(Unicode)
အသက်၁၄နှစ်အရွယ်သမီးကို တရုတ်နိုင်ငံသားနှင့်အတင်းပေးစားသည့် မိခင်ထောင်၁၀နှစ်ကျ
သမီးဖြစ်သူကို တရုတ်နိုင်ငံသားနှင့် ပေါင်းသင်းရန် အခကြေးငွေရယူခဲ့ပြီး အတင်းပေါင်းသင်းစေခဲ့သည့် မိခင်ဖြစ်သူကို ကျောက်ဆည်ခရိုင်တရားရုံးက အလုပ်နှင့်ထောင်ဒဏ်၁၀နှစ်ကျခံစေရန် အမိန့်တစ်ရပ်ချမှတ်လိုက်သည်။
မိခင်ဖြစ်သူကိုသာမက အတင်း အဓမ္မပေါင်းသင်းနေထိုင်ခဲ့သည့် တရုတ်နိုင်ငံသားကိုလည်း လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး မြစ်သား မြို့နယ် ဆင်ခြံကျေးရွာနေ ဒေါ်ပြုံးဆိုသူ က အသက်၁၄နှစ်အရွယ်ရှိ သမီးဖြစ်သူ——-ကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်နေ လောပန်း (ခ) အားတေ့နှင့် သားမယားအဖြစ် ပေါင်းသင်းရန် အခကြေးငွေများ ရယူခဲ့ပြီး အတင်းပေးစားခဲ့သည်။
တရုတ်နိုင်ငံသား လောပန်း (ခ) အားတေ့ကလည်း သားမယားအဖြစ် အတင်းအဓမ္မပေါင်းသင်း နေထိုင်ခဲ့သဖြင့် မြစ်သားမြို့မ ရဲစခန်း(ပ) ၂၆၈/ ၂၀၂၀၊ လူကုန်ကူးမှု တားဆီး ကာကွယ်ရေးဥပဒေပုဒ်မ ၂၄ ဖြင့် ကျောက်ဆည်ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဒီဇင်ဘာ ၂၈ ရက်တွင် တရားခံ ဒေါ်ပြုံးနှင့် လောပန်း (ခ) အားတေ့တို့ကို လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
(Zawgyi)
အသက္၁၄ႏွစ္အ႐ြယ္သမီးကို တ႐ုတ္ႏိုင္ငံသားႏွင့္အတင္းေပးစားသည့္ မိခင္ေထာင္၁၀ႏွစ္က်
သမီးျဖစ္သူကို တ႐ုတ္ႏိုင္ငံသားႏွင့္ ေပါင္းသင္းရန္ အခေၾကးေငြရယူခဲ့ၿပီး အတင္းေပါင္းသင္းေစခဲ့သည့္ မိခင္ျဖစ္သူကို ေက်ာက္ဆည္ခ႐ိုင္တရား႐ုံးက အလုပ္ႏွင့္ေထာင္ဒဏ္၁၀ႏွစ္က်ခံေစရန္ အမိန႔္တစ္ရပ္ခ်မွတ္လိုက္သည္။
မိခင္ျဖစ္သူကိုသာမက အတင္း အဓမၼေပါင္းသင္းေနထိုင္ခဲ့သည့္ တ႐ုတ္ႏိုင္ငံသားကိုလည္း လူကုန္ကူးမႈျဖင့္ အလုပ္ႏွင့္ ေထာင္ဒဏ္ ၁၀ ႏွစ္ က်ခံေစရန္ အမိန႔္ခ်မွတ္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သိရသည္။
ျဖစ္စဥ္မွာ မႏၲေလးတိုင္းေဒသႀကီး ျမစ္သား ၿမိဳ႕နယ္ ဆင္ၿခံေက်း႐ြာေန ေဒၚၿပဳံးဆိုသူ က အသက္၁၄ႏွစ္အ႐ြယ္ရွိ သမီးျဖစ္သူ——-ကို တ႐ုတ္ႏိုင္ငံ ယူနန္ျပည္နယ္ေန ေလာပန္း (ခ) အားေတ့ႏွင့္ သားမယားအျဖစ္ ေပါင္းသင္းရန္ အခေၾကးေငြမ်ား ရယူခဲ့ၿပီး အတင္းေပးစားခဲ့သည္။
တ႐ုတ္ႏိုင္ငံသား ေလာပန္း (ခ) အားေတ့ကလည္း သားမယားအျဖစ္ အတင္းအဓမၼေပါင္းသင္း ေနထိုင္ခဲ့သျဖင့္ ျမစ္သားၿမိဳ႕မ ရဲစခန္း(ပ) ၂၆၈/ ၂၀၂၀၊ လူကုန္ကူးမႈ တားဆီး ကာကြယ္ေရးဥပေဒပုဒ္မ ၂၄ ျဖင့္ ေက်ာက္ဆည္ခ႐ိုင္တရား႐ုံးသို႔ တရားစြဲတင္ပို႔ခဲ့ရာ ဒီဇင္ဘာ ၂၈ ရက္တြင္ တရားခံ ေဒၚၿပဳံးႏွင့္ ေလာပန္း (ခ) အားေတ့တို႔ကို လူကုန္ကူးမႈတားဆီး ကာကြယ္ေရး ဥပေဒပုဒ္မ ၂၄ အရ အလုပ္ႏွင့္ ေထာင္ဒဏ္ ၁၀ ႏွစ္စီ က်ခံေစရန္ အမိန႔္ခ်မွတ္ခဲ့ျခင္းျဖစ္သည္။