ထိုင်းနိုင်ငံတွင်ကျင်းပမည့် အာဆီယံ ယူ- ၁၉ ဖူဆယ်ပြိုင်ပွဲဝင်ရန် မြန်မာ့လက်ရွေးစင် ယူ-၁၉ ဖူဆယ်အသင်းကို စတင်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။
အာဆီယံ ယူ- ၁၉ ပြိုင်ပွဲဝင်ကို လာမည့် ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်မည်ဖြစ်သဖြင့် မြန်မာ ယူ-၁၉ ဖူဆယ်အသင်းကို အောက်တိုဘာ (၁၁)ရက်နှင့် (၁၂) ရက်တို့တွင် ရန်ကုန်မြို့ရှိ MFF Futsal Stadium တွင် လူရွေးချယ်ပွဲကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် မြန်မာ့လက်ရွေးစင် ယူ-၁၉ ဖူဆယ်အသင်းဖွဲ့စည်းရန်အတွက် FIFA / MFF U-19 Futsal Youth League 2025 ပြိုင်ပွဲမှ ရွေးချယ်ထားသော ကစားသမားများနှင့် မန္တလာ ယူ-၁၉ ပြိုင်ပွဲမှ ရွေးချယ်ထားသော ကစားသမားများကို လူရွေးပွဲတွင် ယှဉ်ပြိုင်ကစားစေပြီး ပဏာမ ကစားသမားများအဖြစ် ရွေးချယ်သွားမည်ဖြစ်သည်။
အသင်းကို နည်းပြချုပ်အဖြစ် MFF Carabao Champion Cup 2025 ပြိုင်ပွဲတွင် Winner Generations FC အသင်းကို ချန်ပီယံဆုရရှိအောင် စွမ်းဆောင်ပေးခဲ့သော ဦးကျော်စိုးမိုးက တာဝန်ယူကိုင်တွယ်သွားမည် ဖြစ်သည်။
