Thursday, July 10, 2025

စာရေးဆရာ မောင်သာချို၏ ရုပ်ကလာပ်ကို ရေဝေးသုသာန်သို့...

နိုင်ငံကျော် စာရေးဆရာမောင်သာချိုသည် ယနေ့ ဇူလိုင် (၁၀)ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ပင်လုံဆေးရုံတွင် ကွယ်လွန်သွားပြီး ၎င်းကွယ်လွန်ချိန်တွင် အသက် (၆၇) နှစ်ရှိပြီ...

အမေရိကန်ပြည်ထောင်စုသည် သြဂုတ်လမှစတင်၍ ဘရာဇီးမှ ကုန်ပစ္စည်းတင်သွင်းမှုများအပေါ်...

အမေရိကန်ပြည်ထောင်စုသည် သြဂုတ်လ ၁ ရက်နေ့မှစတင်၍ ဘရာဇီးမှ ကုန်ပစ္စည်းတင်သွင်းမှုများအပေါ် ၅၀% အကောက်ခွန်များ စည်းကြပ်ရန် ဆုံးဖြတ်လိုက်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာလိုက်သည်။ ဘရာဇီးသမ္မတ...

ရူဘီယိုနှင့် လက်ဗရော့ဗ် ကွာလာလမ်ပူရ်တွင်တွေ့မည်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုသည် ကွာလာလမ်ပူတွင် ကျင်းပနေသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ပြင်ပတွေ့ဆုံမှုအဖြစ် ကြာသပတေးနေ့တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီ လက်ဗရော့ဗ်နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း...

နိုင်ငံပြင်ပတွင် မွေးဖွားသည့် ကလေးများမှတ်ပုံတင်ရန် တိုကျိုမြို့ရှိ...

မြန်မာနိုင်ငံသား မိဘများမှ နိုင်ငံတော်ပြင်ပတွင် မွေးဖွားသည့် ကလေးအား မွေးဖွားကြောင်း မှတ်ပုံတင်ရန် တိုကျိုမြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်ထားသည် မြန်မာသံရုံး၊ တိုကျိုမြို့သည် ဂျပန်နိုင်ငံတွင် ရောက်ရှိနေထိုင်...
HomeNewsLocal Newsအဝေးပြေးယာဉ်လိုင်းများတွင် ကုန်ပစ္စည်းများ ဖွင့်ဖောက်စစ်ဆေးပြီးမှသာ...

အဝေးပြေးယာဉ်လိုင်းများတွင် ကုန်ပစ္စည်းများ ဖွင့်ဖောက်စစ်ဆေးပြီးမှသာ တင်ဆောင်ခွင့်ပြုရန် ညွှန်ကြားထား

ရန်ကုန်တိုင်း ဒေသကြီးမှ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ ပြေးဆွဲပေးနေသည့် အောင်မင်္ဂလာအဝေးပြေးဝင်းနှင့် ဒဂုံဧရာအဝေးပြေးဝင်းများမှ အဝေးပြေးယာဉ်လိုင်းများတွင် တင်ဆောင်သည့်ကုန်ပစ္စည်းများကို ဖွင့်ဖောက်စစ်ဆေးပြီးမှသာ တင်ဆောင်ခွင့်ပြုရန် ညွှန်ကြားထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) အဝေးပြေးဌာနမှသိရသည်။

ဥပဒေနှင့်မလွတ်ကင်းသည့် ပစ္စည်းများတင်ဆောင်မှုမရှိစေရန်နှင့် လုံခြုံစိတ်ချမှုရှိစေရန် ဖွင့်ဖောက်စစ်ဆေးခြင်းများ လုပ်ဆောင်ရန် ညွှန်ကြားထားခြင်းဖြစ်ပြီး အစစ်ဆေးမခံသည့် ပစ္စည်းများကို ပြန်လည်ပေးအပ်ရန် ညွှန်ကြားထားကြောင်းလည်း သိရသည်။

ရန်ကုန်မြို့မှနိုင်ငံတစ်ဝန်းသို့ အဝေးပြေးယာဉ် လိုင်းပေါင်း (၁၆၉)လိုင်းပြေးဆွဲပေးနေပြီး ဧရာဝတီတိုင်းဒေသကြီးမှအပကျန်သော တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ အောင်မင်္ဂလာ အဝေးပြေး ကားဝင်းတွင် ယာဉ်လိုင်း (၁၀၇)လိုင်းမှ ယာဉ်အစီးရေ (၂၃၅)စီးနှင့် ခရီးသွား (၂၉၀၀) ကျော်ကို ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးသို့ ပြေးဆွဲသော ဒဂုံ-ဧရာ အဝေးပြေးကားဝင်းတွင် ယာဉ်လိုင်းပေါင်း (၆၂)လိုင်း မှယာဉ်အစီးရေ (၁၁၆) စီးဖြင့်ခရီးသွား (၁၁၀၀)ကျော် ကို နေ့စဉ်ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

ရန်ကုန်မြို့မှ နိုင်ငံတစ်ဝန်းသို့ ပြေးဆွဲသော အဝေးပြေးယာဉ်လိုင်းပေါင်း (၃၈၆) လိုင်းရှိပြီး အောင် မင်္ဂလာအဝေးပြေးတွင် ယာဉ်လိုင်းပေါင်း (၂၆၃)လိုင်း နှင့် ဒဂုံ-ဧရာအဝေးပြေးတွင် ယာဉ်လိုင်းပေါင်း (၁၂၃) လိုင်းတို့မှ ယာဉ်အစီးရေ (၃၇ ၉၅)စီးရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စာရေးဆရာ မောင်သာချို၏ ရုပ်ကလာပ်ကို ရေဝေးသုသာန်သို့ ပို့ဆောင်ပေးနေသည့် မြင်ကွင်း

နိုင်ငံကျော် စာရေးဆရာမောင်သာချိုသည် ယနေ့ ဇူလိုင် (၁၀)ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ပင်လုံဆေးရုံတွင် ကွယ်လွန်သွားပြီး ၎င်းကွယ်လွန်ချိန်တွင် အသက် (၆၇) နှစ်ရှိပြီ ဖြစ်သည်။ စာရေးဆရာ မောင်သာချိုသည် မြန်မာစာပါမောက္ခတစ်ဦးလည်းဖြစ်ပြီး ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ် ၊ သုံးခွကျေးရွာတွင် မွေးဖွားခဲ့ခြင်း ဖြစ်သည်။ သူသည် ရန်ကုန် တက္ကသိုလ်မှ ၁၉၈၁ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့၊ ၁၉၈၃ ခုနှစ်တွင် ဝိဇ္ဇာ(ဂုဏ်ထူး)ဘွဲ့၊ ၁၉၈၈ တွင် မဟာဝိဇ္ဇာဘွဲ့များ ရရှိခဲ့ပြီး ၁၉၇၃ ခုနှစ် ဒီဇင်ဘာလထုတ် သောင်းပြောင်း ထွေလာရယ်စရာ...

အမေရိကန်ပြည်ထောင်စုသည် သြဂုတ်လမှစတင်၍ ဘရာဇီးမှ ကုန်ပစ္စည်းတင်သွင်းမှုများအပေါ် ၅၀% အခွန်စည်းကြပ်မည်

အမေရိကန်ပြည်ထောင်စုသည် သြဂုတ်လ ၁ ရက်နေ့မှစတင်၍ ဘရာဇီးမှ ကုန်ပစ္စည်းတင်သွင်းမှုများအပေါ် ၅၀% အကောက်ခွန်များ စည်းကြပ်ရန် ဆုံးဖြတ်လိုက်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာလိုက်သည်။ ဘရာဇီးသမ္မတ လူးဝစ် အီနာစီယို လူလာ ဒါဆေးလ်ဗားထံသို့ ပေးပို့သော မက်ဆေ့ချ်ပါ အခွန်နှုန်းအသစ်ကို သူ၏ Truth Social စာမျက်နှာတွင် ထုတ်ပြန်ခဲ့သည်။ ဘရာဇီးလ်အနေဖြင့် ပြန်လည်လက်တုံ့ပြန်သည့် အခွန်များ တန်ပြန်စည်းကြပ်ရန် ဆုံးဖြတ်ပါက အမေရိကန်သည် ဘရာဇီးကုန်ပစ္စည်းများအပေါ် အခွန်နှုန်းထားကို ထပ်မံတိုးမြှင့်မည်ဖြစ်ပြီး ဘရာဇီးလ်က သတ်မှတ်သည့် ပမာဏအတိုင်း လိုက်လံတိုးမြှင့်မည်ဖြစ်ကြောင်း ထရမ့်က...

ရူဘီယိုနှင့် လက်ဗရော့ဗ် ကွာလာလမ်ပူရ်တွင်တွေ့မည်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုသည် ကွာလာလမ်ပူတွင် ကျင်းပနေသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ပြင်ပတွေ့ဆုံမှုအဖြစ် ကြာသပတေးနေ့တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီ လက်ဗရော့ဗ်နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။ ယခုတွေ့ဆုံမှုသည် ရူဘီယိုနှင့် လက်ဗရော့ဗ် တို့၏ ဒုတိယအကြိမ်မြောက် လူချင်းတွေ့ဆုံမှုဖြစ်မည်ဖြစ်ကာ ယူကရိန်းစစ်ပွဲအရေးနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဘဝင်မကျမှု ရေချိန်မြင့် နေချိန်တွင် တွေ့ဆုံမှုဖြစ်သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ဆော်ဒီအာရေဗျနိုင်ငံတွင် ၎င်းတို့နှစ်ဦး ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ကြကာ ထရမ့်ပ်အစိုးရအဖွဲ့က ရုရှားနှင့် အပြန်အလှန်ဆက်ဆံရေး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071