ကရင်ပြည်နယ်၊ မြဝတီမြို့တွင် အသက်(၃)နှစ်အရွယ်ကလေးအပါအဝင် မိသားစုဝင်(၃)ဦးပ-စ်ခ-တ်ခံရ၍ေ-သဆုံးခဲ့မှု သြဂုတ် ၂၇ ရက်ည ၈ နာရီခန့်ကဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဆိုင်ကယ်မောင်းနှင်လာသည့် (စုံစမ်းဆဲ)အမျိုးသားမှ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ပြည်သာယာ (၃)လမ်းရှိ ၎င်းတို့ပိုင်ဆိုင်ရှေ့တွင်ထိုင်နေသော ကိုသောင်ထိုက်ဝင်း(၃၅)နှစ်၊ ဇနီးဖြစ်သူဒေါ်မိမိထွေး (၃၀)နှစ်နှင့်သားဖြစ်သူ မောင်ဇွဲထိုက်စံလင်း(၃)နှစ် တို့အား သေနတ်ဖြင့်ပ-စ်ခ-တ်ပြီး မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ ပ-စ်ခ-တ်ခံရမှုကြောင့် ကိုသောင်းထိုက်ဝင်းနှင့် သားဖြစ်သူ မောင်ဇွဲထိုက်စံလင်းတို့သည် အခင်းဖြစ်နေရာ၌ ေ-သဆုံးသွားခဲ့ကာ ဇနီးဖြစ်သူ ဒေါ်မိမိထွေးတွင်လည်း ကျည်ထိမှန်ဒ-ဏ်ရာများ(စိုးရိမ်ရ)ရရှိခဲ့သဖြင့် မြဝတီမြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်စဉ် ေ-သဆုံးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်အား လုံခြုံရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများကစစ်ဆေးမှုများပြုလုပ်၍ ပြစ်မှုကျူးလွန်သူအားဖမ်းဆီးရမိရေးအတွက် မြဝတီမြို့မရဲစခန်းမှအမှုဖွင့်လှစ်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
