အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပသည့် ၂၀၂၅ အာဆီယံ ယူ-၂၃ ပြိုင်ပွဲ အုပ်စု နောက်ဆုံးပွဲစဉ်တွင် ထိုင်းအသင်းကို အနိုင်ဂိုးသွင်းယူနိုင်ခြင်းမရှိသဖြင့် မြန်မာအသင်းမှာ အုပ်စုအဆင့်နှင့်သာ ကျေနပ်ခဲ့ရပြီဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပသည့် ၂၀၂၅ အာဆီယံ ယူ-၂၃ ပြိုင်ပွဲ အုပ်စု နောက်ဆုံးပွဲစဉ်ကို ယနေ့ ဇူလိုင် ၂၂ ရက် မြန်မာစံတော်ချိန် ည ၇ နာရီခွဲအချိန်၌ မြန်မာနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားရာ၊ ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲသရေရလဒ်သာထွက်ပေါ်ခဲ့သည်။
မြန်မာအသင်းသည် အုပ်စုပွဲ နှစ်ပွဲကစား နှစ်ပွဲသရေ ရလဒ်ထွက်ပေါ်ခဲ့ပြီး၊ ရမှတ် ၂ မှတ်သာရရှိခဲ့ခြင်းဖြစ်သည်။
ထိုင်းအသင်းက အုပ်စုအဖွင့်ပွဲတွင် တီမောကို ၄ဂိုး ၀ ဂိုးဖြင်အနိုင်ယူထားပြီးသုံးမှတ်ရထားသော်လည်း မြန်မာအသင်းမှာ တီမောဖြင့် ၄ ဂိုးစီသရေကျပြီး သရေ ၁ မှတ်သာရထားသည်။
ပြိုင်ပွဲပုံစံအရ အုပ်စုသုံးစုမှ အုပ်စုဗိုလ် သုံးသင်းနှင့် အကောင်းဆုံးအုပ်စု ဒုတိယရအသင်းတစ်သင်း ဆီမီးဖိုင်နယ်ကစားရမည်ဖြစ်ရာ မြန်မာအသင်းအနေဖြင့် ဆီမီးဖိုင်နယ်ကို အုပ်စုဗိုလ်အဖြစ် လွတ်လွတ်ကျွတ်ကျွတ် တက်ရောက်နိုင်ရန်မှာထိုင်းကို အနိုင်ကစားပြီး ရမှတ် ၄မှတ်ဖြင့် နောက်တဆင့်တက်ရောက်နိုင်မည်သည်။
သို့သော် ထိုင်းကို သရေကျခဲ့သည့်အတွက် ရမှတ်၂ မှတ်သာရပြီး အကောင်းဆုံးအုပ်စု ဒုတိယနေရာမရရှိဘဲ အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရခြင်းဖြစ်သည်။
