တရုတ်နိုင်ငံသည် စာသင်ကျောင်းများတွင် ကာယာပညာကို ပင်ရင်းအဓိကဘာသာရပ်တစ်ခုအဖြစ် သင်ရိုးညွှန်းတမ်းတွင် ထည့်သွင်းရန် ရည်မှန်းထားပြီး နိုင်ငံတွင် ကလေးများ အဝလွန်နေခြင်းအပေါ် စိုးရိမ်မှုကြီးလာသောကြောင့် ဘက်စုံပညာရေးစနစ်အတွက် တွန်းအားပေးခြင်းဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
မူလတန်းနှင့် အလယ်တန်းကျောင်းများသည် ကာယပညာဆရာများကို ၎င်းတို့၏ တရုတ်၊ သင်ချာ၊ အင်္ဂလိပ်စာ ဘာသာရပ်သင် ဆရာများကဲ့သို့ အဆင့်တူသတ်မှတ်ရမည်ဖြစ်ပြီး ဘောလုံး၊ ဘတ်စကက်ဘောနှင့် ဘောလီဘောကဲ့သို့သော အဓိကအားကစားများ ဖွံ့ဖြိုးတိုးတက်စေရန် အရှိန်မြှင့်ဆောင်ရွက်ရမည်ဖြစ်သည်ဟု ပညာရေးဝန်ကြီးဌာနကို ကိုးကား၍ ရှင်းဟွာသတင်းဌာနက ဖော်ပြခဲ့သည်။
အဆိုပါ အစီအမံများသည် ပညာရေးအတွက် ပိုမိုကျယ်ပြန့်သော ချဉ်းကပ်မှုတစ်ခုဖြစ်ပြီး အနာဂတ်အတွက် အသင့်ပြင်ထားသော ဘက်စုံထူးချွန်ကျောင်းသားများကို ပြုစုပျိုးထောင်ရန် ပညာရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတို့ကို ပေါင်းစည်းစေခြင်းဖြစ်သည်ဟု ဝန်ကြီးဌာနက ပြောသည်။
တရုတ်နိုင်ငံသည် ၂၀၃၅ ခုနှစ်တွင့် “ဘက်စုံပညာရေးနိုင်ငံတော်” တည်ဆောက်မည်ဆိုသည့် ၎င်း၏ ပထမဆုံး အမျိုးသားစီမံကိန်းကို ဇန်နဝါရီလတွင် ထုတ်ပြန်ခဲ့ပြီးနောက် ယခုအစီအမံများ ထွက်လာခြင်းဖြစ်သည်။ အဆိုပါ မူဝါဒများတွင် မူလတန်းနှင့် အလယ်တန်းဆင့်ကျောင်းသားများသည် နေ့စဉ် အနည်းဆုံး နှစ်နာရီ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ ပြုလုပ်ရန်၊ အဝေးမှုန်၊ အနီးမှုန်ခြင်းများနှင့် အဝလွန်နှုန်းများကို ထိရောက်စွာ ထိန်းချုပ်ရန်တို့ ပါဝင်သည်။
Ref: e.vnexpress.net