(Unicode)
အာဆီယံအထူးကိုယ်စားလှယ်အား CRPH ၊ NUGတို့နှင့် တွေ့ဆုံဆွေးနွေးရန် အာဆီယံ နှစ်နိုင်ငံ တိုက်တွန်း

ရှေ့လာမည့် မတ်လထဲ မြန်မာနိုင်ငံသို့ လာရောက်ရန် ရှိနေသည့် အာဆီယံအထူးကိုယ်စားလှယ်ကမ္ဘောဒီးယားဒုတိယဝန်ကြီးချုပ်၊နိုင်ငံခြားရေးဝန်ကြီးအား CRPH ၊ NUGတို့နှင့် တွေ့ဆုံဆွေးနွေးရန် အာဆီယံနိုင်ငံအချို့ကတိုက်တွန်းထားသည်။
ကျင်းပခဲ့ပြီးဖြစ်သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ခြင်းနှင့်ပတ်သက်၍ ဆွေးနွေးကြရာတွင် အထူးကိုယ်စားလှယ်အား CRPH ၊ NUGတို့နှင့်တွေ့ဆုံဆွေးနွေးရန် အဖွဲ့ဝင်နှစ်နိုင်ငံက အကြံပြုခဲ့ကြသည်။
နစက နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၀ရက်ညတွင် ကြေညာချက်ထုတ်ကာ အထူး ကိုယ်စားလှယ်အား ယင်းသို့ ထိတွေ့ရန်အကြံပြုခြင်းသည် အာဆီယံ ပဋိညာဉ်စာတမ်းပါ မူများကို ဆန့်ကျင်ရုံသာမက အာဆီယံ၏ အကြမ်းဖက်တိုက်ဖျက်ရေး ကြိုးပမ်းဆောင်ရွက်မှုကိုလည်း ထိပါးစေကာ အာဆီယံအစည်း အဝေးများကို အသုံးချ၍ ထိုသို့ပြောဆိုခြင်းမျိုး မပြုလုပ်ရန်နှင့် အကြမ်းဖက်လုပ်ရပ်များကို ဆန့်ကျင်ရှုတ်ချရန် တိုက်တွန်းထားသည်ကိုတွေ့ရသည်။
ယင်းအပြင် နစကဘက်က အာဆီယံအထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း အမှုရင်ဆိုင်နေရသူများမှအပ NLDအပါအဝင် နိုင်ငံရေးပါတီများ၊ အခြားပုဂ္ဂိုလ်များနှင့် တွေ့ဆုံခွင့်ပြုမည်ဟု အာဆီယံအထူးကိုယ်စားလှယ်နှင့်အဖွဲ့ထံ အသိပေးထားကြောင်းလည်းသိရသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက ယခင် သံတမန်များလာစဉ်ကလည်း NLDဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ ထဲက တရားဥပဒေအတိုင်းပဲ ဆက်လက် တည်ရှိနေသူတို့နှင့် တွေ့ဆုံခွင့်ပေးခဲ့သည့်အတိုင်း ခွင့်ပြုပေးမည်ဟု ပြောသည်။
(Zawgyi)
အာဆီယံအထူးကိုယ္စားလွယ္အား CRPH ၊ NUGတို႔ႏွင့္ ေတြ႕ဆုံေဆြးေႏြးရန္ အာဆီယံ ႏွစ္ႏိုင္ငံ တိုက္တြန္း
ေရွ႕လာမည့္ မတ္လထဲ ျမန္မာႏိုင္ငံသို႔ လာေရာက္ရန္ ရွိေနသည့္ အာဆီယံအထူးကိုယ္စားလွယ္ကေမာၻဒီးယားဒုတိယဝန္ႀကီးခ်ဳပ္၊ႏိုင္ငံျခားေရးဝန္ႀကီးအား CRPH ၊ NUGတို႔ႏွင့္ ေတြ႕ဆုံေဆြးေႏြးရန္ အာဆီယံႏိုင္ငံအခ်ိဳ႕ကတိုက္တြန္းထားသည္။
က်င္းပခဲ့ၿပီးျဖစ္သည့္ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ား အစည္းအေဝး၌ တူညီဆႏၵ(၅)ခ်က္ အေကာင္အထည္ေဖာ္ျခင္းႏွင့္ပတ္သက္၍ ေဆြးေႏြးၾကရာတြင္ အထူးကိုယ္စားလွယ္အား CRPH ၊ NUGတို႔ႏွင့္ေတြ႕ဆုံေဆြးေႏြးရန္ အဖြဲ႕ဝင္ႏွစ္ႏိုင္ငံက အႀကံျပဳခဲ့ၾကသည္။
နစက ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေဖေဖာ္ဝါရီ ၂၀ရက္ညတြင္ ေၾကညာခ်က္ထုတ္ကာ အထူး ကိုယ္စားလွယ္အား ယင္းသို႔ ထိေတြ႕ရန္အႀကံျပဳျခင္းသည္ အာဆီယံ ပဋိညာဥ္စာတမ္းပါ မူမ်ားကို ဆန႔္က်င္႐ုံသာမက အာဆီယံ၏ အၾကမ္းဖက္တိုက္ဖ်က္ေရး ႀကိဳးပမ္းေဆာင္႐ြက္မႈကိုလည္း ထိပါးေစကာ အာဆီယံအစည္း အေဝးမ်ားကို အသုံးခ်၍ ထိုသို႔ေျပာဆိုျခင္းမ်ိဳး မျပဳလုပ္ရန္ႏွင့္ အၾကမ္းဖက္လုပ္ရပ္မ်ားကို ဆန႔္က်င္ရႈတ္ခ်ရန္ တိုက္တြန္းထားသည္ကိုေတြ႕ရသည္။
ယင္းအျပင္ နစကဘက္က အာဆီယံအထူးကိုယ္စားလွယ္၏ ျမန္မာႏိုင္ငံခရီးစဥ္အတြင္း အမႈရင္ဆိုင္ေနရသူမ်ားမွအပ NLDအပါအဝင္ ႏိုင္ငံေရးပါတီမ်ား၊ အျခားပုဂၢိဳလ္မ်ားႏွင့္ ေတြ႕ဆုံခြင့္ျပဳမည္ဟု အာဆီယံအထူးကိုယ္စားလွယ္ႏွင့္အဖြဲ႕ထံ အသိေပးထားေၾကာင္းလည္းသိရသည္။
ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ယခင္ သံတမန္မ်ားလာစဥ္ကလည္း NLDဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ဝင္မ်ား ထဲက တရားဥပေဒအတိုင္းပဲ ဆက္လက္ တည္ရွိေနသူတို႔ႏွင့္ ေတြ႕ဆုံခြင့္ေပးခဲ့သည့္အတိုင္း ခြင့္ျပဳေပးမည္ဟု ေျပာသည္။
