အာဆီယံ(၁၀)နိုင်ငံအနက် (၈)နိုင်ငံ ဝင်ရောက်ယှဉ်ပြိုင် ပိုက်ကျော်ခြင်းပြိုင်ပွဲ ၌ ရွှေတံဆိပ်ဆွတ်ခူးနိုင်ရေး မြန်မာ့လက်ရွေးစင်အသင်း လေ့ကျင့်ပြင်ဆင်နေသည်ဟု မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ ထံက သိရသည်။
လာမည့် ဇွန် (၁)ရက်နေ့တွင် တရုတ်နိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည့် China – Asean Cup ပြိုင်ပွဲတွင်
မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာနှင့် တရုတ်နိုင်ငံရှိ ပိုက်ကျော်ခြင်းအဖွဲ့တို့ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့်
အမျိုးသားအသင်းနှင့် အမျိုးသမီးအသင်း (၂) သင်းပါဝင်ယှဥ်ပြိုင်မှာဖြစ်ပြီး ပြိုင်ပွဲအမျိုးအစားအနေဖြင့် (၃) ယောက်တွဲနှင့် (၄)ယောက်တွဲပြိုင်ပွဲနှစ်ရပ်ကို ယှဥ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း သိရသည်။
ယခုပြိုင်ပွဲအတွက်အားကစားသမားရွေးချယ်ရာတွင် ပြီးခဲ့သည့် India World Cup ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ကစားသမားများအနက် ဇော်မင်းခန့်(Rကြီး)၊ သန့်ဇင်ထွန်း(ဓာတ်လုံး)၊နှစ်ဦးပြန်လည်ပါဝင်လာပြီး ဇင်မင်းဦး(အားဒစ်)၊ အောင်အောင်(အောင်ကြီး)၊ ရဲထက်
ဟန်ဝင်းထွဋ် (အံ့ကူလေး)တို့ဖြင့်စုဖွဲ့ယှဥ်ပြိုင်သွားကြမည်ဖြစ်ကြောင်း သိရသည်။