အိမ်ထောင်ရှင် အလှမယ် ဟန်နီချိုကတော့ လတ်တလောမှာ သူမအမျိုးသား ကိုဗစ်ကူးစက် ခံသွားရတဲ့အတွက် ဆေးရုံမှာ ပြုစုနေ ရပါတယ်။ ကိုဗစ်ရောဂါဆိုးကြောင့် အမျိုးသားအသက် ဆုံးရှုံးရတော့မလို့ ဖြစ်ခဲ့တဲ့ အကြောင်းကိုလည်း အခုလိုပဲပြောပြခဲ့ပါတယ်။
“ အမရဲ့ အမျိုးသားကကိုဗစ် ကူးစက်ခံခဲ့ရတယ်၊ တော်တော်ဆိုးဆိုးရွားရွား အခြေအနေထိ ဖြစ်ခဲ့တယ်။ အသက်ဆုံးရှုံးရတော့မလို အခြေ အနေထိ ဖြစ်ခဲ့တယ်။ ဒါပေမယ့်လည်း သူအားမလျော့ဘဲ တက်နိုင်သလောက် ကျန်းမာရေး ပြန်ကောင်းအောင် ကြိုးစားတယ်။ သူကိုယ်တိုင် ကလည်း အစားတွေ မစားချင်ပေမယ့်လည်း ရအောင်စားတယ်။ အောက်ဆီဂျင်တွေ ကျသွားပေမယ့်လည်း သူ့ကိုယ်သူ ရအောင် ပြန်ကောင်းသွားအောင် အမျိုးမျိုးလုပ်တယ် ။အမကလည်း တက်နိုင်သလောက် သူ့ကိုပြုစုပေးတယ်။ အခုတော့ ကောင်းသွား ပါပြီ။ အသက် ဘေးကနေ လွတ်အောင် မနည်းရုန်းကန် ခဲ့ရပါတယ်။” လို့ပြောပါတယ်။