Saturday, December 13, 2025

လွိုင်ကော်စက်မှုဇုန်အတွင်း စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်နေ

ကယားပြည်နယ် လွိုင်ကော် စက်မှုဇုန်အတွင်း လမ်းများအဆင့်မြှင့်တင်ဖောက်လုပ်နေပြီး စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်လုပ်ကိုင်နေကြောင်း သိရသည်။ ယမန်နေ့က ကယားပြည်နယ် အစိုးရအဖွဲ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးဦးဇော်မျိုးတင်က သွားရောက်ကြည့်ရှုကြောင်း...

သံဖြူဇရပ်မြို့နယ် ပငစံပြကျေးရွာတွင် မွန်ညီညွတ်ရေးပါတီ၏ အောင်နိုင်ရေးဆိုင်းဘုတ်...

မွန်ညီညွတ်ရေးပါတီက သံဖြူဇရပ်မြို့နယ် ပငစံပြကျေးရွာတွင် မွန်ညီညွတ်ရေးပါတီ၏ အောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ယနေ့ ဒီဇင်ဘာ (၁၃) ရက် နံနက် (၈) နာရီအချိန်၌...

NCA ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့...

လူငယ်များအား ငြိမ်းချမ်းသည့်ပတ်ဝန်းကျင်ကို လက်ဆင့်ကမ်းပေးစေလို နိုင်ငံတည်ဆောက်ရေးတွင် လူငယ်များ၏ အခန်းကဏ္ဍသည် အရေးကြီးသည့်အတွက် လူငယ်များကို စုစည်း၍ ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် အယူအဆအတွေးအခေါ်များကို ဆွေးနွေးဖော်ထုတ်သွားမည်ဖြစ်ပြီး လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကို ကျင်းပမည်ဖြစ်ကြောင်း...

နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တာ့ခ်မင်နစ္စတန်နိုင်ငံတွင် ကျင်းပသည့်...

အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ သမ္မတမာဆော့ပါဇက်ရှ်ကီရမ်နှင့် တွေ့ဆုံ၍လည်း နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရေးဆွေးနွေးခဲ့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနှင့် ယုံကြည်မှုနှစ်အထိမ်းအမှတ်နိုင်ငံတကာဖိုရမ်ကို တာ့ခ်မင်နစ္စတန်နိုင်ငံ၌ ဒီဇင်ဘာ ၁၂ ရက်က ကျင်းပခဲ့ပြီး နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက တက်ရောက်ကာ...
HomeNewsLocal Newsအသက်မပြည့်သည့် အမျိုးသမီးငယ်ကို တရုတ်ဇနီးမယားအဖြစ်ရောင်းချသူများကို...

အသက်မပြည့်သည့် အမျိုးသမီးငယ်ကို တရုတ်ဇနီးမယားအဖြစ်ရောင်းချသူများကို နှစ်ရှည်ထောင်ဒဏ်ချမှတ်

တနှစ်အတွင်းလူကုန်ကူးမှု ၆၇ မှုရှိခဲ့ရာတွင် ၄၈ မှုသည် တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရခြင်းဖြစ်

ပဲခူးမြို့တွင် အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်ကို တရုတ်အမျိုးသားတစ်ဦးနှင့် ပေါင်းသင်းရန် ရောင်းချခဲ့သည့် အမျိုးသမီးကို ထောင်ဒဏ် (နှစ် ၂၀) ချမှတ်လိုက်သည်။

ပဲခူးခရိုင်တရားရုံးက လူကုန်ကူးပုဒ်မဖြင့် (ဇွန်၃၀)ရက်က ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်တွင် ပဲခူးမြို့ ဥဿာမြို့သစ်၌နေသည့် ထိုပြစ်ဒဏ်ကျခံရသည့် အမျိုးသမီးသည် ပဲခူးမြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်၌ စားပွဲထိုးလုပ်ကိုင်နေသည့် အသက်မပြည့်သေးသော အမျိုးသမီးငယ်ကို ရန်ကုန်၌ တရုတ်အမျိုးသားတစ်ဦးနှင့် ရက်တိုပေါင်းသင်းနေထိုင်ရန် ငွေကျပ်သိန်း ၅၀ ရရှိနိုင်မည်ဟု စည်းရုံးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ထို့အပြင် အသက်ပြည့်ပြီးပါက တရားဝင်ငွေကျပ်သိန်း ၁၅၀ ဖြင့် တင်တောင်းပြီး တရုတ်နိုင်ငံကို ခေါ်ဆောင်သွားကာ တရုတ်အမျိုးသားက ထောက်ပံ့မည်ဟုလည်း စည်းရုံးခဲ့သည်ဟု သိရသည်။

ထိုနည်းတူ ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်၌ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို တရုတ်ဇနီးမယားအဖြစ်ရောင်းချခဲ့သည့် ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ ပွဲစားအမျိုးသမီးကို လူကုန်ကူးပုဒ်မအရ မြစ်ကြီးနားခရိုင်တရားရုံးက အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် (ဇွန်၃၀)ကပင် ချမှတ်ခဲ့သေးသည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ ပြီးခဲ့သည့် ၂၀၂၄၊ ၂၀၂၅ ခုနှစ်အတွင်း လူကုန်ကူးမှု ၆၇ မှုရှိခဲ့သည်။

ထိုအထဲတွင် ၄၈ မှုသည် တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရသည့် အမှုများ ဖြစ်သည်။

ထိုအချက်အလက်များကို နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ပြုလုပ်သည့် လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးခံရသူများအား အကာအကွယ်ပေးရေးဆိုင်ရာ လုပ်ငန်းကော်မတီ အစည်းအဝေး မှ သိရခြင်း ဖြစ်သည်။

ထိုလုပ်ငန်းကော်မတီအစည်းအဝေး၌ ပြည်တွင်းကိုရောက်ရှိသည့် အချို့သော တရုတ်လူမျိုးများသည် မြန်မာအမျိုးသမီးများကို ဇနီးသားမယားအဖြစ် စည်းရုံးခေါ်ဆောင်ပြီး ရောင်းစားနေသည့်အတွက် သတိထားရန်လိုကြောင်းလည်း ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်က ပြောကြားသည်။

ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ နှင့် ၂၀၂၅ ဇွန်လအတွင်း တရုတ်နိုင်ငံ ၄၈ မှု၊ လာအိုနိုင်ငံ ၁ မှု၊ ကမ္ဘောဒီးယား ၁ မှုနှင့် ပြည်တွင်း ၁၇ မှု စုစုပေါင်း လူကုန်ကူးမှု ၆၇ မှုကို အရေးယူနိုင်ခဲ့သည်ဟုလည်း ဆိုသည်။

ယင်းအမှုများထဲတွင် အဓမ္မလက်ထပ်စေမှု၊ ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေမှု၊ အငှါးကိုယ်ဝန်ဆောင်ခိုင်းမှုများလည်း ပါဝင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လွိုင်ကော်စက်မှုဇုန်အတွင်း စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်နေ

ကယားပြည်နယ် လွိုင်ကော် စက်မှုဇုန်အတွင်း လမ်းများအဆင့်မြှင့်တင်ဖောက်လုပ်နေပြီး စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်လုပ်ကိုင်နေကြောင်း သိရသည်။ ယမန်နေ့က ကယားပြည်နယ် အစိုးရအဖွဲ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးဦးဇော်မျိုးတင်က သွားရောက်ကြည့်ရှုကြောင်း သိရသည်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ပြည်နယ်ဖွံဖြိုးမှုကြီးကြပ်ရေးရုံးမှ ဆောင်ရွက်သည့်လွိုင်ကော်စက်မှုဇုန် ကတ္တရာလမ်း ၈ လမ်း၊ စုစုပေါင်းအရှည် ၁၁၀၂၇ ပေဖောက်လုပ်ပြီးစီးနေပြီးဖြစ်ပြီး  ဇုန်အတွင်းရှိ ရွှေလွိင်ကော် အဆင့်မြင့်ပရိဘောဂစက်ရုံ ပြန်လည်လည်ပတ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကိုလည်း ကြည့်ရူခဲ့ကြောင်း သိရသည်။ လုပ်ငန်းများ ယခုထက် ပိုမိုတိုးချဲ့လုပ်ကိုင်နိုင်ရေး၊ ကုန်ကြမ်းများပြတ်လပ်မှုမရှိစေရေးနှင့် ဈေးကွက်ရရှိရေးအတွက် သက်ဆိုင်ရာဌာနတာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးရန်မှာကြားခဲ့ပြီး လုပ်ငန်းရှင်များ၏...

သံဖြူဇရပ်မြို့နယ် ပငစံပြကျေးရွာတွင် မွန်ညီညွတ်ရေးပါတီ၏ အောင်နိုင်ရေးဆိုင်းဘုတ် စိုက်ထူ

မွန်ညီညွတ်ရေးပါတီက သံဖြူဇရပ်မြို့နယ် ပငစံပြကျေးရွာတွင် မွန်ညီညွတ်ရေးပါတီ၏ အောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ယနေ့ ဒီဇင်ဘာ (၁၃) ရက် နံနက် (၈) နာရီအချိန်၌ ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ သံဖြူဇရပ်မြို့နယ်အောင်နိုင်ရေး ကော်မတီအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ပါတီဝန်းရံထောက်ခံသူများ တက်ရောက်ခဲ့ကြသည်။ ရွေးကောက်ပွဲ အပိုင်း (၁) ကျင်းပရန် ရက်နီးကပ်လာသည်နှင့်အမျှ မွန်ပြည်နယ်အတွင်းရှိ ဒေသအခြေအစိုက် မွန်ညီညွတ်ရေးပါတီသာမက ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၊ ပြည်သူ့ပါတီ (PP) ၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) တို့အပြင် အခြားပါတီများအ‌နေဖြင့် အောင်နိုင်ရေးဆိုင်ဘုတ်များ...

NCA ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနား အလုပ်ရုံဆွေးနွေးပွဲ၏ အကြံပြုချက်များအရ လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကျင်းပမည်

လူငယ်များအား ငြိမ်းချမ်းသည့်ပတ်ဝန်းကျင်ကို လက်ဆင့်ကမ်းပေးစေလို နိုင်ငံတည်ဆောက်ရေးတွင် လူငယ်များ၏ အခန်းကဏ္ဍသည် အရေးကြီးသည့်အတွက် လူငယ်များကို စုစည်း၍ ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် အယူအဆအတွေးအခေါ်များကို ဆွေးနွေးဖော်ထုတ်သွားမည်ဖြစ်ပြီး လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကို ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ကျင်းပရေးဦးစီးကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ဒီဇင်ဘာ ၁၂ ရက်က နေပြည်တော်၌ ကျင်းပခဲ့ပြီး ၊ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်နှင့် ကော်မတီဝင်များ၊ ဦးစီးကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071