Sunday, February 9, 2025

“သဘင်သည် မြနှင်းဆီ” ဇာတ်ကားဖြင့် မေမီကိုကို...

၂၀၂၄ ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုကို "သဘင် သည် မြနှင်းဆီ" ဇာတ်ကားဖြင့် သရုပ်ဆောင် မေမီကိုကို ရ ရှိမည်ဟု ထင်ကြေးပေး ခန့်မှန်းထားကြသည်။ "သဘင်သည်...

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲသို့...

ယနေ့ ဖေဖော်ဝါရီလ (၉) ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ MICC (1) ၊ ကျောက်စိမ်းခန်းမ၌ ကျင်းပနေသည့် ၂၀၂၄ ခုနှစ်အတွက်...

“ဘိုးတော်ကင်း” လား ၊ “နို့ထမင်း”...

ယနေ့ ဖေဖေါ်ဝါရီ (၉) ရက် ညပိုင်းတွင် ကျင်းပတော့မည့် ၂၀၂၄ ခုနှစ်အတွက် မြန်မာရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားတွင် အကယ်ဒမီရွေးချယ်ချီးမြှင့်မည့် ဆန်ကာတင်ဇာတ်ကား...

(၅) ဦးမြောက် လူငယ် အဆိုတော်/သရုပ်ဆောင်...

ယနေ့ ဖေဖေါ်ဝါရီ (၉) ရက် ညပိုင်းတွင် ကျင်းပမည့် ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်ချီးမြှင့်ပွဲအတွက် ရွေးချယ်ထားသည့် ဆန်ကာတင် ဇာတ်ကားများထဲတွင်...
HomeNewsFootballအသက် (၁၅)နှစ်အောက် လူငယ်ဘောလုံးလိဂ်...

အသက် (၁၅)နှစ်အောက် လူငယ်ဘောလုံးလိဂ် Week -1 အပြီး အဆင့်ရပ်တည်မှုများ MFF ထုတ်ပြန်

အသင်းပေါင်း (၁၂)သင်း ဝင်ရောက်ယှဉ်ပြိုင်နေသည့် FIFA -MFF U15 Boys League 2024-2025 Week-1 ပွဲစဉ်များ ပြီးဆုံးခဲ့ပြီဖြစ်ရာ အသင်းအလိုက် အဆင့်ရပ်တည်မှုစာရင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

အသင်းအလိုက် ရပ်တည်မှုအရ Royal Yangon FC က အဆင့်(၁)၊ Golden Light United FC က အဆင့်(၂)၊ Burmese Youth FC က အဆင့်(၃)၊ Shwe Phi Thar FC က အ ဆင့်(၄)၊ Mar Rein FCက အဆင့်(၅)ဖြင့် အသီးသီး ရပ်တည်နေကြသည်။

ထို့အတူ Yangon Focus FC၊ Southern Yangon Star FC၊ Artharwady FC၊ Mingalardon City FC၊ Yangon Taung zalatt FC၊ Mya Thida FC၊ The Honour FC တို့မှာ အဆင့်(၆)မှ (၁၂)အထိ အစဉ်လိုက် အသီးသီး ရပ်တည်နေကြကြောင်း သိရသည်။

အဆိုပါ အသက် (၁၅) နှစ်အောက် လူငယ်ဘောလုံးလိဂ်ပြိုင်ပွဲကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ (၂၈)ရက်စတင် ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ကာ လက်ရှိတွင် Week-1 ပွဲစဉ်များ ပြီးဆုံးခဲ့ပြီဖြစ်ပြီး Week -2 ပွဲစဉ်ကျင်းပမည့် ရက်ကို အဖွဲ့ချုပ်က အသိပေးထုတ်ပြန်ထားခြင်းမရှိသေးပေ။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် လူငယ်မျိုးဆက်သစ်များ ဘောလုံးလှုပ်ရှားမှုများတွင် ပါဝင်လာရေး၊ ပြည်တွင်း လူငယ်ပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပနိုင်ရေး၊ မျိုးဆက်သစ် လူငယ်ကစားသမားများ ပေါ်ထွက်လာရေး၊ FIFA, AFC, AFF လူငယ်ပြိုင်ပွဲများတွင် မြန်မာ့လက်ရွေးစင် လူငယ်အသင်းများ အောင်မြင်မှု ရရှိရေးအတွက် ရည်ရွယ်၍ ဖီဖာလမ်းညွှန်ချက်များနှင့်အညီ နှစ်စဉ် ကျင်းပပေးလျက်ရှိကြောင်း အဖွဲ့ချုပ်က အသိပေးထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

“သဘင်သည် မြနှင်းဆီ” ဇာတ်ကားဖြင့် မေမီကိုကို အမျိုးသမီးဇာတ်ဆောင်ဆု ရမည်ဟု ခန့်မှန်းနေကြ

၂၀၂၄ ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုကို "သဘင် သည် မြနှင်းဆီ" ဇာတ်ကားဖြင့် သရုပ်ဆောင် မေမီကိုကို ရ ရှိမည်ဟု ထင်ကြေးပေး ခန့်မှန်းထားကြသည်။ "သဘင်သည် မြနှင်းဆီ" ဇာတ်ကားသည် နှစ်ပေါင်းများစွာ မကျွတ်မလွတ်ဘဲရှိနေသည့် အငြိမ့်မင်းသမီး ဝိဉာဉ်အကြောင်းကို ရိုက်ကူးပုံဖော်ထားခြင်းဖြစ်သည်။ ယင်းရုပ်ရှင်ဇာတ်ကား၏ အဓိကသရုပ်ဆောင်ဖြစ်သည့်မေမီကိုကိုသည် ကိုလိုနီခေတ် ဘိလိပ်ပြန်ပညာတတ်သူဌေးသမီး မြစမ်းကြည် ကာရိုက်တာဖြင့် သရုပ်ဆောင်ထားခြင်းဖြစ်သည်။ "သဘင်သည် မြနှင်းဆီ" ဇာတ်ကားကြီးကို စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးက ယခင်ဇာတ်လမ်းတွဲကို ဇာတ်လမ်း ကိုဆက်၊ ဇာတ်ညွှန်း အင်ကြင်းဟန်၊ ဒါရိုက်တာ မင်းဆက်က ၁၉၉၀ ဝန်းကျင်ရှိ မြန်မာနိုင်ငံ၌...

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲသို့ နိုင်ငံတော်ဝန်ကြီးချုပ် ၊ နစက ဥက္ကဋ္ဌ ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်

ယနေ့ ဖေဖော်ဝါရီလ (၉) ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ MICC (1) ၊ ကျောက်စိမ်းခန်းမ၌ ကျင်းပနေသည့် ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားသို့ ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲသို့ နိုင်ငံတော်ဝန်ကြီးချုပ် ၊ နစက ဥက္ကဋ္ဌ ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက်ချီးမြှင့်သည်ကို တွေ့ရသည်။ မကြာမီ အချိန်အတွင်း ၂၀၂၄ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သည့် ရုပ်ရှင်ဇာတ်ကားများအနက်မှ ဆန်ကာတင် ဇာတ်ကား (၁၈) ကားထဲမှ ထူးချွန်ဆု...

“ဘိုးတော်ကင်း” လား ၊ “နို့ထမင်း” လား

ယနေ့ ဖေဖေါ်ဝါရီ (၉) ရက် ညပိုင်းတွင် ကျင်းပတော့မည့် ၂၀၂၄ ခုနှစ်အတွက် မြန်မာရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားတွင် အကယ်ဒမီရွေးချယ်ချီးမြှင့်မည့် ဆန်ကာတင်ဇာတ်ကား (၁၈) ကားထဲတွင် အကယ်ဒမီ မြင့်မြတ် ပါဝင်သရုပ်ဆောင်ထားသည့် ရုပ်ရှင်ဇာတ်ကား (၂) ကားပါဝင်နေသည်။ "ဘိုးတော်ကင်း" နှင့် " နို့ထမင်း" ရုပ်ရှင်းဇာတ်ကား (၂) ကားတွင် အဓိက ဇာတ်ကောင်နေရာမှ ပါဝင်ထားသည့် မြင့်မြတ် ၏ သရုပ်ဆောင်ပီပြင်မှုများကြောင့် ၂၀၂၄ ခုနှစ်အတွက်အကောင်းဆုံး ဇာတ်ကောင် အကယ်ဒမီဆု ရရှိမည်ဟု ထင်ကြေးပေးခံရသူများထဲတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071