ဆုတံဆိပ်အလိုက် နိုင်ငံတော်က ဆုငွေများချီးမြှင့်
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပနေသည့် (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ၌ ဇန်နဝါရီ ၂၅ရက်အထိ မြန်မာက ရွှေတံဆိပ်(၂၀)ခု ၊ငွေတံဆိပ်(၁၉)ခု နှင့် ကြေးတံဆိပ်(၂၀)ခု ဆွတ်ခူးထားနိုင်ကြောင်း သိရသည်။
နိုင်ငံအလိုက် အဆင့်(၆)တွင်ရပ်တည်နေပြီး စုစုပေါင်းဆုတံဆိပ်(၅၉)ခုကို ဆွတ်ခူးထားနိုင်ခြင်းလည်းဖြစ်သည်။
ရေကူးပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ ၊ပြေးခုန်ပစ်ပြိုင်ပွဲ ၊သံလုံးပစ်ပြိုင်ပွဲ အပြေးပြိုင်ပွဲ ၊ စစ်တုရင်၊ ခုနှစ်ယောက် တစ်ဖက် ဘောလုံး ၊ မျက်မမြင် ဂိုးလ်ဘော ပြိုင်ပွဲများတွင် ဆုတံဆိပ်များ ဆွတ်ခူးထားနိုင်ခြင်းဖြစ်ကြောင်းလည်း သိရသည်။
နိုင်ငံတော်က ပြိုင်ပွဲကာလအတွင်း ရွှေတံဆိပ်တစ်ဆုလျှင် အမေရိကန်ဒေါ်လာ ၃၀၀၊ ငွေတံဆိပ်တစ်ဆုလျှင် အမေရိကန်ဒေါ်လာ ၂၀၀ နှင့် ကြေးတံဆိပ်တစ်ဆုလျှင် အမေရိကန်ဒေါ်လာ ၁၀၀ တို့ ကို သတ်မှတ်ချီးမြှင့်ထားကြောင်း လည်း သိရသည်။
အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ၌ အားကစားနည်း (၁၉)မျိုးပါဝင်ပြီး မြန်မာနိုင်ငံမှ အားကစားနည်း (၁၁) နည်းတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။
လက်ရှိ၌ မြန်မာနိုင်ငံအနေဖြင့် ရေကူးအားကစားနည်း၊ သံလုံးပစ်အားကစားနည်း၊ သံပြားအဝိုင်းပစ် အားကစားနည်းတို့မှ ရွှေတံဆိပ်ရရှိထားသည်။
