ကိုင်ရို၊ ဇွန် ၁၇
အာရပ်၊ အစ္စလာမ္မစ်နှင့်အာဖရိကနိုင်ငံပေါင်းနှစ်ဆယ့်တစ်နိုင်ငံက အီရန်ကိုအစ္စရေးက ပ-စ်ခ-တ်တို-က်ခို-က်မှုများကို အဆုံးသတ်ရေး၊ ကျယ်ကျယ်ပြန့်ပြန့် အပ-စ်အခ-တ်ရပ်စဲရေးနှင့်တည်ငြိမ်မှုပြန်လည်ရရှိရေးတို့ကို တောင်းဆိုသော ပူးတွဲကြေညာချက်ကို တနင်္လာနေ့မှာ ထုတ်ပြန်ခဲ့ပါသည်။
အီဂျစ်၊ ဆော်ဒီအာရေးဗျ၊ ကာတာ၊ ပါကစ္စတန်၊ တုကီယေး၊ ချပ်ဒ် နှင့် အခြားနိုင်ငံအချို့မှ နိုင်ငံခြားရေး ဝန်ကြီးများက အီရန်ကို အစ္စရေးက တို-က်ခို-က်မှု၏ အန္တရာယ်ကြီးမားလာသဖြင့် များစွာ စိုးရိမ်ကြောင်း ဖော်ပြခဲ့ပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ဆိုးရွားစွာ ထိခို-က်စေနိုင်ကြောင်း သောကြာနေ့က သတိပေးခဲ့သည်။
အစ္စရေးနိုင်ငံသည် နိုင်ငံတကာဥပဒေနှင့် ကုလသမဂ္ဂပဋိညာဉ်စာချုပ်ကို ချိုးဖေ-ာက်ခြင်းအတွက် ဝိုင်းဝန်းရှုတ်ချခဲ့ကြပြီး နိုင်ငံတော်၏အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို လေးစားလိုက်နာရန်၊ အိမ်နီးချင်းကောင်းပီသမှုကို ထိန်းသိမ်းရန်နှင့် အငြင်းပွားမှုများကို ငြိမ်းချမ်းစွာဖြေရှင်းရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။
နျူကလီးယား လက်နက်နှင့် အခြားသော အစုလိုက်အပြုံလိုက်ေ-သစေတတ်သော လက်နက်ကင်းစင်သော အရှေ့အလယ်ပိုင်းဇုန်ကို ထူထောင်ရန် အရေးတကြီး လိုအပ်မှုကို အလေးပေးပြောကြားခဲ့ပြီး ဒေသအတွင်းရှိ နိုင်ငံအားလုံးကို နျူကလီးယားလက်နက် မပြန့်ပွားရေး သဘောတူစာချုပ်တွင် ဝင်ရောက်ပါဝင်ရန် ဖိတ်ခေါ်ခဲ့သည်။ ထို့အပြင် အီရန်၏ နျူကလီးယား အစီအစဉ်ဆိုင်ရာ ရေရှည်တည်တံ့သော သဘောတူညီချက်ကို ရရှိရန်တစ်ခုတည်းသော နည်းလမ်းအဖြစ် စေ့စပ်ညှိနှိုင်းရေးသို့ ပြန်လည်စတင်ရန် ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။
သောကြာနေ့ အစောပိုင်းကတည်းက အစ္စရေးသည် အီရန်နိုင်ငံတစ်ဝန်း တေရန်နှင့် အခြားနေရာများကို လေကြောင်းမှ တို-က်ခို-က်မှုများ ပြုလုပ်ခဲ့ပြီး အီရန်နိုင်ငံမှ ထိပ်တန်းစစ်ဘက်တပ်မှူးများ၊ နျူကလီးယားသိပ္ပံပညာရှင်များနှင့် အရပ်သားအများအပြား ေ-သဆုံးခဲ့သည်။ တုံ့ပြန်သည့်အနေဖြင့် အီရန်သည် အစ္စရေးရှိ ပစ်မှတ်များကို ဒုံးကျည်နှင့် ဒရုန်းများဖြင့် ဆက်တိုက် တို-က်ခို-က်ခဲ့ပြီး အေ-သအပျေ-ာက်နှင့် ပျ-က်စီးဆုံးရှုံးမှုများ အများအပြားဖြစ်ပေါ်စေခဲ့သည်။
Ref: ရှင်းဟွာ