်ကားကို ကင်းလှည့်အဖွဲ့က တွေ့ရှိခဲ့ပြီးနောက် ယာဉ်မောင်းက ကားကိုမောင်းထွက်ပြေးခဲ့ရာ ရဲတပ်ဖွဲ့က နောက်မှထပ်ကြပ်မကွာ...

တရုတ်သံရုံးမှဦးဆောင်၍ China Delegation အဖွဲ့ သီလဝါစက်မှုဇုန်ရှိ Good Brothers(United Agri)တန် ၅၀၀ ကျဆန်စက်ကိုလေ့လာ

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှဦးဆောင်၍ China Delegation အဖွဲ့သည် ဇွန် ၂၀ ရက်က ရန်ကုန်တိုင်း၊ သီလဝါစက်မှုဇုန်ရှိ Good Brothers (United Agri) တန် ၅၀၀ ကျဆန်စက်ကို လေ့လာခဲ့ကြသည်။ ၎င်းတို့နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ၊ Good Brothers ကုမ္ပဏီမှတာဝန်ရှိသူများသည် ဆန်စပါးလုပ်ငန်းဆိုင်ရာအခြေအနေများ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ဆောင်ရွက်နိုင်ရေးအလားအလာများကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071