Monday, August 3, 2026

လေးမျက်နှာမြို့နယ် ရေကြီးရေလျှံမှုတွင် စပါးခင်းများရေနစ်မြုတ်နေသော်လည်း ဧရာဝတီတိုင်း၏...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ ငဝန်ရေကာတာ တာဘောင်ကျိုး၍ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာတွင် မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧက(၃)သောင်းကျော်အနက် အချို့ မိုးစပါးစိုက်ဧက(၁)သောင်းကျော်၏ စပါးပင်များရေနစ်မြုတ်နေလျက်ရှိကြောင်း သိရသည်။ ထိုသို့ လေးမျက်နှာမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧကများမှ...

သဘာဝပတ်ဝန်းကျင်အရေးနှင့် အာကာသခရီးသွားလုပ်ငန်းတို့အပေါ် ဆွေးနွေးလိုသည့်လူငယ်များအတွက် MASES...

ရန်ကုန်၊ ဩဂုတ် ၃ မြန်မာနိုင်ငံ နက္ခတ္တဗေဒနှင့် သိပ္ပံဝါသနာရှင်များအဖွဲ့ (Myanmar Astronomy & Science Enthusiasts Society - MASES)...

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)...

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude de Baqque က...

International Youth Day 2026...

ရန်ကုန်၊ ဩဂုတ် ၃ International Youth Day 2026 အထိမ်းအမှတ်အဖြစ် လူငယ်များ၏ ဖန်တီးနိုင်စွမ်းကို ဖော်ထုတ်ပြသရန်နှင့် လူငယ်ထုကြား အမှန်တကယ် လိုအပ်နေသည့်...
HomeNewsLocal Newsအာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အမေရိကန်ဒေါ် လာ...

အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အမေရိကန်ဒေါ် လာ ၂၀၀၀၀ ချီးမြှင့်မည့် ၂၀၂၂ ခုနှစ်၊ အာဆီယံဆု(ASEAN Prize 2022)အတွက် အဆိုပြု လျှောက်လွှာများခေါ်ယူနေ

အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အမေရိကန်ဒေါ် လာ ၂၀၀၀၀ ချီးမြှင့်မည့် ၂၀၂၂ ခုနှစ်၊အာဆီယံဆု(ASEAN Prize 2022)အတွက် အဆိုပြု လျှောက်လွှာများခေါ်ယူနေ

ဂုဏ်သိက္ခာကြီးမားသည့် ဒေသဆိုင်ရာဆုတစ်ခုဖြစ်ကာ အမေရိကန်ဒေါ်လာ ၂၀၀၀၀ ချီးမြှင့်မည့် အာဆီယံဆု ချီးမြှင့်ပေးအပ်ရန် ၂၀၂၂ ခုနှစ်၊အာဆီယံဆု(ASEAN Prize 2022)အတွက် အဆိုပြုလျှောက်လွှာများအား အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှခေါ်ယူလျက်ရှိသည်ဟု နစက ၏နိုင်ငံ ခြားရေးဝန်ကြီးဌာနမှထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ အာဆီယံဆုသည် အာဆီယံဒေသတွင်းရှိ လူမှုဘဝများတိုးတက်စေရေး၊လူမှုအဖွဲ့အစည်းများချိတ်ဆက်မှုအားကောင်းစေရေးနှင့်ကပ်ရော ဂါကြောင့်ထိခိုက်မှုများအား ပြန်လည်ထူ ထောင်ရေးအတွက် စံနမူနာအဖြစ် စွမ်းစွမ်းတမံဆောင် ရွက်ပေးကြသည့် လူပုဂ္ဂိုလ်၊အဖွဲ့အစည်းများ၏ အောင်မြင်မှုများအား အသိအမှတ်ပြုပေးအပ်သည့်ဆုဖြစ်သည်။

အဆိုပြုလွှာလျှောက်ထားသူများသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား စွမ်းစွမ်းတမံဆောင် ရွက်မှုများ၊အာဆီယံနှင့်ကမ္ဘာတစ်ဝန်းအကြား စွမ်းစွမ်းတမံဆောင်ရွက်မှုများ၊အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပြည်သူအချင်းချင်းထိတွေ့ဆက်ဆံမှုများ၊အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား စံနှုန်းများမြှင့်တင်ရေးနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများနှင့်အာဆီယံအသိုက်အဝန်း တည်ဆောက်ရေးအတွက် အထောက်အကူဖြစ်စေသည့် စွမ်းစွမ်းတမံဆောင်ရွက်ချက်များအစရှိသည့် နယ်ပယ်များတွင် တစ်ဖက်တစ်လမ်းမှအားဖြည့်ဆောင်ရွက်နေသူများဖြစ်ရမည်ဟု ထုတ်ပြန်ထားသည်။

လက်ရှိတာဝန်ထမ်းဆောင်နေသည့် အာဆီယံအ တွင်းရေးမှူးချုပ်နှင့်အာဆီယံအတွင်းရေးမှူးချုပ် (ဟောင်း)များအပါအဝင် ထင်ရှားသည့်အဆင့်မြင့်ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသည့် အကဲဖြတ်ဒိုင်အဖွဲ့မှ အာဆီယံဆုရရှိသူအား ရွေးချယ်ပေးသွားမည်ဖြစ်သည်။

အာဆီယံဆုရရှိသူအား ကမ္ဘောဒီးယားနိုင်ငံ၊ဖနောင်ပင်မြို့၌ ကျင်းပမည့် အာဆီယံထိပ်သီးအ စည်းအဝေးတွင် အာဆီယံဆုဖလားနှင့်ဆုကြေးငွေ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်သည်။

ဆုလျှောက်ထားမည့် လူပုဂ္ဂိုလ်၊အဖွဲ့အစည်းများ သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံသား(သို့) အာဆီယံအခြေစိုက်အဖွဲ့အစည်းဖြစ်ရမည်ဖြစ်ကာ စည်းမျဉ်းစည်းကမ်းအခြေပြုသည့် ပြည်သူဗဟိုပြုအာဆီယံအသိုက်အဝန်းတည်ဆောက်ရေး လုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်နေသူဖြစ်သည်ကို အထောက်အထားတင်ပြနိုင်သူဖြစ်ရမည်ဟု ကြေညာချက်၌ရေးသားထားသည်။

ထို့ပြင် အာဆီယံအသိုက်အဝန်းတည်ဆောက်ရေးနှင့်အာဆီယံဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများ၌ ပါဝင်ဆောင်ရွက်ခဲ့သည့်ဆောင်ရွက်ချက်များ၊အောင်မြင်မှုများနှင့်အာဆီယံနှင့် ပတ်သက် ၍ ရှေ့ဆက်ဆောင်ရွက်မည့်အစီအစဉ်များအား စာမျက်နှာ ၃ မျက်နှာမှ ၅ မျက်နှာကြား အင်္ဂလိပ်ဘာသာဖြင့် အဆိုပြလျှောက်လွှာ၌ အကျဥ်းချုပ်ရေးသားဖော်ပြရမည်ဖြစ်သည်။

အဆိုပြလျှောက်လွှာများအား ၂၀၂၂ ခုနှစ်၊ဖေ ဖော်ဝါရီ ၄ ရက်မှ ဧပြီ ၂၅ ရက်အထိ လက်ခံပေးသွားမည်ဖြစ်ပြီး အာဆီယံရေးရာဦးစီးဌာန၊နိုင်ငံ ခြားရေးဝန်ကြီးဌာန၊ရုံးအမှတ်(၉)၊နေပြည်တော် (သို့) [email protected] သို့ပေးပို့လျှောက် ထားနိုင်ကြောင်း သိရသည်။

အဆိုပါ အာဆီယံဆုအား ၂၀၁၈ ခုနှစ်မှစတင်ချီးမြှင့်ပေးအပ်ခဲ့ပြီး ဖိလစ်ပိုင်၊မလေးရှား၊စင်ကာပူ နှင့်ထိုင်းနိုင်ငံတို့မှ ဆုများရရှိထားသည်။

zaw gyi

အာဆီယံအတြင္းေရးမႉးခ်ဳပ္႐ုံးမွ အေမရိကန္ေဒၚ လာ ၂၀၀၀၀ ခ်ီးျမႇင့္မည့္ ၂၀၂၂ ခုႏွစ္၊အာဆီယံဆု(ASEAN Prize 2022)အတြက္ အဆိုျပဳ ေလွ်ာက္လႊာမ်ားေခၚယူေန

ဂုဏ္သိကၡာႀကီးမားသည့္ ေဒသဆိုင္ရာဆုတစ္ခုျဖစ္ကာ အေမရိကန္ေဒၚလာ ၂၀၀၀၀ ခ်ီးျမႇင့္မည့္ အာဆီယံဆု ခ်ီးျမႇင့္ေပးအပ္ရန္ ၂၀၂၂ ခုႏွစ္၊အာဆီယံဆု(ASEAN Prize 2022)အတြက္ အဆိုျပဳေလွ်ာက္လႊာမ်ားအား အာဆီယံအတြင္းေရးမႉးခ်ဳပ္႐ုံးမွေခၚယူလ်က္ရွိသည္ဟု နစက ၏ႏိုင္ငံ ျခားေရးဝန္ႀကီးဌာနမွထုတ္ျပန္ေၾကညာခဲ့သည္။

အဆိုပါ အာဆီယံဆုသည္ အာဆီယံေဒသတြင္းရွိ လူမႈဘဝမ်ားတိုးတက္ေစေရး၊လူမႈအဖြဲ႕အစည္းမ်ားခ်ိတ္ဆက္မႈအားေကာင္းေစေရးႏွင့္ကပ္ေရာ ဂါေၾကာင့္ထိခိုက္မႈမ်ားအား ျပန္လည္ထူ ေထာင္ေရးအတြက္ စံနမူနာအျဖစ္ စြမ္းစြမ္းတမံေဆာင္ ႐ြက္ေပးၾကသည့္ လူပုဂၢိဳလ္၊အဖြဲ႕အစည္းမ်ား၏ ေအာင္ျမင္မႈမ်ားအား အသိအမွတ္ျပဳေပးအပ္သည့္ဆုျဖစ္သည္။

အဆိုျပဳလႊာေလွ်ာက္ထားသူမ်ားသည္ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ားအၾကား စြမ္းစြမ္းတမံေဆာင္ ႐ြက္မႈမ်ား၊အာဆီယံႏွင့္ကမာၻတစ္ဝန္းအၾကား စြမ္းစြမ္းတမံေဆာင္႐ြက္မႈမ်ား၊အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ားအၾကား ျပည္သူအခ်င္းခ်င္းထိေတြ႕ဆက္ဆံမႈမ်ား၊အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ားအၾကား စံႏႈန္းမ်ားျမႇင့္တင္ေရးႏွင့္ စီးပြားေရးပူးေပါင္း ေဆာင္႐ြက္မႈမ်ားႏွင့္အာဆီယံအသိုက္အဝန္း တည္ေဆာက္ေရးအတြက္ အေထာက္အကူျဖစ္ေစသည့္ စြမ္းစြမ္းတမံေဆာင္႐ြက္ခ်က္မ်ားအစရွိသည့္ နယ္ပယ္မ်ားတြင္ တစ္ဖက္တစ္လမ္းမွအားျဖည့္ေဆာင္႐ြက္ေနသူမ်ားျဖစ္ရမည္ဟု ထုတ္ျပန္ထားသည္။

လက္ရွိတာဝန္ထမ္းေဆာင္ေနသည့္ အာဆီယံအ တြင္းေရးမႉးခ်ဳပ္ႏွင့္အာဆီယံအတြင္းေရးမႉးခ်ဳပ္ (ေဟာင္း)မ်ားအပါအဝင္ ထင္ရွားသည့္အဆင့္ျမင့္ပုဂၢိဳလ္မ်ားျဖင့္ ဖြဲ႕စည္းထားသည့္ အကဲျဖတ္ဒိုင္အဖြဲ႕မွ အာဆီယံဆုရရွိသူအား ေ႐ြးခ်ယ္ေပးသြားမည္ျဖစ္သည္။

အာဆီယံဆုရရွိသူအား ကေမာၻဒီးယားႏိုင္ငံ၊ဖေနာင္ပင္ၿမိဳ႕၌ က်င္းပမည့္ အာဆီယံထိပ္သီးအ စည္းအေဝးတြင္ အာဆီယံဆုဖလားႏွင့္ဆုေၾကးေငြ ခ်ီးျမႇင့္ေပးအပ္သြားမည္ျဖစ္သည္။

ဆုေလွ်ာက္ထားမည့္ လူပုဂၢိဳလ္၊အဖြဲ႕အစည္းမ်ား သည္ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ားမွ ႏိုင္ငံသား(သို႔) အာဆီယံအေျခစိုက္အဖြဲ႕အစည္းျဖစ္ရမည္ျဖစ္ကာ စည္းမ်ဥ္းစည္းကမ္းအေျချပဳသည့္ ျပည္သူဗဟိုျပဳအာဆီယံအသိုက္အဝန္းတည္ေဆာက္ေရး လုပ္ငန္းမ်ား၌ ပါဝင္ေဆာင္႐ြက္ေနသူျဖစ္သည္ကို အေထာက္အထားတင္ျပႏိုင္သူျဖစ္ရမည္ဟု ေၾကညာခ်က္၌ေရးသားထားသည္။

ထို႔ျပင္ အာဆီယံအသိုက္အဝန္းတည္ေဆာက္ေရးႏွင့္အာဆီယံေဒသတြင္း ပူးေပါင္းေဆာင္႐ြက္မႈမ်ား၌ ပါဝင္ေဆာင္႐ြက္ခဲ့သည့္ေဆာင္႐ြက္ခ်က္မ်ား၊ေအာင္ျမင္မႈမ်ားႏွင့္အာဆီယံႏွင့္ ပတ္သက္ ၍ ေရွ႕ဆက္ေဆာင္႐ြက္မည့္အစီအစဥ္မ်ားအား စာမ်က္ႏွာ ၃ မ်က္ႏွာမွ ၅ မ်က္ႏွာၾကား အဂၤလိပ္ဘာသာျဖင့္ အဆိုျပေလွ်ာက္လႊာ၌ အက်ဥ္းခ်ဳပ္ေရးသားေဖာ္ျပရမည္ျဖစ္သည္။

အဆိုျပေလွ်ာက္လႊာမ်ားအား ၂၀၂၂ ခုႏွစ္၊ေဖ ေဖာ္ဝါရီ ၄ ရက္မွ ဧၿပီ ၂၅ ရက္အထိ လက္ခံေပးသြားမည္ျဖစ္ၿပီး အာဆီယံေရးရာဦးစီးဌာန၊ႏိုင္ငံ ျခားေရးဝန္ႀကီးဌာန၊႐ုံးအမွတ္(၉)၊ေနျပည္ေတာ္ (သို႔) [email protected] သို႔ေပးပို႔ေလွ်ာက္ ထားႏိုင္ေၾကာင္း သိရသည္။

အဆိုပါ အာဆီယံဆုအား ၂၀၁၈ ခုႏွစ္မွစတင္ခ်ီးျမႇင့္ေပးအပ္ခဲ့ၿပီး ဖိလစ္ပိုင္၊မေလးရွား၊စင္ကာပူ ႏွင့္ထိုင္းႏိုင္ငံတို႔မွ ဆုမ်ားရရွိထားသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လေးမျက်နှာမြို့နယ် ရေကြီးရေလျှံမှုတွင် စပါးခင်းများရေနစ်မြုတ်နေသော်လည်း ဧရာဝတီတိုင်း၏ ဆန်ဖူလုံမှုအတွက် စိုးရိမ်စရာမရှိ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ ငဝန်ရေကာတာ တာဘောင်ကျိုး၍ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာတွင် မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧက(၃)သောင်းကျော်အနက် အချို့ မိုးစပါးစိုက်ဧက(၁)သောင်းကျော်၏ စပါးပင်များရေနစ်မြုတ်နေလျက်ရှိကြောင်း သိရသည်။ ထိုသို့ လေးမျက်နှာမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧကများမှ စပါးပင်များရေနစ်မြုတ်နေသော်လည်း ဧရာဝတီတိုင်း၏ ဆန်ဖူလုံမှုသည်(၄၇၃)ရာခိုင်နှုန်းကျော်ရှိနေ၍ ဆန်ဖူလုံမှုအတွက်စိုးရိမ်ပူပန်စရာမရှိဟု တိုင်းအစိုး ရအဖွဲ့ကအသိပေးထားကြောင်း သိရသည်။ ထို့ပြင် စပါးပင်များသည် ရေနစ်မြုပ်မှုအား(၁၄)ရက်ခန်ခံနိုင်ရည်ရှိရာ လက်ရှိကာအတွင်း ရေပြန်လည်ကျဆင်းသွားပါက စပါးပင်များထိခိုက်မှုမရှိနိုင်ကြောင်း တိုင်းအစိုးရအဖွဲ့ကအသိပေးခဲ့ကြောင်း သိရသည်။ ဧရာဝတီတိုင်း၌ မိုးစပါးအားစိုက်ဧက(၃ ဒသမ ၇)သန်းတွင်စိုက်ပျိုးထား၍ လေးမျက်နှာမြို့နယ်၏ မိုးစပါးစိုက်ဧကများအတွင်းရေနစ်မြုပ်မှုသည် တိုင်းစပါးစိုက်ဧက၏(၀ ဒသမ ၃၁)ရာခိုင်နှုန်းသာရှိရာ မိုးစပါးစိုက်ပျိုးမှုအပေါ် ကြီးမားသည့်ထိခိုက်မှုမရှိနိုင်ဟု တိုင်းအစိုးရအဖွဲ့ကအသိပေးခဲ့ကြောင်း သိရသည်။

သဘာဝပတ်ဝန်းကျင်အရေးနှင့် အာကာသခရီးသွားလုပ်ငန်းတို့အပေါ် ဆွေးနွေးလိုသည့်လူငယ်များအတွက် MASES မှ သုံးရက်ကြာ သင်တန်းပြုလုပ်မည်

ရန်ကုန်၊ ဩဂုတ် ၃ မြန်မာနိုင်ငံ နက္ခတ္တဗေဒနှင့် သိပ္ပံဝါသနာရှင်များအဖွဲ့ (Myanmar Astronomy & Science Enthusiasts Society - MASES) က သဘာဝပတ်ဝန်းကျင်အရေး၊ အလင်းညစ်ညမ်းမှု (Light Pollution) နှင့် အာကာသခရီးသွားလုပ်ငန်း (Astrotourism) တို့အပေါ် ကျိုးကြောင်းခိုင်လုံစွာ ဆွေးနွေးလိုသည့် စိတ်အားထက်သန်သော လူငယ်များအတွက် သုံးရက်ကြာ အခမဲ့သင်တန်း ပြုလုပ်မည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။ အဆိုပါ သင်တန်းတွင် အလင်းညစ်ညမ်းမှုနှင့် ဂေဟစနစ် ထိခိုက်မှုများ၏ အခြေခံသဘောတရားများ၊ ရှုပ်ထွေးမှုများနှင့် လက်တွေ့အသုံးချမှုများကို Public...

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ လာရောက် တွေ့ဆုံ နေပြည်တော် ဩဂုတ် ၃

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude de Baqque က ယနေ့ နံနက်ပိုင်းတွင် လာရောက် တွေ့ဆုံခဲ့ပါသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071