Wednesday, December 17, 2025

အာကာသပြတိုက် (ရန်ကုန်) ဖွင့်လှစ်ချိန် တိုးမြှင့်

ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်၌ ဖွင့်လှစ်ထားသည့် အာကာသပြတိုက်(ရန်ကုန်)သို့ လာရောက် ကြည့်ရှုလေ့လာသူများပြားလွန်းသည့်အတွက် စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များတွင် အချိန်တိုးမြှင့်၍ ဖွင့်လှစ်လျက်ရှိကြောင်း အာကာသပြတိုက်(ရန်ကုန်)...

မြို့နယ် (၇၂) မြို့တွင် ရွေးကောက်ပွဲတတိယပိုင်း...

ရွေးကောက်ပွဲတတိယပိုင်းကို မြို့နယ် (၇၂) မြို့တွင် ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားခြင်း ဖြစ်သည်။ ကချင်ပြည်နယ်၊...

အခွန်အယူခံမှုများကို လက်ခံ၊ ကြားနာ၊ စစ်ဆေး၊...

အခွန်အယူခံမှုများကို လက်ခံ၊ ကြားနာ၊ စစ်ဆေး၊ ဆုံးဖြတ်ရာတွင် ရှင်းလင်းပြီး ပြည့်စုံသောအချက်အလက်များ ပါဝင်နိုင်စေရန် နိုင်ငံတော်နှင့်အခွန်ထမ်းများအတွက် တရားမျှတသော အခွန်အယူခံမှုဆိုင်ရာ လုပ်ငန်းစဉ်များ ပေါ်ပေါက်လာစေရန်အတွက်...

ခရီးသွားလုပ်ငန်းလွယ်ကူချောမွေ့စေရေး ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ်တို့ ဆွေးနွေး

ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ပုဂ္ဂလိကအသင်းအဖွဲ့များအချင်းချင်း နားလည်မှုစာချွန်လွှာများ ရေးထိုးဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံခရီးသွားလုပ်ငန်းများ မြှင့်တင်ရေးအတွက် ဆွေးနွေး (၄)ကြိမ်မြောက် ကမ္ဘောဒီးယား-မြန်မာခရီးသွားလုပ်ငန်းအဖွဲ့အစည်းအဝေး၊ အစားအစာပြပွဲ နှင့် ကုန်းလမ်းနှင့် နယ်စပ်ဖြတ်ကျော် ခရီးသွားလုပ်ငန်းလွယ်ကူချောမွေ့စေရေးဆိုင်ရာဆွေးနွေးပွဲကို...
HomeNewsLocal Newsအသိပညာပေးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ကိုကာကွယ်ဖို့ ​ကျောင်းတွင်းမှစတင်...

အသိပညာပေးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ကိုကာကွယ်ဖို့ ​ကျောင်းတွင်းမှစတင် ပြင်ဆင်နေ

ရန်ကုန်တိုင်းဒေသကြီး သင်္ကန်းကျွန်းမြို့နယ် အမှတ် (၁၅) အခြေခံပညာ မူလတန်းကျောင်းတွင် ကျောင်းသူ ကျောင်းသား ၅၀ ခန့်သည် အစားအစာ၊ အမှိုက်များ၊ သစ်ရွက်ခြောက်များနှင့် မြေဆီလွှာများကို ၎င်းတို့၏ ဥယျာဉ်အတွက်မြေဆွေးအဖြစ် မည်သို့​ပြောင်းလဲအသုံးပြုနိုင်ကြောင်း သင်ယူခဲ့ကြသည်။

အဆိုပါ သင်ခန်းစာသည် သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနလက်အောက်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက စီစဉ်သည့် ပတ်ဝန်းကျင်အသိပညာပေးအစီအစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး ဘိုကာရှီ မြန်မာ (Bokashi Myanmar) နှင့် ပူးပေါင်း၍ သြဂဲနစ် စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြုရန် လေ့ကျင့်သင်ကြားပေးခြင်းဖြစ်သည်။

အမှိုက်ခွဲခြင်းစနစ် “အစို၊ အခြောက်နှင့်အန္တရာယ်ရှိ​သော အမှိုက်ပုံးသုံးပုံးခွဲခြားခြင်း၊ အမှိုက်ကိုမြေဆွေးဖြစ်အောင် လုပ်နည်းတို့ကိုသင်ကြားကြသည်။

ကျောင်းသည် ၃ နှစ်တာကာလအတွင်း ခရိုင်အဆင့် “သန့်ရှင်း စိမ်းလန်းမှု” ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုများ နှစ်ကြိမ်တိုင်ရရှိခဲ့သည်။ ပုလင်းများ၊ ကတ်ထူပြား သို့မဟုတ် တူချောင်းများကို စွန့်ပစ်မည့်အစား ကျောင်းသားများသည် ၎င်းတို့အား လက်မှုပညာနှင့် စာသင်ခန်းသုံးကိရိယာများအဖြစ် ပြန်လည်ပုံဖော်ကြသည်။

“စွန့်ပစ်ပစ္စည်း ပြန်လည်အသုံးပြုခြင်းနှင့် တန်ဖိုးမြှင့်အသုံးချခြင်းတို့ကို လေ့လာသင်ယူပြီးနောက် ကျောင်းသားတို့၏ အကျင့်စရို-က်အလေ့အထများတိုးတက်လာသည်” ဟု ​ကျောင်းအုပ်ကြီးဒေါ်ချောစုထွေးက ပြောသည်။ “သူတို့က အမှိုက်တွေကို ဂရုတစိုက်ခွဲထုတ်တယ်၊ အဖွဲ့လိုက်လုပ်တယ်၊ အိမ်မှာတောင် ပြန်လည်အသုံးချခြင်းနှင့် တန်ဖိုးမြှင့်အသုံးချခြင်းတို့ကို လေ့ကျင့်ကြတယ်။ ကျောင်းသားတွေက ဒီလိုဖန်တီးမှု အလုပ်ကိုလုပ်ရတာ ပျော်နေကြတယ်” ဟု၄င်းက ဆိုသည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်နိုင်မိုးက အဆိုပါ အစီအစဉ်သည် ကျောင်းများမှ မိသားစုများနှင့် လူမှုအသိုင်းအဝိုင်းများဆီသို့ ပျံ့နှံ့သွားစေရန် ရည်ရွယ်ထားကြောင်း သိရသည်။

“ကျွန်တော်တို့ရဲ့ အသိပညာပေးအစီအစဉ်နဲ့ မြေဆွေးပြုလုပ်ခြင်းလုပ်ငန်းတွေက အမှိုက်တွေကို စနစ်တကျ ခွဲထုတ်ဖို့ ရည်ရွယ်ပါတယ်။ ” ဟု ၎င်းက ပြောသည်။

လူတိုင်းကလည်း မလိုအပ်ဘဲသုံးခြင်းကိုမလုပ်သည့် Refuse၊ ပြန်လည်အသုံးပြု၍ရသည့်ပစ္စည်းကိုပြန်သုံးသည့် Reuse၊ လိုအပ်သ​လောက်​လေးပဲလျော့သုံးခြင်း Reduce၊ ပြန်လည်ပြုပြင်သုံးစွဲခြင်း Recycle အစရှိသည့် R’s များကို နိုင်ငံသားအားလုံးကသတိနှင့် စွဲမြဲ​အောင်လုပ်ရ​တော့မည့်အချိန်ဖြစ်သည်။

Ref: ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာကာသပြတိုက် (ရန်ကုန်) ဖွင့်လှစ်ချိန် တိုးမြှင့်

ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်၌ ဖွင့်လှစ်ထားသည့် အာကာသပြတိုက်(ရန်ကုန်)သို့ လာရောက် ကြည့်ရှုလေ့လာသူများပြားလွန်းသည့်အတွက် စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များတွင် အချိန်တိုးမြှင့်၍ ဖွင့်လှစ်လျက်ရှိကြောင်း အာကာသပြတိုက်(ရန်ကုန်) မှသိရသည်။ အာကာသပြတိုက် (ရန်ကုန်)ကို စတင်ဖွင့်လှစ်ချိန်မှာ အင်္ဂါနေ့မှ တနင်္ဂနွေနေ့အထိ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ၊ မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ လာရောက်လေ့လာသူ များပြားလာခြင်းကြောင့် ဒီဇင်ဘာလ ၁၃ ရက်မှစပြီး စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များတွင်...

မြို့နယ် (၇၂) မြို့တွင် ရွေးကောက်ပွဲတတိယပိုင်း ကျင်းပမည်

ရွေးကောက်ပွဲတတိယပိုင်းကို မြို့နယ် (၇၂) မြို့တွင် ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားခြင်း ဖြစ်သည်။ ကချင်ပြည်နယ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မြစ်ကြီးနားတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် (ဒီဇင်ဘာ၁၆ရက်) က တွေ့ဆုံရာ၌ ထိုကဲ့သို့ပြောကြားခြင်း ဖြစ်သည်။ ထိုနည်းတူ ကြားဖြတ်ရွေးကောက်ပွဲအဖြစ် ကျန်ရှိမည့် မြို့နယ်၅၆မြို့နယ်ကိုလည်း အတတ်နိုင်ဆုံး ရွေးကောက်ပွဲ ပြုလုပ်ပေးရန် စီစဉ်ရည်ရွယ်ထားသည်ဟုလည်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။ လက်ရှိ၌ အထွေထွေရွေးကောက်ပွဲ ပထမပိုင်းကို ၂၀၂၅ခုနှစ် ဒီဇင်ဘာ၂၈ရက်၌ စတင်ပြုလုပ်တော့မည် ဖြစ်သည်။

အခွန်အယူခံမှုများကို လက်ခံ၊ ကြားနာ၊ စစ်ဆေး၊ ဆုံးဖြတ်ရာတွင် ရှင်းလင်းပြီး ပြည့်စုံသောအချက်အလက်များ ပါဝင်နိုင်စေရန် အခွန်အယူခံခုံအဖွဲ့ဥပ‌ဒေကို ပြင်ဆင်လိုခြင်းဖြစ်

အခွန်အယူခံမှုများကို လက်ခံ၊ ကြားနာ၊ စစ်ဆေး၊ ဆုံးဖြတ်ရာတွင် ရှင်းလင်းပြီး ပြည့်စုံသောအချက်အလက်များ ပါဝင်နိုင်စေရန် နိုင်ငံတော်နှင့်အခွန်ထမ်းများအတွက် တရားမျှတသော အခွန်အယူခံမှုဆိုင်ရာ လုပ်ငန်းစဉ်များ ပေါ်ပေါက်လာစေရန်အတွက် အခွန်အယူခံခုံအဖွဲ့ဥပ‌ဒေကို ပြင်ဆင်လိုခြင်းဖြစ်ကြောင်း အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးက ပြောသည်။ အခွန်အယူခံခုံအဖွဲ့ဥပဒေကို ပြင်ဆင်သည့်ဥပဒေ (မူကြမ်း) ပြဋ္ဌာန်းနိုင်ရေးအတွက် အပြီးသတ်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ကျင်းပခဲ့စဉ် အခွန်အယူခံခုံအဖွဲဥက္ကဋ္ဌ ဦးမြင့်ဦးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က အခွန်အယူခံခုံအဖွဲ့ဥပဒေကို လက်ရှိအခြေအနေများနှင့် လိုက်လျောညီထွေမှုရှိစေရေး ပြင်ဆင်သည့် အချက်များသည် အခွန်အယူခံဆိုင်ရာကိစ္စရပ်များဆောင်ရွက်ရာ၌ အမှန်တကယ်လိုအပ်သောအချက်များဖြစ်ပြီး နိုင်ငံတော်၏အခွန်ဆိုင်ရာမူဝါဒကို အထောက်အကူပြုနိုင်ရန်အလိုငှာ ပြင်ဆင်ပြဋ္ဌာန်းသင့်သော...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071