လာမည် (၇၈)နှစ်မြောက်အာဇာနည်နေ့တွင်အာဇာနည်ဗိမာန်၊အတွင်းဝင်ရုံး(ယခင်ဝန်ကြီးများရုံး) နှင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကိုလာရောက်မည်သူများအနေဖြင့်ကိုဗစ်စည်းကမ်းများအတိုင်းလုပ်ဆောင်မည်ဖြစ်ကြောင်းယနေ့ထုတ်သတင်းစာကတဆင့် အသိပေးထားသည်။
အဆိုပါနေ့တွင်လာရောက်မည်သူများအနေဖြင့်နှာခေါင်းစည်းMASK များမပျက်မကွက်စနစ်တကျတပ်ဆင်ရန်၊သတ်မှတ်ထားသည့်နေရာများတွင်လက်ဆေးခြင်း၊ကျန်းမာရေးဝန်ကြီးဌာနမှသတ်မှတ်ထားသည့်ရှေ့နောက်ဘေးတိုက်အကွာအဝေး(၆)ပေအကွာအဝေးကိုလိုက်နာရန် နှင့်စသည့်ကိုဗစ် ၁၉ ဆိုင်ရာ အချိန်နှင့်တပြေးညီထုတ်ပြန်ထားသည့်ကျန်းမာရေးအသိပေးချက်သတိပေးချက်များကို လိုက်နာဖို့ အသိပေးထာကြောင်းသိရသည်။
သက်ကြီးရွယ်အိုများ နာတာရှည်ရောဂါရှိသူများအနေဖြင့်လုံးဝ(လုံးဝ)လာရောက်ခြင်းမပြုဖို့နှင့်ဖျားခြင်း ချောင်းဆိုခြင်းအသက်ရူရကြပ်ခြင်းအားအင်ကုန်ခမ်းခြင်းများစသည့်ရောဂါလက္ခဏာများဖြစ်ပေါ်နေပါကလည်းလာရောက်ခြင်းမပြုရန် အသိပေးထားသည်။
ထိုအပြင် အာဇာနည်နေ့တွင်လာရောက်မည်သူများအနေများအနေဖြင့် ဘောလ်ပင်အမျိုးမျိုး၊ လက်ကိုင်ဖုန်းအမျိုးမျိုး၊အလံအမျိုးမျိုး၊လက်ကိုင်အိတ်၊ကင်မရာ၊မီးခြစ် ၊ပန်းခွေ၊ပန်းစည်း၊ပန်းခြင်း၊ဗီနိုင်းစ၊ပုလင်း၊ဘူး၊တုတ်၊ကော်ပိုက်၊သံပိုက်များယူဆောင်လာပါကဝင်ရောက်ခွင့်မပြုကြောင်း သိရသည်။
ဒရုန်းယူဆောင်လာခြင်းလွှတ်တင်ခြင်းများမပြုလုပ်ကြရန်လည်း ကြိုတင်အသိပေးထားသည်။
