Saturday, May 2, 2026

လေယာဉ်တင်သင်္ဘောတစ်စင်း အင်ဒိုနီးရှားသို့ အီတလီက အခမဲ့ပေးမည်

အီတလီနိုင်ငံသည် လေယာဉ်တင်သင်္ဘော ဂယ်ရီဘောလ်ဒီ (Garibaldi) ကို အင်ဒိုနီးရှားသို့ လွှဲပြောင်းပေးမည့် အစီအစဉ်များကို အပြီးသတ် အတည်ပြုလိုက်ပြီဖြစ်သည်။ အီတလီအောက်လွှတ်တော်၏ နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဆိုင်ရာ ပူးတွဲကော်မတီများက...

နိုင်ငံရေးအခြေအနေကြောင့် မီးလေ-ာင်ပျ-က်စီးခဲ့သည့် ကော့ကရိတ်မြို့မှ နေအိမ်...

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးအခြေအနေများကြောင့် ရပ်ကွက် ၁၊ ရပ်ကွက် ၂၊ ရပ်ကွက် ၄၊ ရပ်ကွက် ၅၊ ရပ်ကွက် ၆၊...

​အိန္ဒိယရေတပ်ဦးစီးချုပ် ရန်ကုန်သို့ ရောက်ရှိ၊ ဒုတိယဝန်ကြီးများနှင့်...

​ခရီးစဉ်အတွင်း ရန်ကုန်မြို့ရှိ India House တွင် ဂုဏ်ပြုညစာစားပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့ရာ အိန္ဒိယရေတပ်ဦးစီးချုပ်သည် မြန်မာအစိုးရကိုယ်စားလှယ်များဖြစ်ကြသည့် ​နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်၊​ ပို့...

ရန်ကုန်နှင့် ဧရာဝတီတွင် မီးလေ-ာင်မှုများဖြစ်ပွားပြီး မီးသတ်တပ်ဖွဲ့များ...

ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် မီးလေ-ာင်မှုဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ဝင်များက အချိန်မီ သွားရောက်ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ မြသိန်းတန်ရပ်ကွက်၊ မော်ကျွန်း-ဝါးခယ်မကားလမ်းပေါ်ရှိ စက်သုံးဆီဆိုင်တစ်ဆိုင်တွင်...
HomeNewsLocal Newsအာဆီယံပတ်ဝန်းကျင်ဆိုင်ရာ အစည်းအဝေးတွင် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး၊...

အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ အစည်းအဝေးတွင် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး၊ မီးခိုးမြူငွေ့လျှော့ချရေးကိစ္စများ ပါဝင်

(၁၈)ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို မလေးရှားနိုင်ငံမှ Hybrid စနစ်ဖြင့် အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိရာ မြန်မာနိုင်ငံမှလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးကို စက်တင်ဘာ ၂ ရက်မှ ၄ ရက်အထိကျင်းပလျက်ရှိရာ အစည်းအဝေးဒုတိယနေ့ဖြစ်သည့် စက်တင်ဘာ ၃ ရက်တွင် ဥက္ကဌအဖြစ် မလေးရှားနိုင်ငံသယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေးဝန်ကြီးဌာန ခေတ္တဝန်ကြီး Datuk Seri Johari Abdul Ghaniနှင့် ဒုတိယဥက္ကဌအဖြစ် မြန်မာနိုင်ငံသယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူတို့ကဆောင်ရွက်ပြီး အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

အစည်းအဝေးပထမပိုင်းတွင် အာဆီယံဒေသတွင်း ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး၊ ပင်လယ်ကမ်းရိုးတန်း၊ ရေသယံဇာတ၊ ရာသီဥတုပြောင်းလဲမှုလျှော့ချရေး၊ဓာတုစွန့်ပစ်ပစ္စည်းများ၊ ပတ်ဝန်းကျင်ဆိုင်ရာပညာပေးရေစ၊ ရေရှည်တည်တံ့သော ထုတ်လုပ်မှုနှင့်စားသုံးမှုများဆိုင်ရာ အစီရင်ခံစာများနှင့်ရလဒ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဒုတိယပိုင်း၌ အာဆီယံဒေသတွင်း Fire Hotspot နှင့် မီးခိုးမြူငွေ့ဖြစ်ပေါ်မှုအခြေအနေ၊ ခြောက်သွေ့ရာသီတွင် မီးခိုးမြူငွေ့ဖြစ်ပေါ်နိုင်သည့် မိုးလေဝသခန့်မှန်းချက်နှင့် နိုင်ငံအလိုက် မီးခိုးမြူငွေ့လျှော့ချရေး ဆောင်ရွက်နေမှုအခြေအနေများ၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ အာဆီယံပူးပေါင်းဆောင်ရွက်ရေး လမ်းပြမြေပုံ(၂၀၂၃-၂၀၃၀)၊ အာဆီယံသစ်ဆွေးမြေ စီမံအုပ်ချုပ်မှုမဟာဗျူဟာ(၂၀၂၃-၂၀၃၀)နှင့် မီးခိုးမြူငွေ့ကင်းစင်၍ ရေရှည်တည်တံ့သော မြေယာစီမံခန့်ခွဲရေးအတွက် အာဆီယံရင်းနှီးမြှုပ်နှံမှု မူဘောင်တို့ကို အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေ၊ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ အာဆီယံညှိနှိုင်းရေးဗဟိုဌာန တည်ထောင်ရေးဆောင်ရွက်မှုအခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လေယာဉ်တင်သင်္ဘောတစ်စင်း အင်ဒိုနီးရှားသို့ အီတလီက အခမဲ့ပေးမည်

အီတလီနိုင်ငံသည် လေယာဉ်တင်သင်္ဘော ဂယ်ရီဘောလ်ဒီ (Garibaldi) ကို အင်ဒိုနီးရှားသို့ လွှဲပြောင်းပေးမည့် အစီအစဉ်များကို အပြီးသတ် အတည်ပြုလိုက်ပြီဖြစ်သည်။ အီတလီအောက်လွှတ်တော်၏ နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဆိုင်ရာ ပူးတွဲကော်မတီများက ယင်းသင်္ဘောအား အခမဲ့လွှဲပြောင်းပေးနိုင်မည့် ဝန်ကြီးဌာန၏ အမိန့်ဒီကရီကို ထောက်ခံပေးခဲ့ပြီးနောက် အီတလီအထက်လွှတ်တော်က ယင်းအစီအစဉ်ကို အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။ လွှတ်တော်၏ အတည်ပြုချက်ရရှိပြီးဖြစ်၍ သင်္ဘောလွှဲပြောင်းပေးအပ်ခြင်းကို ၂၀၂၆ ခုနှစ် ဒီဇင်ဘာလတွင် ပြုလုပ်ရန် မျှော်မှန်းထားပြီး အင်ဒိုနီးရှားရေတပ်တွင် တရားဝင်တာဝန်ထမ်းဆောင်မည်ဖြစ်သည်။ ဂယ်ရီဘောလ်ဒီ သင်္ဘောသည် တစ်ချိန်က အီတလီရေတပ်၏ ထင်ရှားသောသင်္ဘောတစ်စင်းဖြစ်ခဲ့ပြီး ဘော်လ်ကန်ဒေသရှိ နေတိုးစစ်ဆင်ရေးများနှင့် စစ်အေးတိုက်ပွဲအလွန် တပ်ဖြန့်မှုများတွင်...

နိုင်ငံရေးအခြေအနေကြောင့် မီးလေ-ာင်ပျ-က်စီးခဲ့သည့် ကော့ကရိတ်မြို့မှ နေအိမ် (၁,၅၅၄) လုံးပြန်လည်ဆောက်လုပ်ရန် ဘိလပ်မြေနှင့် သွပ်များထောက်ပံ့မည်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးအခြေအနေများကြောင့် ရပ်ကွက် ၁၊ ရပ်ကွက် ၂၊ ရပ်ကွက် ၄၊ ရပ်ကွက် ၅၊ ရပ်ကွက် ၆၊ ရပ်ကွက် ၇ တို့ရှိ နေအိမ် (၁,၅၅၄) လုံးမှာ မီးလေ-ာင်ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ကော့ကရိတ်မြို့ပြန်လည်တည်ငြိမ်အေး ချမ်းလာချိန်၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယင်း မီးလေ-ာင်ပျ-က်စီးခဲ့သည့် နေအိမ်များအား ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ကော့ကရိတ်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက ယနေ့ မေ ၂ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။ " ပြန်လည်တူထောင်ဖို့အတွက် အရင်ဆုံးနေအိမ်ပိုင်ရှင်က ကိုယ့်မြေနေရာကိုသန့်ရှင်းရေးလုပ်ပြီး သက်ဆိုင်ရာကိုသတင်းပို့ရမယ်။...

​အိန္ဒိယရေတပ်ဦးစီးချုပ် ရန်ကုန်သို့ ရောက်ရှိ၊ ဒုတိယဝန်ကြီးများနှင့် India House တွင် တွေ့ဆုံ​​မြန်မာ့တပ်မတော် (ရေ) ၏ ဖိတ်ကြားမှုဖြင့် အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Dinesh Kumar Tripathi ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့က ရန်ကုန်မြို့သို့ ရောက်ရှိလာကြောင်း အိန္ဒိယသံရုံးက ယနေ့တွင်ထုတ်ပြန်သည်။​​အိန္ဒိယရေတပ်ဦးစီးချုပ်နှင့် အဖွဲ့အား...

​ခရီးစဉ်အတွင်း ရန်ကုန်မြို့ရှိ India House တွင် ဂုဏ်ပြုညစာစားပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့ရာ အိန္ဒိယရေတပ်ဦးစီးချုပ်သည် မြန်မာအစိုးရကိုယ်စားလှယ်များဖြစ်ကြသည့် ​နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်၊​ ပို့ ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းလူတို့နှင့် တွေ့ဆုံခဲ့ကြသည်။ ​အဆိုပါ တွေ့ဆုံပွဲတွင် နှစ်နိုင်ငံ ရေတပ်အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေး၊ ဒေသတွင်းရေကြောင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် ပို့ဆောင်ရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071