Monday, August 31, 2026

နီပေါရေဘေးတွင် အမည်မဖော်ထုတ်နိုင်သေးသည့် သေဆုံးသူများကို စတင်မြှုပ်နှံ

ခတ္တမန္ဒူ နီပေါနိုင်ငံ ဟိမဝန္တာဒေသတွင် ဖြစ်ပွားခဲ့သည့် ပြင်းထန်သော ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများအနက် မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်သေးသူများကို ချစ်ဝမ်ခရိုင်ရှိ သတ်မှတ်နေရာများတွင် အာဏာပိုင်များက စတင်မြှုပ်နှံလျက်ရှိကြောင်း...

မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးအသစ် ခန့်အပ်၊ စစ်ဘက်ခေါင်းဆောင်ပိုင်း...

ပြုံယမ်း၊ ဩဂုတ် ၃၁ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်သည် နိုင်ငံ၏ အကြီးတန်းစစ်ဘက်ခေါင်းဆောင်ပိုင်းကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ကင်ဆောင်ဂီ (Kim Song Gi) ကို ကာကွယ်ရေးဝန်ကြီးအသစ်အဖြစ်...

လူနေမှုစရိတ်သက်သာရေးနှင့် ပြည်တွင်းစီးပွားရေးပံ့ပိုးမည့် အစီအမံသစ်များ မလေးရှားဝန်ကြီးချုပ်...

ကွာလာလမ်ပူ၊ ဩဂုတ် ၃၁ မလေးရှားနိုင်ငံတွင် လူနေမှုစရိတ်မြင့်တက်မှုကို သက်သာစေရန် လေ-ာင်စာဆီဝယ်ယူခွဲတမ်း တိုးမြှင့်ပေးခြင်း၊ ကျောင်းများနှင့် အသေးစားစီးပွားရေးလုပ်ငန်းများအတွက် ရန်ပုံငွေတိုးမြှင့်ခြင်းတို့အပါအဝင် ပြည်တွင်းစီးပွားရေးကို ပံ့ပိုးမည့် အစီအမံသစ်များကို...

ဟိမဝန္တာဒေသ မြေပြိုမှုအပြီး နိုင်ငံ ၂၃...

ပေကျင်း ဟိမဝန္တာဒေသတစ်လျှောက် ဖြစ်ပွားခဲ့သည့် ရေခဲမြစ်ပြိုကျမှုနှင့် မြေပြိုမှုများအပြီး နီပေါ-တရုတ် နယ်စပ်၏ တိဘက်ဘက်ခြမ်းတွင် နိုင်ငံပေါင်း ၂၃ နိုင်ငံမှ နိုင်ငံခြားသား ၂၆၁ ဦး...
HomeInternationalအာတိတ်ဒေသရှိ နေတိုး၏ စစ်ရေးလှုပ်ရှားမှုများ...

အာတိတ်ဒေသရှိ နေတိုး၏ စစ်ရေးလှုပ်ရှားမှုများ ရုရှားလုံခြုံရေးကို တို-က်ရို-က်ခြိမ်းခြောက်နေဟု လက်ဗရော့ဗ် ပြော

မော်စကို၊ ဩဂုတ် ၃၁

အာတိတ်ဒေသတွင် နေတိုးအဖွဲ့၏ စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့်လာခြင်းသည် ရုရှားနိုင်ငံ၏ လုံခြုံရေးကို တို-က်ရို-က်ခြိမ်းခြောက်နေပြီး လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနိုင်သည့် အန္တရာယ်ကိုပါ မြင့်တက်စေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီ လက်ဗရော့ဗ်က ပြောကြားသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ် ၃၁ ရက်တွင် ထုတ်ဝေသည့် ဆောင်းပါးတစ်ပုဒ်၌ လက်ဗရော့ဗ်က ယင်းသို့ ရေးသားခဲ့ခြင်းဖြစ်ပြီး အာတိတ်ဒေသ၌ နေတိုး၏ စစ်ရေးတည်ရှိမှုနှင့် လေ့ကျင့်မှုများ တိုးမြှင့်လာခြင်းအပေါ် မော်စကို၏ စိုးရိမ်မှုကို ထပ်မံဖော်ပြခဲ့သည်။

နေတိုးသည် မြောက်ဘက်အစွန်ဆုံးဒေသတွင် စစ်ရေးတည်ရှိမှု အားကောင်းစေရန် Arctic Sentry အမည်ရှိ မစ်ရှင်ကို ဖေဖော်ဝါရီလတွင် စတင်ခဲ့ပြီး ယင်းနောက် အာတိတ်ဒေသဆိုင်ရာ လုံခြုံရေးအပေါ် မဟာမိတ်အဖွဲ့၏ အာရုံစိုက်မှု ပိုမိုမြင့်တက်လာခဲ့သည်။

ရုရှားကမူ Arctic Sentry မစ်ရှင်ကို ကန့်ကွက်ထားပြီး အာတိတ်ဒေသအတွင်း နေတိုး၏ စစ်ရေးလေ့ကျင့်မှုများကို ရန်လိုသည့် လုပ်ရပ်များအဖြစ် ရှုမြင်ထားသည်။

“မြောက်ဘက်စွန်းဒေသတွင် ယင်းကဲ့သို့သော စစ်ရေးလှုပ်ရှားမှုများသည် ရုရှား၏ လုံခြုံရေးကို တို-က်ရို-က်ခြိမ်းခြောက်နေပြီး လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားစေနိုင်သည့် အန္တရာယ်ရှိသော ဖြစ်ရပ်များ ပေါ်ပေါက်နိုင်ခြေကို မြင့်တက်စေသည်” ဟု လက်ဗရော့ဗ်က ဆိုသည်။

အာတိတ်ဒေသသည် ရုရှားအတွက် မဟာဗျူဟာမြောက် အရေးပါသည့် ဒေသတစ်ခုဖြစ်ပြီး နျူကလီးယားလက်နက်တပ်ဆင်ထားသည့် ရေငုပ်သင်္ဘောများအပါအဝင် ရေတပ်အင်အားများ ဖြန့်ကြက်ထားသည့်အပြင် အာရှနိုင်ငံများနှင့် ဆက်သွယ်နိုင်မည့် မြောက်ပိုင်းပင်လယ်ရေကြောင်းလမ်းကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိသည်။

ရုရှားသည် အာတိတ်ဒေသတွင် ကြီးမားသည့် စစ်ရေးတည်ရှိမှုနှင့် ကျယ်ပြန့်သည့် စစ်ရေးအခြေခံအဆောက်အအုံများ ပိုင်ဆိုင်ထားပြီး မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံကလည်း မော်စကိုနှင့် ပူးပေါင်းကာ သဘာဝသယံဇာတကြွယ်ဝသည့် ယင်းဒေသတွင် လှုပ်ရှားမှုများ တိုးမြှင့်လာခဲ့သည်။

တစ်ချိန်တည်းတွင် ရုရှားနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် နော်ဝေနိုင်ငံကလည်း အာတိတ်ဒေသအခြေစိုက် တပ်မဟာတစ်ခုကို တိုးချဲ့ဖွဲ့စည်းခဲ့ပြီး ယင်းသည် ၂၀၂၂ ခုနှစ် ရုရှား-ယူကရိန်းစစ်ပွဲ စတင်ပြီးနောက် နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ မြောက်ပိုင်းဒေသ ကာကွယ်ရေးအင်အား မြှင့်တင်မှုများအနက် နောက်ဆုံးလှုပ်ရှားမှုတစ်ခု ဖြစ်လာခဲ့သည်။

Ref: Frankfurter Rundschau

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နီပေါရေဘေးတွင် အမည်မဖော်ထုတ်နိုင်သေးသည့် သေဆုံးသူများကို စတင်မြှုပ်နှံ

ခတ္တမန္ဒူ နီပေါနိုင်ငံ ဟိမဝန္တာဒေသတွင် ဖြစ်ပွားခဲ့သည့် ပြင်းထန်သော ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများအနက် မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်သေးသူများကို ချစ်ဝမ်ခရိုင်ရှိ သတ်မှတ်နေရာများတွင် အာဏာပိုင်များက စတင်မြှုပ်နှံလျက်ရှိကြောင်း သိရသည်။ ဗုဒ္ဓဟူးနေ့က ဘေးအန္တရာယ်အပြင်းအထန် ကြုံတွေ့ခဲ့ရသည့် ရာဆူဝါချိုင့်ဝှမ်းဒေသမှ ကီလိုမီတာ ၂၀၀ နီးပါးအကွာ ချစ်ဝမ်ခရိုင်၊ ဒက်ဗ်ဂတ်သစ်တောအတွင်း သေဆုံးသူများကို မြှုပ်နှံနိုင်ရန် မြေကျင်းရာပေါင်းများစွာ တူးဖော်ပြင်ဆင်ထားသည်။ အဆိုပါ သစ်တောလမ်းကြောင်းများသည် ယခင်က နံနက်ခင်းလမ်းလျှောက်သူများအကြား ရေပန်းစားသည့် နေရာတစ်ခုဖြစ်သော်လည်း လက်ရှိတွင် ရေစီးနှင့်အတူ မျောပါလာပြီး မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားအတည်ပြုရန် ခက်ခဲနေသည့်...

မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးအသစ် ခန့်အပ်၊ စစ်ဘက်ခေါင်းဆောင်ပိုင်း အပြောင်းအလဲပြုလုပ်

ပြုံယမ်း၊ ဩဂုတ် ၃၁ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်သည် နိုင်ငံ၏ အကြီးတန်းစစ်ဘက်ခေါင်းဆောင်ပိုင်းကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ကင်ဆောင်ဂီ (Kim Song Gi) ကို ကာကွယ်ရေးဝန်ကြီးအသစ်အဖြစ် ခန့်အပ်ခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြသည်။ ယခင်က စစ်တပ်၏ နိုင်ငံရေးဗျူရိုညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ကင်ဆောင်ဂီသည် လက်နက်ခဲယမ်းလုပ်ငန်းဌာန၌ အကြီးတန်းရာထူးတစ်ခုသို့ ပြောင်းရွှေ့တာဝန်ပေးခံရသည့် ယခင်ကာကွယ်ရေးဝန်ကြီး နိုကွမ်ချိုလ် (No Kwang Chol) ၏ နေရာတွင် အစားထိုးတာဝန်ယူခြင်းဖြစ်သည်။ ထို့ပြင် အတွေ့အကြုံရင့် စစ်ဘက်မဟာဗျူဟာပညာရှင် ပတ်ဂျုံချွန် (Pak Jong Chon)...

လူနေမှုစရိတ်သက်သာရေးနှင့် ပြည်တွင်းစီးပွားရေးပံ့ပိုးမည့် အစီအမံသစ်များ မလေးရှားဝန်ကြီးချုပ် ကြေညာ

ကွာလာလမ်ပူ၊ ဩဂုတ် ၃၁ မလေးရှားနိုင်ငံတွင် လူနေမှုစရိတ်မြင့်တက်မှုကို သက်သာစေရန် လေ-ာင်စာဆီဝယ်ယူခွဲတမ်း တိုးမြှင့်ပေးခြင်း၊ ကျောင်းများနှင့် အသေးစားစီးပွားရေးလုပ်ငန်းများအတွက် ရန်ပုံငွေတိုးမြှင့်ခြင်းတို့အပါအဝင် ပြည်တွင်းစီးပွားရေးကို ပံ့ပိုးမည့် အစီအမံသစ်များကို ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ်က ဩဂုတ် ၃၁ ရက်တွင် ထုတ်ဖော်ကြေညာခဲ့သည်။ အဆိုပါအစီအမံများကို စက်တင်ဘာ ၁ ရက်မှ စတင်အကောင်အထည်ဖော်ရန် မျှော်မှန်းထားကြောင်း အန်ဝါက ရုပ်မြင်သံကြားမိန့်ခွန်းတွင် ပြောကြားခဲ့ပြီး နိုင်ငံ၏ စီးပွားရေးတိုးတက်မှုအကျိုးအမြတ်များကို ပြည်သူများထံ ပြန်လည်ရောက်ရှိစေရမည်ဟု ဆိုသည်။ မလေးရှားစီးပွားရေးသည် ဒေသတွင်းနိုင်ငံအများစုထက် တိုးတက်မှုကောင်းမွန်နေပြီး ယခုနှစ် ဒုတိယသုံးလပတ်တွင် ပြည်တွင်းအသားတင်ထုတ်လုပ်မှု (GDP)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071