Monday, June 29, 2026

တင်းမာမှုတွေ မြင့်တက်လာတဲ့ကြားမှာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းတဲ့...

အမေရိကန်နဲ့ အီရန်ကြားက ပဋိပက္ခတွေ နောက်ဆုံးအကြိမ် ထပ်မံဆိုးရွားလာတဲ့အပေါ် သင်္ဘောလိုင်းတွေက စိုးရိမ်လာကြတာကြောင့် ဒီသီတင်းပတ်ကုန်ပိုင်းမှာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာတဲ့ ကုန်တင်သင်္ဘောတွေ နည်းသွားတယ်လို့ သင်္ဘောလမ်းကြောင်း...

ဆော်ဒီ Aramco ကုမ္ပဏီပိုင် ရဟတ်ယာဉ်ပျက်ကျမှုကြောင့်...

ဆော်ဒီအာရေဗျနိုင်ငံ၏ အမျိုးသားရေနံကုမ္ပဏီ Saudi Aramco ပိုင် ရဟတ်ယာဉ်တစ်စင်းသည် ဇွန် ၂၉ ရက်က ဟော်မုဇ်ရေလက်ကြား အနောက်ဘက်ရှိ ဆော်ဒီအရှေ့ပိုင်း ရက်စ်တန်နူရာ...

လွှတ်တော်ရပ်နားကာလအတွင်း မဲဆန္ဒရှင်များထံ အရောက်သွားရန် ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌ...

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးကို အောက်တိုဘာလအတွင်း ကျင်းပရန် လျာထား ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်ခေတ္တရပ်နားထားသည့် ကာလအတွင်း သက်ဆိုင်ရာ မဲဆန္ဒနယ်မြေများရှိ မဲဆန္ဒရှင်ပြည်သူများထံ အရောက်သွားရောက်ကာ လွှတ်တော်လုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး...

IBEC ကိုယ်ပိုင်အထက်တန်းကျောင်းမှ ၂၀၂၆ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်...

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများကို ဇွန် ၂၈ ရက် နံနက်ပိုင်းတွင် တစ်နိုင်ငံလုံးရှိ သက်ဆိုင်ရာ စာစစ်ဌာနများ၌ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။ ထုတ်ပြန်ချက်များအရ...
HomeNewsLocal Newsအာဆီယံ ဘုံသဘောတူညီချက် (၅)...

အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်ကို ပြန်လည်သုံးသပ်ရန် တိုက်တွန်းသည့်အဆို ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်း

အဆိုကို လက်ခံဆွေးနွေးရန် အတည်ပြု၊ ဇွန် ၃၀ ရက် နောက်ဆုံးထား၍ ဆွေးနွေးမည့် ကိုယ်စားလှယ်များ အမည်စာရင်းပေးသွင်းရမည်

မြန်မာနိုင်ငံနှင့်ပတ်သက်၍ အာဆီယံ၏ ဘုံသဘောတူညီချက် (၅) ရပ် (Five-Point Consensus) ကို ပြန်လည်သုံးသပ်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းသည့် အဆိုတစ်ရပ်ကို ၂၀၂၆ ခုနှစ် ဇွန် ၂၆ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် ဒုတိယအကြိမ် ပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့တွင် တင်သွင်းခဲ့ကြောင်း သိရသည်။

အဆိုကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ကလောမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့်က တင်သွင်းခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိ အာဆီယံ၏ ဆောင်ရွက်ချက်များသည် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရဆိုသည့် အခြေခံမူနှင့် ကွဲလွဲနေသည်ဟု ယူဆကြောင်းနှင့် ယင်းအပေါ်အခြေခံ၍ မြန်မာနိုင်ငံအပေါ် ထုတ်ပြန်ထားသည့် အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်ကို ပြန်လည်သုံးသပ်ဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတွင် ဖော်ပြထားသည်။

အဆိုကို ပင်လောင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းရီရီဝင်းက ထောက်ခံဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုလွှတ်တော်က အဆိုကို လက်ခံဆွေးနွေးရန် သဘောတူအတည်ပြုခဲ့ပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ၂၀၂၆ ခုနှစ် ဇွန် ၃၀ ရက် နောက်ဆုံးထား၍ အမည်စာရင်းပေးသွင်းရန် လွှတ်တော်နာယကက ကြေညာထားကြောင်း သိရသည်။

အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ် (Five-Point Consensus) သည် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေနှင့်ပတ်သက်၍ ၂၀၂၁ ခုနှစ် ဧပြီ ၂၄ ရက်က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ကျင်းပသည့် အာဆီယံခေါင်းဆောင်များ အစည်းအဝေးတွင် ချမှတ်ခဲ့သည့် သဘောတူညီချက်ဖြစ်ပြီး အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေး၊ အပြုသဘောဆောင်သော ဆွေးနွေးမှုများ စတင်ရေး၊ အာဆီယံအထူးကိုယ်စားလှယ် ခန့်အပ်ရေး၊ လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ရေးနှင့် အထူးကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်၍ သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံဆွေးနွေးရေးတို့ ပါဝင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တင်းမာမှုတွေ မြင့်တက်လာတဲ့ကြားမှာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းတဲ့ သင်္ဘောအရေအတွက် ၈၀ ရာခိုင်နှုန်း ကျဆင်းသွား

အမေရိကန်နဲ့ အီရန်ကြားက ပဋိပက္ခတွေ နောက်ဆုံးအကြိမ် ထပ်မံဆိုးရွားလာတဲ့အပေါ် သင်္ဘောလိုင်းတွေက စိုးရိမ်လာကြတာကြောင့် ဒီသီတင်းပတ်ကုန်ပိုင်းမှာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာတဲ့ ကုန်တင်သင်္ဘောတွေ နည်းသွားတယ်လို့ သင်္ဘောလမ်းကြောင်း ခြေရာခံတဲ့ ဝန်ဆောင်မှုတွေဆီက အချက်အလက်တွေကို ကိုးကားပြီး Bloomberg သတင်းဌာနက သတင်းဖော်ပြထားပါတယ်။ အဲဒီအချက်အလက်တွေအရ တနင်္ဂနွေနေ့က ရေလက်ကြားရဲ့ နှစ်ဖက်စလုံးကနေ ဖြတ်သန်းသွားတဲ့ သင်္ဘော ၁၂ စီးပဲ ရှိပါတယ်။ ဒါဟာ ရေနံတင်သင်္ဘောတစ်စီး တိုက်ခိုက်ခံခဲ့ရတဲ့ စနေနေ့က မှတ်တမ်းတင်ထားတဲ့ အရေအတွက်ရဲ့ တစ်ဝက်တောင် မရှိပါဘူး။ အဲဒီနေ့ (စနေနေ့) တုန်းကဆိုရင်...

ဆော်ဒီ Aramco ကုမ္ပဏီပိုင် ရဟတ်ယာဉ်ပျက်ကျမှုကြောင့် လူ ၁၄ ဦး သေဆုံး

ဆော်ဒီအာရေဗျနိုင်ငံ၏ အမျိုးသားရေနံကုမ္ပဏီ Saudi Aramco ပိုင် ရဟတ်ယာဉ်တစ်စင်းသည် ဇွန် ၂၉ ရက်က ဟော်မုဇ်ရေလက်ကြား အနောက်ဘက်ရှိ ဆော်ဒီအရှေ့ပိုင်း ရက်စ်တန်နူရာ (Ras Tanura) ဒေသတွင် ပျက်ကျခဲ့ရာ လူ ၁၄ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာနက ဖော်ပြခဲ့သည်။ ရဟတ်ယာဉ်ပျက်ကျရသည့် အကြောင်းရင်းကို လက်ရှိအချိန်အထိ မသိရှိရသေးဘဲ သက်ဆိုင်ရာအာဏာပိုင်များ ပါဝင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့က ဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ Saudi Aramco သည် လေးလနီးပါး ရပ်နားထားခဲ့သည့် ရက်စ်တန်နူရာဆိပ်ကမ်း၌ ရေနံစိမ်းတင်ဆောင်မှုလုပ်ငန်းများကို...

လွှတ်တော်ရပ်နားကာလအတွင်း မဲဆန္ဒရှင်များထံ အရောက်သွားရန် ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးကို အောက်တိုဘာလအတွင်း ကျင်းပရန် လျာထား ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်ခေတ္တရပ်နားထားသည့် ကာလအတွင်း သက်ဆိုင်ရာ မဲဆန္ဒနယ်မြေများရှိ မဲဆန္ဒရှင်ပြည်သူများထံ အရောက်သွားရောက်ကာ လွှတ်တော်လုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး ပြည်သူများ၏ လိုလားချက်များကို ထပ်မံကောက်ခံဆောင်ရွက်ကြရန် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်က တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။ ယနေ့ (ဇွန် ၂၉ ရက်) ကျင်းပသည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (နဝမနေ့) တွင် နှုတ်ခွန်းဆက်အမှာစကား ပြောကြားရာ၌ ယင်းကဲ့သို့ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။ လွှတ်တော်ဥက္ကဋ္ဌက မကြာမီကာလအတွင်း ဒုတိယပုံမှန်အစည်းအဝေးကို ခေတ္တရပ်နားမည်ဖြစ်သဖြင့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် သက်ဆိုင်ရာ မဲဆန္ဒနယ်မြေများသို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071