လာမည် ဇူလိုင်(၁၉)ရက်တွင်ကျရောက်မည် (၇၁)နှစ်မြောက် အာဇာနည်နေ့တွင် အခမ်းနားကျင်းပမည်နေရာများ၌ လမ်းပိတ်လမ်းလွှဲဆောင်ရွက်မည်နေရာများကို ပြည်သူများသိရှိစေရန် ယနေ့ ဇူလိုင်(၁၀)ရက်နေ့တွင် ရန်ကုန်တိုင်းအစိုးရ က အသိပေးထုတ်ပြန်လိုက်သည်။
ရန်ကုန်တိုင်း ဗဟန်းမြို့နယ် အာဇာနည်ဗိမာန်တွင် အာဇာနည်နေ့အခမ်းနားကျင်းပမည် မနက်(၄)နာရီက စတင်ပြီး အခမ်းနားပြီးဆုံးသည်အထိ အနောက်ရွှေဂုံတိုင်လမ်းအား ရေတာရှည်လမ်းဟောင်းမှ လည်းကောင်း၊ ရွှေဂုံလမ်းအား ဓမ္မစေတီ-ရွှေဂုံလမ်းဆုံ၊ အာဇာနည်လမ်းအား အနောက်ရွှေဂုံတိုင်လမ်းမှဦးထောင်ဘိုလမ်းအထိလည်းကောင်း၊ဦးဝိစာရအဝိုင်းကနေ ဓမ္မစေတီလမ်းဆုံထိလည်းကောင်း လမ်းပိတ်လမ်းလွှဲဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
ထို့အတူ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် မည်အချိန်တွင်လည်း နတ်မောက်လမ်းအား ဝင်္ကဘာလမ်းဆုံမှ ဖိုးစိန်လမ်းဆုံ ထိလည်းကောင်း၊ ဗိုလ်ချုပ်ပြတိုက်လမ်းအား ငါးထပ်ကြီးဘုရားလမ်းဆုံနှင့်စောမဟာလမ်းဆုံမှလည်းကောင်း၊ ဗိုလ်ချိုလမ်းအား ရွှေကြက်ယက်လမ်းဆုံမှလည်ကောင်း လမ်းပိတ်လမ်းလွှဲ ဆောင်ရွက်မည်ဖြစ်သည်။
အလံတင်အခမ်းနားကျင်းပမည် အတွင်းဝန်ရုံး တွင်လည်း မနက် (၅)နာရီကနေ ညနေ(၆)နာရီထိ သိမ်ဖြူလမ်းအား ဗိုလ်ချုပ်လမ်းဆုံမှ ကုန်သည်လမ်းဆုံထိလည်ကောင်း၊ အနော်ရထားလမ်းအား ဗိုလ်မြတ်ထွန်းလမ်းဆုံမှလည်းကောင်း၊ မဟာဗန္ဓုလ လမ်းအား ပန်းဆိုးတန်းလမ်းဆုံမှလည်းကောင်း၊ ဗိုလ်အောင်ကျော်လမ်းအား ကုန်သည်လမ်းဆုံမှလည်းကောင်း လမ်းပိတ်လမ်းလွှဲဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးထားသည်။
အဆိုပါနေ့တွင် ယာဉ်မောင်းပြည်သူများအနေဖြင့် သင့်လျော်သည့်လမ်းလွှဲမှာ မောင်းနှင်သွားလာကြရန်လည်း အသိပေးထားခြင်းဖြစ်သည်။
လာမည် အာဇာနည်နေ့ အခမ်းနားကိုလည်း ကိုဗစ်-၁၉ ကျန်းမာရေးစည်းကမ်းများနှင့်အညီ လုပ်ဆောင်မှာလည်း ဖြစ်သည်။
