Monday, February 10, 2025

“သဘင်သည် မြနှင်းဆီ” ဇာတ်ကားဖြင့် မေမီကိုကို...

၂၀၂၄ ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုကို "သဘင် သည် မြနှင်းဆီ" ဇာတ်ကားဖြင့် သရုပ်ဆောင် မေမီကိုကို ရ ရှိမည်ဟု ထင်ကြေးပေး ခန့်မှန်းထားကြသည်။ "သဘင်သည်...

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲသို့...

ယနေ့ ဖေဖော်ဝါရီလ (၉) ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ MICC (1) ၊ ကျောက်စိမ်းခန်းမ၌ ကျင်းပနေသည့် ၂၀၂၄ ခုနှစ်အတွက်...

“ဘိုးတော်ကင်း” လား ၊ “နို့ထမင်း”...

ယနေ့ ဖေဖေါ်ဝါရီ (၉) ရက် ညပိုင်းတွင် ကျင်းပတော့မည့် ၂၀၂၄ ခုနှစ်အတွက် မြန်မာရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားတွင် အကယ်ဒမီရွေးချယ်ချီးမြှင့်မည့် ဆန်ကာတင်ဇာတ်ကား...

(၅) ဦးမြောက် လူငယ် အဆိုတော်/သရုပ်ဆောင်...

ယနေ့ ဖေဖေါ်ဝါရီ (၉) ရက် ညပိုင်းတွင် ကျင်းပမည့် ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်ချီးမြှင့်ပွဲအတွက် ရွေးချယ်ထားသည့် ဆန်ကာတင် ဇာတ်ကားများထဲတွင်...
HomeInternationalအသားအရောင်ခွဲခြားမှုဆန့်ကျင်ရေးခေါင်း ဆောင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်...

အသားအရောင်ခွဲခြားမှုဆန့်ကျင်ရေးခေါင်း ဆောင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒက်စမွန် တူးတူးကွယ်လွန်

(Unicode)

အသားအရောင်ခွဲခြားမှုဆန့်ကျင်ရေးခေါင်း ဆောင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒက်စမွန် တူးတူးကွယ်လွန်

နိုဘယ်ငြိမ်းချမ်းရေးဆုရှင် အင်္ဂလီကန်ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီးဒက်စမွန်တူးတူးဟာ ၎င်းရဲ့ဇာတိ တောင်အာဖရိကမှာ တန င်္ဂနွေနေ့က ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်မှာ အသက်၉၀ရှိနေပါပြီ။

ဘုန်းတော်ကြီးဒက်စမွန်တူးတူးကွယ်လွန်မှုအပေါ် တောင်အာဖရိကသမ္မတ Cyril Ramaphosa က တူးတူး၏မိသားစုနှင့် သူငယ် ချင်းများအား ဝမ်းနည်းကြောင်းဖော် ပြခဲ့ပါတယ်။

“အသားအရောင်ခွဲခြားမှုဆန့်ကျင်တဲ့ တူးတူးဟာ ထူးခြားသောဉာဏ်ပညာနှင့် သမာဓိရှိပြီး ကမ္ဘာ တဝှမ်းက အသားအရောင်ခွဲခြားမှုအောက်တွင်နှိမ့်ချခံနေရသူတွေ ၊ ဖိနှိပ်မှုတွေ၊မတရားမှုတွေနဲ့ အကြမ်းဖက်မှုတွေခံခဲ့ရတဲ့သူတွေကို သနားညှာတာပြီး နူးညံ့သိမ်မွေ့သူလည်း ဖြစ်တယ်”လို့ သမ္မတ Ramaphosa က ပြောပါတယ်။

ဘုန်းတော်ကြီးဒက်စမွန်တူးတူးဟာ ကျန်းမာရေးမကောင်းတာ နှစ်အတော်ကြာပြီဖြစ်ပြီး ၂၀၁၃ မှာ ရောဂါစမ်းသပ်မှုတွေပြလုပ်ခဲ့ပါတယ်။အဲ့ဒီ့နောက်မှာတော့ သူ ဟာဆေးရုံ အကြိမ်ကြိမ်တက်ခဲ့ရပါတယ်။

“The Arch” လို့ လူသိများတဲ့ ဘုန်းတော်ကြီးဒက်စမွန်တူးတူးဟာ ဆယ်စုနှစ်ခြောက်စုကြာ နိုင်ငံရဲ့တရားဝင်လူမျိုးရေးခွဲခြားမှုဆိုင်ရာမူဝါဒဖြစ်သည့် အသားအရောင်ခွဲခြားမှုကို အဆုံးသတ်ရန် တောင်အာဖရိကအစိုးရကို တိုက်တွန်းနှိုးဆော်ရာမှာ အဓိ ကစကားသံတွေထဲမှ တစ်ခုဖြစ်ပါတယ်။

၁၉၉၀ခုနှစ်အစောပိုင်းမှာ အသားအရောင်ခွဲခြားမှု အဆုံးသတ်ပြီး နှစ်ရှည်အကျဉ်းချခံထားရတဲ့ နယ်လ်ဆင်မင်ဒဲလားဟာ နိုင်ငံရဲ့သမ္မတဖြစ်လာပြီးနောက် ဘုန်းတော်ကြီးဒက်စမွန်တူးတူးကို တောင်အာဖရိကရဲ့ အမှန်တရားနဲ့ပြန်လည်သင့်မြတ်ရေးကော်မရှင် ဥက္ကဌအဖြစ် ခန့်အပ်ခဲ့ပါတယ်။

နယ်လ်ဆင်မင်ဒဲလားဖောင်ဒေးရှင်းက ဘုန်းတော်ကြီး ဒက်စမွန်တူးတူးရဲ့ သေဆုံးမှုကို “တိုင်းတာ၍မရသောဆုံးရှုံးမှု”ဟု ပြောခဲ့ပါတယ်။

“တောင်အာဖရိကနဲ့ ကမ္ဘာတဝှမ်းက လူတော် တော်များများအတွက် သူ့ဘဝဟာ ကောင်းချီးတစ်ခုပါပဲ”လို့ ဖောင်ဒေးရှင်းက ထုတ်ပြန်ချက် ထဲမှာ ပြောခဲ့ပါတယ်။

ဘုန်းတော်ကြီးဒက်စမွန်တူးတူးဟာ အရပ်ဘက်နှင့် လူ့အခွင့်အရေးလုပ် ငန်းများအတွက် ကမ္ဘာတဝှမ်းမှ ထင်ရှားသော ဂုဏ်ထူးဆောင်ဆုတွေလည်း ရခဲ့ပါတယ်။

ဘုန်းတော်ကြီးဒက်စမွန်တူးတူးဟာ ၁၉၆၀က ငြိမ်းချမ်းရေးနိုဘယ်ဆုရခဲ့တဲ့ သူနဲ့နိုင်ငံတူနိုင်ငံသား အဲလ်ဘတ်လူတူလီရဲ့ ခြေရာကိုလိုက်ပြီး ၁၉၈၄မှာ ငြိမ်းချမ်းရေးနိုဘယ်ဆုရခဲ့ပါတယ်။

Ref:CNN/Desmond Tutu, anti-apartheid leader and voice of justice, dead at 90
Photo Credit-CNN

(Zawgyi)












Photo Credit-CNN

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071