Sunday, July 27, 2025

မြန်မာလူငယ်များကို  ရာသီဥတုနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သင်တန်းပေးမည်

ရာသီဥတုနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နှင့်ပတ်သက်ပြီး အသက်(၁၈)နှစ်နှင့်(၃၅)နှစ်ကြား ထူးချွန်သည့်မြန်မာလူငယ်(၃၀)ကို (၆)လကြာသင်တန်ပေးမည်ဖြစ်ကြောင်း ဗြိတိသျှသံရုံး( UK in Myanmar) ကနေ သိရသည်။ “Brighter Youth For...

မဲဆွယ်ရာတွင် အခက်ခဲဆုံးက လုံခြုံရေးဖြစ်နေဟုPPP ပါတီဥက္ကဋ္ဌပြော

ပါတီကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆွယ်စည်းရုံးရေးတွင် အခက်ခဲဆုံးက လုံခြုံရေးဖြစ်နေကြောင်းပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဌ ဒေါ်သက်သက်ခိုင်ကပြောသည်။ ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်တွင် ကျင်းပပြုလုပ်သည့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ၏ ဒုတိယအကြိမ်...

ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် မော်စကို-ပြုံယမ်း တိုက်ရိုက်လေကြောင်းခရီးစဉ်...

ရုရှားနိုင်ငံသည် မော်စကိုမြို့မှ မြောက်ကိုရီးယားမြို့တော် ပြုံယမ်းသို့ တိုက်ရိုက်ခရီးသည်တင်လေယာဉ်များ ပြေးဆွဲခြင်းကို တနင်္ဂနွေနေ့တွင် စတင်တော့မည်ဖြစ်ကြောင်း ရုရှားအာဏာပိုင်များက ပြောကြားခဲ့သည်။ မြို့တော်များအကြား ပုံမှန်လေကြောင်းခရီးစဉ်များ စတင်ခြင်းသည် ၁၉၉၀...

ဘားအံမြို့၌ ယာယီရေဘေးကယ်ဆယ်ရေးစခန်း (၁၀)ခုဖွင့်လှစ်ထားရ

မိုးသည်းထန်စွာရွာသွန်းပြီး သံလွင်မြစ်ရေသည် ဘားအံမြို့၏စိုးရိမ်ရေမှတ်အထက်သို့ကျော်လွန်ရောက်ရှိနေသဖြင့် မြို့တွင်းနေရာအချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိ၍ ရေဘေးသင့်သူများအား ရေဘေးယာယီကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းပေးလျက်ရှိကြောင်း သိရသည်။ ရေကြီးရေလျှံနေသည့် မြို့တွင်းနေရာများ၌ နေထိုင်သူများအား လုံခြုံရေးအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊...
HomeNewsLocal Newsအာဆီယံ နိုင်ငံများနှင့် ကိုရီးယားနိုင်ငံတို့...

အာဆီယံ နိုင်ငံများနှင့် ကိုရီးယားနိုင်ငံတို့ အကြား စီးပွားရေး မူဝါဒများ ဆွေးနွေး

အာဆီယံနိုင်ငံများနှင့် ကိုရီးယားနိုင်ငံတို့အကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ကာ စီးပွားရေး ဖွံ့ဖြိုးတိုး တက်စေနိုင်သည့် မူဝါဒများနှင့် မဟာဗျူဟာများ ပုံဖော်နိုင်ရေး အာဆီယံ – ကိုရီးယားစင်တာမှ ကျင်းပပြုလုပ်သည့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စားပွဲဝိုင်းဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

အာဆီယံကော်မတီ – ဆိုးလ် (ASEAN Committee in Seoul) ၏ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်မှ မေ(၈) ရက်တွင် ဆိုးလ်မြို့ရှိ Four Seasons Hotel Seoul ၌ ကျင်းပခဲ့သည့် အာဆီယံ-ကိုရီးယား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စားပွဲဝိုင်းဆွေး နွေးပွဲ ၂၀၂၄ (ASEAN–Korea Trade and Investment Roundtable 2024) သို့ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

အာဆီယံနှင့် ကိုရီးယားနိုင်ငံတို့အကြား တက်ကြွ၍ တိုးတက်မှုရှိသော ဆွေးနွေးဖက်ဆက်ဆံရေးသည် (၃၅) နှစ်ရှိပြီ ဖြစ်ကြောင်း၊ အားလုံးပါဝင်၍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုး တက်မှု ရှိသောပန်းတိုင်ဆီသို့ရောက်ရှိရန် နှစ်ဖက်ဆက်ဆံရေးကို ပိုမိုလေးနက်အောင်ဆောင်ရွက်ရာတွင် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုသည် အရေးပါကြောင်း မြန်မာသံအမတ်ကြီးက ပြောကြားခဲ့သည်။

အာဆီယံတွင် တောင်ကိုရီးယားနိုင်ငံ၏ ဒုတိယမြောက်အများဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံသည် အာဆီယံ၏ ပဉ္စမမြောက်အများဆုံး ကုန်သွယ်ဖက်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိပါကြောင်း သိရသည်။

အာဆီယံတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံများတွင် တောင်ကိုရီးယားနိုင်ငံသည် နံပါတ် (၆) နေရာတွင်ရှိနေသည်ဟု ၂၀၂၂ ခုနှစ်၊ အာဆီယံမှ ထုတ်ပြန်သောစာရင်းဇယားများတွင် ဖော်ပြထားသည်။

သို့ဖြစ်၍ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စားပွဲဝိုင်းဆွေးနွေးပွဲသည် အာဆီယံနိုင်ငံများနှင့် ကိုရီးယားနိုင်ငံတို့ အကြား ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်၍ နှစ်ဖက်လုံး၏ စီးပွားရေးဖွံ့ဖြိုး တိုးတက် စေနိုင်သည့် မူဝါဒများနှင့် မဟာဗျူဟာများ ပုံဖော်နိုင်ရေးအတွက် ထူးကဲစွာ အထောက်အကူပြုနိုင်သည့် ဆွေးနွေးမှုရလဒ်များ ရရှိမည်ယုံကြည်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

ASEAN–Korea Trade and Investment Roundtable ကို အာဆီယံနိုင်ငံများနှင့် ကိုရီးယားနိုင်ငံ တို့အကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်၍ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာလာ စေရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲအား အာဆီယံ- ကိုရီးယားစင်တာသည် ကိုရီးယားနိုင်ငံရှိ နိုင်ငံတကာ စီးပွားရေးမူဝါဒဆိုင်ရာတက္ကသိုလ်နှင့် ပူးပေါင်း၍ နှစ်စဉ်ကျင်းပလာခဲ့ရာ ယခုနှစ် စားပွဲဝိုင်းဆွေးနွေးပွဲမှာ စတုတ္ထအကြိမ်မြောက်ဆွေးနွေးပွဲဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာလူငယ်များကို  ရာသီဥတုနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သင်တန်းပေးမည်

ရာသီဥတုနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နှင့်ပတ်သက်ပြီး အသက်(၁၈)နှစ်နှင့်(၃၅)နှစ်ကြား ထူးချွန်သည့်မြန်မာလူငယ်(၃၀)ကို (၆)လကြာသင်တန်ပေးမည်ဖြစ်ကြောင်း ဗြိတိသျှသံရုံး( UK in Myanmar) ကနေ သိရသည်။ “Brighter Youth For Better Climate (BYBC) သင်တန်းကို ထူးချွန်သည့်မြန်မာလူငယ်(၃၀)ဦးကို ရွေးချယ်ပြီး ရာသီဥတုနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နယ်ပယ်များတွင် အနာဂတ်ခေါင်းဆောင်များဖြစ်လာရန် လိုအပ်သည့် အသိပညာနှင့်အရည်ချင်းများမြှင့်တင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာအခွင့်အလမ်းများ နှင့် စိန်ခေါ်မှုများအကြောင်း၊ ရာသီဥတုနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘာသာရပ်များကို ပြည်ပတက္ကသိုလ်များတွင် ပညာဆက်လက်ဆည်းပူးရန် တက္ကသိုလ်ဝင်ခွင့်နှင့်ပညာသင်ဆုလျှောက်လွှာပြင်ဆင်ခြင်းဆိုင်ရာ လမ်းညွှန်သင်ကြားမှုများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ သင်တန်းကို အခမဲ့သင်ပေးမည်ဖြစ်ပြီး...

မဲဆွယ်ရာတွင် အခက်ခဲဆုံးက လုံခြုံရေးဖြစ်နေဟုPPP ပါတီဥက္ကဋ္ဌပြော

ပါတီကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆွယ်စည်းရုံးရေးတွင် အခက်ခဲဆုံးက လုံခြုံရေးဖြစ်နေကြောင်းပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဌ ဒေါ်သက်သက်ခိုင်ကပြောသည်။ ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်တွင် ကျင်းပပြုလုပ်သည့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ၏ ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ " မဲဆွယ်စည်းရုံးရေးမှာ အခက်ခဲဆုံးက လုံခြုံရေးဖြစ်ပါတယ်။ အဓိကတော့ ပါတီတစ်ခုကို ကိုယ်စားပြုပြီးတော့ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ပြည်သူကြားထဲဆင်းတဲ့အချိန်မှာ သာမန်ပြည်သူလူထုတွေရှိနိုင်တယ်။ ရွေးကောက်ပွဲကိုဆန့်ကျင်တဲ့သူတွေရှိမယ်။ လုံခြုံရေးကို ပျက်ပြားအောင်လုပ်မယ်။ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ဘယ်နိုင်ငံရေးပါတီကဖြစ်ဖြစ် နိုင်ငံရေးပါတီကိုယ်စားလှယ်လောင်းတွေကို ပြည်သူတွေကြားထဲဆင်းလို့မရအောင်လုပ်မယ်၊ အဖျက်အမှောင့်လုပ်ချင်တဲ့သူတွေလည်း ရှိတဲ့အခါကျတော့ လုံခြုံရေးအရ စိန်ခေါ်မှုတော့များပါတယ်။ ကျွန်မတို့ပါတီမှမဟုတ်ပါဘူး။ နိုင်ငံရေးပါတီတွေအကုန်လုံးရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ၊ ကိုယ်စားလှယ်လောင်းတွေရဲ့...

ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် မော်စကို-ပြုံယမ်း တိုက်ရိုက်လေကြောင်းခရီးစဉ် ပြေးဆွဲ

ရုရှားနိုင်ငံသည် မော်စကိုမြို့မှ မြောက်ကိုရီးယားမြို့တော် ပြုံယမ်းသို့ တိုက်ရိုက်ခရီးသည်တင်လေယာဉ်များ ပြေးဆွဲခြင်းကို တနင်္ဂနွေနေ့တွင် စတင်တော့မည်ဖြစ်ကြောင်း ရုရှားအာဏာပိုင်များက ပြောကြားခဲ့သည်။ မြို့တော်များအကြား ပုံမှန်လေကြောင်းခရီးစဉ်များ စတင်ခြင်းသည် ၁၉၉၀ ပြည့်လွန်အလယ်ပိုင်းနှစ်များနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း ရုရှားလေကြောင်းဘလော့ဂ်များက ပြောကြားခဲ့သည်။ ဇွန်လတွင် စတင်ခဲ့သည့် မော်စကို-ပြုံယမ်း ခရီးသည်တင်ရထားများ ပြန်လည်ပြေးဆွဲခဲ့ပြီးနောက်ဤလေကြောင်းခရီးစဉ်များ ပေါ်ပေါက်လာခြင်းဖြစ်သည်။ လေဆိပ်၏ အချိန်ဇယားအရ ပထမဆုံးလေယာဉ်ခရီးစဉ်သည် Sheremetyevo လေဆိပ်မှ ည ၇ နာရီတွင် ထွက်ခွာမည်ဖြစ်သည်။ ၈ နာရီကြာပျံသန်းမည့် ခရီးစဉ်ကို ခရီးသည် ၄၄၀ တင်ဆောင်နိုင်သည့် ဘိုးရင်း ၇၇၇-၂၀၀အီးအာရ် အမျိုးအစားလေယာဉ်ဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071