Wednesday, May 6, 2026

အီရန်နှင့်စစ်ပွဲသည် နောက်ထပ် (၃) ပတ်ခန့်အထိ...

အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲသည် နောက်ထပ် နှစ်ပတ် သို့မဟုတ် သုံးပတ်ခန့် ဆက်လက်ကြာမြင့်နိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားပြန်သည်။ ရေဒီယိုအစီအစဉ်တင်ဆက်သူ ဟယူးဟူးဝစ် (Hugh Hewitt)...

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် ရုရှားနိုင်ငံသား (၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကိုလွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေ၌ တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ရုရှားနိုင်ငံ သား(၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍...

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

ပညာရေးကဏ္ဍဘက်စုံဖွံ့ ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရ၊ မိဘများ၊ ဆရာများ၊ တာဝန်ရှိသူများ၊ နိုင်ငံ သားအားလုံးက တစိုက်မတ်မတ်အလေးထားဆောင် ရွက်ရမည် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ မေ ၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Naypyitaw State Academy...
HomeArticlesအလွမ်းဟာ အချိန်မရွေး

အလွမ်းဟာ အချိန်မရွေး

ခွေးနှစ်ကောင်ဟာ တစ်ကောင် နဲ့တစ်ကောင် မြင်ဖူးကြပါတယ်။ တစ်ကောင်နဲ့တစ်ကောင် ကိုက် လည်းမကိုက်ဖူးပါ။ ဟောင်လည်း မဟောင်ဖူးပါ။ တစ်ကောင်က အိမ် ထဲမှာပင်နေ၍ တစ်ကောင်က လမ်း ပေါ်မှာ နေပါတယ်။ သူတို့နှစ်ကောင် ဘာမှမဆိုင်ပေမယ့် နှစ်ကောင်စ လုံး နဲ့ကတော့ အိမ်ကဆိုင်နေပါတယ်။

ဘိုဖြူက ဗမာခွေး၊ အဖြူရောင် ဖြစ်ပါတယ်။ ထောင်ထောင်မောင်း မောင်းနဲ့ ဘယ်သူ့မှ ဗိုလ်မထားတဲ့ ခွေးပေါ့။ လမ်းထဲလျှောက်ရင် ခြင်္သေ့ တစ်ကောင်ဟန်ပန်မျိုးနဲ့ လျှောက် တတ်တဲ့ခွေးပေါ့။ ကျွန်တော်တို့ အိမ် ဆောက်တုန်းက အိမ်ဝိုင်းထဲ ဝင်နေ တတ်တယ်။ ညကျရင် သူစောင့် ရှောက်နေတဲ့အကြောင်း ဟောင် ဟောင်ပြီးပြတတ်တယ်။ ဓာတ်မီးနဲ့ ထိုးကြည့်ရင် ဝင့်ဝင့်ကြွားကြွားနဲ့ လည်တိုင်ကို မော့ထားတတ်တယ်။

ဒါပေမဲ့ အဲဒါဟာ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကပါ။ အခုတော့ သူဟာ အိုစပြုလာပါပြီ။ သူ့ကြောင့် ခွေးဘဝ ရောက်ခဲ့တဲ့ ခွေးတွေတောင် သူ့ကိုမလေးစားတော့ပါဘူး။ သူ လည်း တစ်ခါတစ်ခါ အမြီးလေး အောက်ချပြီး သွားလာနေတာ တွေ့ရဲ့။ သူနဲ့နေတဲ့အိမ်မှာ ခွေးလေး တွေ များလာတဲ့အခါ သူကလမ်း ပေါ်မှာပဲ အနေများလာခဲ့တယ်။

အိမ်က ခွေးမလေး ကေတီမ အတွက် ခေါက်ဆွဲဆိုင်က ကြက်ရိုး လေး ဝယ်လာတဲ့အခါ သူက အိမ်ထဲ မဝင်ခင် ဖြတ်ပြီးတောင်းတတ်ရဲ့။ လမ်းထဲက လူတွေလမ်းထိပ်ကို ထွက် တဲ့အခါ သူကအစောင့်အရှောက် ပမာ လိုက်သွားတတ်တာ လည်းရှိရဲ့။

ကေတီမက ဘိုခွေးလေး။ ခွေး ဖြူမလေးပါ။ သေးသေးကျစ်ကျစ်နဲ့ အမွေးစုတ်ဖွားလေးပါ။ သူ့ကို အဲဒီ နာမည်ပေးခဲ့တာက အရင်အိမ်ရှင်က ပါ။ အရင်အိမ်ရှင်က ခွေးအဝင် မတော်လို့ဆိုပြီး သူ့ကိုအိမ်ထဲမသွင်း တဲ့အခါ ကျွန်တော်တို့အိမ်ရှေ့ကနေ ဟောင်ဟောင်ပြီး တံခါးဖွင့်ခိုင်းတဲ့ ခွေးလေးပါ။ သူရောက်တဲ့နေ့က မိုး တွေကလည်း ရွာနေတော့ သနား တာနဲ့ သူ့ကိုလက်ခံထားလိုက်တာပါ။

နောက်နေ့ မိုးတိတ်တော့ ကျွန်တော်က သူ့ကိုပြန်ခိုင်းပါတယ်။ သူက ရုတ်တရက် ကိုယ်ကိုလှဲချပြီး လက်ကလေးနှစ်ဖက်နဲ့ ရှိခိုးသလို လုပ်ပါတယ်။ အဲဒါနဲ့ပဲ သနားတာနဲ့ သူ့ကို အိမ်ထဲမှာပဲမွေးထားလိုက်ပါ တယ်။ အိမ်ကသမီးတွေရဲ့ ဆိုင်ကယ် သံကိုလည်း ထပ်ခနဲကြားလိုက်တာနဲ့ မှတ်မိတယ်။ ကြားရင် အိပ်နေတာက နေ ချက်ချင်းထပြီး ဝန်းတံခါးဘက် ပြေးတော့တာပဲ။ လူစိမ်းလာရင်လည်း ဟောင်တယ်။ အိမ်ကလူတွေနဲ့ စ ကားပြောပြီးရင်တော့ သူ့တာဝန်ကျေ သွားတဲ့အတိုင်း မဟောင်တော့ဘူး။ သိတတ်လိမ္မာတယ်လို့ပဲ ဆိုရတော့ မှာပေါ့။

(၂)

တစ်ညမှာ အိပ်မပျော်တာနဲ့ ဝရန်တာကနေ အပြင်ကိုကြည့်မိ တယ်။ ဘိုဖြူကြီးက လမ်းပေါ်မှာ အိပ်လို့။ နှစ်နှစ်ခြိုက်ခြိုက်။ ကေတီ မလေးကတော့ အိမ်ထဲမှာအိပ်လို့။ ကောင်းကင်မှာ ကြယ်တွေစုံလို့ပေါ့။ အိမ်ထဲက ပန်းရနံ့လေးတွေကလည်း သင်းလို့။ စွယ်တော်ပင်ရှိတယ်။ သပြေပင် ရှိတယ်။ ညမွှေးပန်းရှိ တယ်။ ပန်း လေးတွေ ကျွန်တော်တို့နဲ့ ပတ်သက် နေတယ်။ သူတို့ချင်းကော သိပါ့မလား။ ရှိနေတယ်ဆိုတာ သိပါ့ မလား။

ငယ်သူငယ်ချင်းတစ်ယောက် ဆုံးပါးသွားတယ်။ ကျွန်တော်သတင်း လောက်ပဲ လှမ်းမေးလိုက်နိုင်ရဲ့။ သူ ကတော့ ရှိနေခဲ့တယ်လေ။
လေပြည်လေး တိုက်ခတ်လာ တယ်။ သူရှိပါရဲ့။ တခြားရှိတာတွေ ဘယ်လိုသိနိုင်ပါ့မ လဲ။ ရှိတာတွေက ရှိနေတာဖြစ်ပြီး တစ်စုံတစ်ရာ၊ တစ်စုံတစ်ခုနဲ့ ပတ်သက်ဆက်နွှယ် နေကြတယ်။ ရှိနေတာအချင်းချင်း ကော ရှိတဲ့အကြောင်း သိနိုင်ပါ့မ လား။ မိတ်ဆွေတစ်ဦးနဲ့ မန္တလေးမှာ ဆုံကြတယ်။ မန္တလေးမှာရောက်ပြီး ၁ဝ နှစ်လောက်ကြာမှ သိကြရတာ ပါ။ ပြန်စဉ်းစားကြည့်ရင်တော့ ဝမ်းနည်းစရာလေ။

ကျွန်တော်တို့ မသိလိုက်တဲ့ အကြောင်းတရားများ၊ မသိလိုက်သ လို ပျောက်ကွယ်သွားလေမလား၊ သိ ခြင်းဟာ သိခြင်းအမှန်နဲ့ ခံစားမှုဟာ ခံစားမှုအမှန်ဖြစ်လို့ သဘာဝတရား ကြီးက မှန်နိုင်ပါ့မလား။ မနက်မိုး လင်းရင်တော့ နေထွက်လာမှာပါ။

မောင်ကြည်သာ (တောင်တွင်း)

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071