အသက် ၂၉ နှစ်ရှိ ဗြိတိသျှကြောင်မလေး ဖလော့စီ(Flossie) ကို လက်ရှိ ကမ္ဘာပေါ်တွင် သက်တမ်းအရှည်ဆုံး အသက်ရှင်ဆဲကြောင်အဖြစ် ဂင်းနက်စ်ကမ္ဘာ့စံချိန်အဖွဲ့က အသိအမှတ်ပြုလိုက်ပြီဖြစ်သည်။
၁၉၉၅ ခုနှစ်တွင် မွေးဖွားခဲ့သော ဖလော့စီသည် ကြောင်အသက် ၂၉ နှစ်ရှိပြီဖြစ်သဖြင့်၊ လူသားသ-က်တမ်းနှင့် နှိုင်းယှဉ်ပါက နှစ်ပေါင်း ၁၄၀ ခန့်နှင့် ညီမျှသည်ဟု ခန့်မှန်းရသည်။ ဖလော့စီသည် သူမ၏ဘဝတစ်လျှောက်လုံး အိမ်ရှင်များစွာဖြင့် ပြောင်းလဲနေထိုင်ခဲ့ရပြီး ခေတ်ကာလများစွာကိုလည်း ဖြတ်သန်းခဲ့ရသည်။
သူမသည် ခိုလှုံရာစခန်းတစ်ခုတွင် နေခဲ့ရပြီးနောက် သူ့ကို မွေးစားသူ ဗစ်တိုးရီးယား ဂရင်း(Victoria Green) နှင့်အတူ အင်္ဂလန်နိုင်ငံ၊ အော်ပင်တန်(Orpington)မြို့တွင် ယခုနေထိုင်လျှက်ရှိသည်။ အသက်အရွယ် ကြီးရင့်နေသော်ငြား၊ နားမကြား၊ အမြင်အာရုံလည်း ကန့်သတ်ချက်များ ရှိနေသော်ငြားလည်း ဖလော့စီသည် ကစားတတ်သည့်စိတ်၊ ချစ်ခင်တွယ်တာတတ်သည့် စိတ်တို့ကို ဆက်လက်ထိန်းသိမ်းထားလျှက်ရှိသည်။
