နယ်စပ်ဖြ-တ်ကျော် တို-က်ပွဲဖြစ်ပွားမှုတွင် အာဖဂန်တို-က်ခို-က်ရေးသမား ၂၀၀ ကျော်ကို သ-တ်ဖြ-တ်နိုင်ခဲ့သည်ဟု ပါကစ္စတန်စစ်တပ်က ပြောဆိုလိုက်သကဲ့သို့ အာဖဂန်နစ္စတန်ဘက်ကလည်း ပါကစ္စတန်စစ်သား ၅၈ ဦးကို သ-တ်ဖြ-တ်နိုင်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။
ပါကစ္စတန်စစ်သား ၃၀ ခန့် ဒ-ဏ်ရာရရှိသွားခဲ့သကဲ့သို့ ပါကစ္စတန်၏ လက်နက်အမြောက်အများကို အာဖဂန်တို့ သိမ်းဆည်းရရှိခဲ့သည်ဟု အာဖဂန်နစ္စတန်၏ တာလီဘန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ်က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
မူဂျာဟစ်က ပါကစ္စတန်ဘက်က သတင်းထုတ်ပြန်ချက်ကို တုန့်ပြန်စိန်ခေါ်ခဲ့ပြီး ညပိုင်းစစ်ဆင်ရေးအတွင်း တာလီဘန်စစ်သား ကိုးဦး ေ-သဆုံးခဲ့ကြောင်းနှင့် တစ်ဒါဇင်နီးပါးဒ-ဏ်ရာရသွားခဲ့ကြောင်း ဆက်လက်ပြောဆိုခဲ့သည်။
အခြားတစ်ဖက်တွင် တို-က်ပွဲအတွင်း ရဲရင့်သော သားကောင်းစစ်သည် ၂၃ ဦး ကျဆုံးခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က ပြောကြားခဲ့ပြီး အာဖဂန်နစ္စတန်နှင့် နယ်စပ်ကို ပိတ်လိုက်ပြီဖြစ်ကြောင်း ပါကစ္စတန်တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ပါကစ္စတန်၏ လက်ချက်ဟု တာလီဘန်က စွပ်စွဲခဲ့သော ကြာသပတေးနေ့က အာဖဂန်နစ္စတန်နိုင်ငံအတွင်း ပေါက်ကွဲမှုများဖြစ်ခဲ့အပြီးတွင် နယ်စပ်တို-က်ခို-က်မှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။
ပါကစ္စတန်နိုင်ငံအတွင်း တို-က်ခို-က်မှုများလုပ်ဆောင်ခဲ့သည့် လက်နက်ကိုင်အုပ်စုများကို အာဖဂန်နစ္စတန်က လက်သင့်ခံထားသည်ဟူသော အစ္စလာမ်မာဘတ်၏ စွပ်စွဲချက်များကြောင့် လနှင့်ချီ၍ တင်းမာနေသော နှစ်နိုင်ငံဆက်ဆံရေး အရှိန်မြင့်လာချိန်တွင် ယခုတို-က်ခို-က်မှုများ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
Ref: အယ်လ်ဂျာဇီးယား
