လေးမျက်နှာမြို့နယ်တွင်ကြုံတွေ့နေရသည့် ရေကြီးရေလျှံမှုဖြစ်စဥ်တွင် လုပ်အားဒါနကူညီပေးကြသူများနှင့် ပြည်တွင်း/ပြည်ပအလှူရှင်များအားလုံးကို လေးစားဂုဏ်ပြုမှတ်တမ်းတင်သည်ဟု ဧရာဝတီတိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ခဲ့သည်။
အဆိုပါ အဖိုးတန်သော ကူညီပံ့ပိုးမှုနှင့် မေတ္တာတရားများသည် ရေဘေးသင့်သူများအတွက် အားကိုးရာခွန်အားနှင့် မျှော်လင့်ချက်အလင်းရောင်များဖြစ်ခဲ့ရပြီး စေတနာထက်သန်စွာဝိုင်းဝန်းလှူဒါန်းကြသူတစ်ဦးချင်းစီ၏ မွန် မြတ်သော စေတနာကောင်းများကြောင့် ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းတို့နှင့် ပြည့်စုံကြပါစေကြောင်းနှင့် ဘေးအန္တရာယ်အပေါင်းမှကင်းဝေးကြပါစေကြောင်း အလေးအနက်ဆုမွန်ကောင်းတောင်းသည်ဟုလည်း ထုတ်ပြန်ခဲ့သည်။
