Thursday, April 30, 2026

မအူပင်မြို့တွင် ကဆုန်လပြည့်‌နေ့အထိမ်းအမှတ် ညောင်ရေသွန်းလောင်းပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပမှု...

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့တွင် ညောင်ရေသွန်းလောင်းပူဇော်ပွဲအခမ်းအနားကို ဧပြီလ (၃၀) ရက်နေ့ နံနက်ပိုင်းက ရွှေဘုန်းမြင့်ဘုရားရှေ့၌ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

ရွှေဘိုအကျဉ်းထောင်မှ အကျဉ်းသား (၆) ဦး...

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၊ အမှတ် (၁၀) ရပ်ကွက်ရှိ ရွှေဘိုအကျဥ်းထောင်တွင် ပြစ်ဒ-ဏ်ကျခံလျက်ရှိသော အကျဉ်းသား (၆) ဦးတို့အား လွတ်ငြိမ်းသက်သာဖြင့် ဧပြီလ (၃၀)...

ဝန်းသိုမြို့တွင် ကဆုန်ညောင်ရေသွန်းပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့၊ စစ်ကဲကြီးရပ်ကွက်၊ မဟာမှန်ကျောင်းကျောင်းတိုက်၊ စတုဗုဒ္ဓမဟာအတုလစေတီတော်မြတ်ကြီးရှိ မဟာဗောဓိညောင်ပင်တွင် ဧပြီလ (၃၀) ရက် ကဆုန်လပြည့်နေ့ နံနက်က ကဆုန်ညောင်ရေသွန်းပွဲ တော်ကျင်းပသည်။ မြန်မာသက္ကရာဇ်...
HomeMoviesအာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးအောင်မျိုးမြင့်နှင့်...

အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးအောင်မျိုးမြင့်နှင့် အာဆီယံဆိုင်ရာ ဘရာဇီးလ်သံအမတ်ကြီး၊ ဆားဘီးယားသံအမတ်ကြီးတို့တွေ့ဆုံ   မြန်မာ-ဘရာဇီးလ်၊ မြန်မာ-ဆားဘီးယား နှစ်နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန်ဆွေးနွေး

အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးအောင်မျိုးမြင့်သည် အာဆီယံဆိုင်ရာ ဘရာဇီးလ်သံအမတ်ကြီး H.E. Henrique Archanjo Ferraro ၊ အာဆီယံဆိုင်ရာ ဆားဘီးယားသံအမတ်ကြီး H.E Ivana Golubovic Duboka တို့နှင့် သီးခြားစီတွေ့ဆုံခဲ့သည်။

အာဆီယံဆိုင်ရာ ဘရာဇီးလ်သံအမတ်ကြီး H.E. Henrique Archanjo Ferraro နှင့် ဧပြီ ၂၇ ရက်ကတွေ့ ဆုံ၍ မြန်မာ-ဘရာဇီးလ်နှစ်နိုင်ငံကြား ရှိရင်းစွဲချစ် ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့်ပူးပေါင်းဆောင်ရွက်မှုများအရှိန်မြှင့်တင်ရေး၊ အာဆီယံနှင့် ဘရာဇီးလ်နိုင်ငံကြား ကဏ္ဍအလိုက်ဆွေးနွေးဖက်/မိတ်ဖက်ဆက်ဆံရေးအောက်ရှိ ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာအားကောင်းစေရေးနှင့် အနာဂတ်ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များ ပိုမိုတိုးမြှင့်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မြန်မာအမြဲတမ်းကိုယ်စားလှယ်က အာဆီယံဆိုင်ရာ ဘရာဇီးလ်သံအမတ်ကြီးအား မြန်မာနိုင်ငံ၏ ပြည်တွင်းဖြစ်ပေါ်တိုးတက်မှုများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့အတူ ဧပြီ ၆ ရက်ကလည်း အာဆီယံဆိုင်ရာ ဆားဘီးယားသံအမတ်ကြီး H.E Ivana Golubovic Duboka နှင့်တွေ့ဆုံ၍ ဆားဘီးယားနိုင်ငံအနေဖြင့် အာဆီယံနှင့် နှစ်ဖက်အကျိုးရှိစေမည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်၊ အာဆီယံနှင့် ဆက်စပ်အဖွဲ့အစည်းများတွင် ပူးပေါင်းဆောင်ရွက်ရန် အလားအလာရှိသည်များကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မြန်မာအမြဲတမ်းကိုယ်စားလှယ်က မြန်မာနိုင်ငံနှင့် ဆားဘီးယားနှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်နိုင်မည့်အခြေအနေများကိုလည်း ဆွေးနွေးပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မအူပင်မြို့တွင် ကဆုန်လပြည့်‌နေ့အထိမ်းအမှတ် ညောင်ရေသွန်းလောင်းပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပမှု မြင်ကွင်း။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့တွင် ညောင်ရေသွန်းလောင်းပူဇော်ပွဲအခမ်းအနားကို ဧပြီလ (၃၀) ရက်နေ့ နံနက်ပိုင်းက ရွှေဘုန်းမြင့်ဘုရားရှေ့၌ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

ရွှေဘိုအကျဉ်းထောင်မှ အကျဉ်းသား (၆) ဦး လွတ်ငြိမ်းခွင့်ပြု

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၊ အမှတ် (၁၀) ရပ်ကွက်ရှိ ရွှေဘိုအကျဥ်းထောင်တွင် ပြစ်ဒ-ဏ်ကျခံလျက်ရှိသော အကျဉ်းသား (၆) ဦးတို့အား လွတ်ငြိမ်းသက်သာဖြင့် ဧပြီလ (၃၀) ရက် နံနက်ပိုင်းက လွတ်ပေးခဲ့ကြောင်းသိရသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ ဧပြီလ (၃၀) ရက်ရက်စွဲပါ အမိန့် အမှတ် (၅၁/၂၀၂၆)၊ ပြစ်ဒ-ဏ်လွတ်ငြိမ်းခွင့် အမိန့်ဖြင့် လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ကျရောက်သည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်ဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့်...

ဝန်းသိုမြို့တွင် ကဆုန်ညောင်ရေသွန်းပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့၊ စစ်ကဲကြီးရပ်ကွက်၊ မဟာမှန်ကျောင်းကျောင်းတိုက်၊ စတုဗုဒ္ဓမဟာအတုလစေတီတော်မြတ်ကြီးရှိ မဟာဗောဓိညောင်ပင်တွင် ဧပြီလ (၃၀) ရက် ကဆုန်လပြည့်နေ့ နံနက်က ကဆုန်ညောင်ရေသွန်းပွဲ တော်ကျင်းပသည်။ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့် (ဗုဒ္ဓနေ့) တွင် နှစ်စဉ်မပျက် ကျင်းပကြသည့် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီတို့မှ ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်သည်။ ကဆုန်ညောင်ရေသွန်းပွဲတော်တွင် ကောလင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး သိန်းဇော်လင်းနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ရဲမှူး ကျော်ဆန်းဝင်းနှင့်အဖွဲ့ဝင်များ၊ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ဝန် ထမ်းများ၊ ဒေသခံပြည်သူများက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071