Wednesday, February 19, 2025

ရန်ကုန်-မန္တလေး ရထားခရီးစဉ် အချိန်ပြောင်းလဲပြေးဆွဲလာ ၊...

ရန်ကုန်-မန္တလေး အမြန်ရထားခရီးစဉ်ပြေးဆွဲမှုအချိန်ကို ဖေဖော်ဝါရီ(၁၇)ရက်မှစတင်၍ ပြောင်းလဲပြေးဆွဲလာသည့်အပြင် ဘူတာစဉ် (၁၃) ဘူတာ၌လည်း မရပ်နားသဖြင့်ကြာမြင့်ချိန်လျော့ချလာကြောင်း ရန်ကုန်-မန္တလေး ရထားစီးခရီးသည်များထံက သိရသည်။ ရန်ကုန်-မန္တလေး (၁၁) အဆန်၊...

အီလွန်မတ် ဆက်လုပ်ဖို့ တရားရုံး မီးစိမ်းပြ

အီလွန်မတ်ဦးဆောင်သော အစိုးရစွမ်းဆောင်ရည်မြှင့်တင်ရေးဌာန(DOGE)၏ အမေရိကန်ပြည်ထောင်စု ပြည်သူ့ဝန်ထမ်းစနစ် ပြန်လည်ပြင်ဆင်မှုကို လောလောဆယ်အနေဖြင့် ခွင့်ပြု‌ကြောင်း ဝါရှင်တန်ရှိ အမေရိကန်ပြည်ထောင်စုတရားရုံးမှ တရားသူကြီး တန်ယာချတ်ကင်က ကြေညာလိုက်သည်။ သူက အစိုးရစွမ်းဆောင်ရည်မြှင့်တင်ရေးဌာနကို...

ယူကရိန်းစစ်ပွဲ ဆွေးနွေးမှုများ၏ ပထမအဆင့်အဖြစ် သံတမန်ဆက်ဆံရေး...

ဖေဖော်ဝါရီ ၁၈ ရက်က ဆော်ဒီအာရေဗျနိုင်ငံတွင် အမေရိကနှင့် ရုရှား အရာရှိများ ဆွေးနွေးမှုအပြီး၌ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးများ ပုံမှန်လည်ပတ်မှုကို ပြန်လည်ဖော်ဆောင်ရန် အမေရိကနှင့်...

နွေရာသီကာလဖြစ်သည့် မတ်၊ ဧပြီလများတွင် Hotspot...

နွေရာသီကာလဖြစ်သည့် မတ်၊ ဧပြီလများတွင် Hotspot အရေအတွက်ပိုမိုများပြားလာနိုင်သည်ဟု မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော်မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ၊ ကာကွယ်ရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဗိုလ်ချုပ်ကိုလေး ကပြောသည်။ နေပြည်တော်၌ ဖေဖော်ဝါရီ...
HomeInternationalအလောင်းအစားဖြင့် အရက်စိန်ခေါ်သောက်သည့် ထိုင်းလူငယ်...

အလောင်းအစားဖြင့် အရက်စိန်ခေါ်သောက်သည့် ထိုင်းလူငယ် သေဆုံး

ဆိုရှယ်မီဒီယာတွင် လူသိများသော ထိုင်းလူငယ်တစ်ဦးသည် ဘတ် ၃၀,၀၀၀ အလောင်းအစားကြေးခေါ်မှုအတွက် ၃၅၀ မီလီလီတာ ဝီစကီပုလင်းကို တကြိုက်တည်းသောက်ခဲ့ပြီးနောက် မကြာမီတွင် သေဆုံးခဲ့ကြောင်း သိရသည်။

ပန်းကုံးများရောင်းချ၍ အသက်မွေးဝမ်းကျောင်းပြုသော အဆိုပါလူငယ်သည် ရက်ပ်သီချင်းများဆိုကာ ဖောက်သည်များကို ဆွဲဆောင်လေ့ရှိသူဖြစ်သည်။ သူသည် ငွေကြေးအတွက် အရက်ကို တကြိုက်တည်း အမြန်သောက်ပြသည့် အလောင်းအစားဗီဒီယိုများစွာတွင် ပါဝင်ခဲ့သည်။

ပါတီပွဲတစ်ခုတွင် အားပေးအားမြှောက်လုပ်နေသည့် လူအုပ်ကြား၌ ထာနာကမ်က ဝီစကီပုလင်းသေးတစ်လုံးကို အမြန်မော့သောက်ပြနေသည့် ဗီဒီယိုဖိုင်သည် အင်တာနက်တွင် ပျံ့နှံ့ခဲ့သည်။ ပါတီပွဲတက်သူအချို့က မိုဘိုင်းလ်ဖုန်းများဖြင့် သူ့ကို ဗီဒီယိုရိုက်နေခဲ့ကြသည်။

အလောင်းအစားဖြင့် အရက်သောက်ပြခဲ့ပြီးနောက် ထာနာကမ်သည် နာမကျန်းဖြစ်ကာ အော့အန်ခဲ့သည်။ ယင်းနောက်သူ့ကို ဆေးရုံတင်ပေးခဲ့သော်လည်း နောက်ပိုင်းတွင် ဆေးရုံ၌ပင် အသက်ဆုံးရှုံးခဲ့သည်။

ကယ်ဆယ်ရေးသမားများက ထာနာကမ်ကို ထမ်းစဉ်ဖြင့် လူနာတင်ယာဉ်ဆီ ပို့ဆောင်နေစဉ်တွင် ပါတီပွဲတက်သူအချို့ ရယ်မောနေခဲ့ကြသည်ကို ဖေ့စ်ဘုတ်ပေ့ချ်တစ်ခုတွင် ဖော်ပြခဲ့သည်။ မှတ်ချက်ပေးသူများက ထိုသူများကို စာနာစိတ်မရှိသူများဟု ပြစ်တင်ဝေဖန်ခဲ့ကြသည်။

အဆိုပါလူငယ်သည် သူ နှစ်လသားအရွယ်ကပင် မိဘနှစ်ပါးကွဲကွာသွားခဲ့သောကြောင့် ဘန်ကောက်မြို့ ဆင်းရဲသားရပ်ကွက်တစ်ခုတွင် အဖွားဖြစ်သူအုပ်ထိန်းမှုအောက်၌ ကြီးပြင်းခဲ့သူဖြစ်သည်။ သူ အသက် ခုနစ်နှစ်အရွယ်တွင် Ram Intra လမ်းပေါ်ရှိ Liab Duan သားငါးဈေးတွင် ပန်းကုံးများစတင်ရောင်းချကာ အဖွားနှင့် သူ့အတွက် ဝင်ငွေရှာခဲ့သည်။

သူသေဆုံးခဲ့ပြီးနောက် လူသေစေသော ကြေးဖွင့်စိန်ခေါ်သည့် လုပ်ရပ်ကို မိုက်မဲသော အကြောင်းအရာအဖြစ် အင်တာနက်အသုံးပြုသူအများအပြားက ရှုတ်ချခဲ့ကြပြီး ထိုအကြောင်းအရာဗီဒီယိုများကို ပို့စ်တင်ခြင်းမလုပ်ကြရန် တောင်းဆိုခဲ့ကြသည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်-မန္တလေး ရထားခရီးစဉ် အချိန်ပြောင်းလဲပြေးဆွဲလာ ၊ ဘူတာစဉ် (၁၃) ဘူတာ မရပ်နားဘဲ ကြာမြင့်ချိန်လျော့ချလာ

ရန်ကုန်-မန္တလေး အမြန်ရထားခရီးစဉ်ပြေးဆွဲမှုအချိန်ကို ဖေဖော်ဝါရီ(၁၇)ရက်မှစတင်၍ ပြောင်းလဲပြေးဆွဲလာသည့်အပြင် ဘူတာစဉ် (၁၃) ဘူတာ၌လည်း မရပ်နားသဖြင့်ကြာမြင့်ချိန်လျော့ချလာကြောင်း ရန်ကုန်-မန္တလေး ရထားစီးခရီးသည်များထံက သိရသည်။ ရန်ကုန်-မန္တလေး (၁၁) အဆန်၊ (၁၂) အစုန် အမြန်ရထားစဉ်ကို ယခင်က ရန်ကုန်ဘူတာကြီးမှ နံနက် (၅) နာရီထွက်ခွာ၍ မန္တလေးသို့ ည (၁၁) နာရီ (၄၅) မိနစ်တွင် ဆိုက်ရောက်ပြီး၊ ယခုအခါ ပြင်ဆင်လိုက်သည့် အချိန်အရ နံနက် (၆) နာရီတွင် စတင်ထွက်ခွာ၍ မန္တလေးသို့ ည (၆)နာရီ (၄၅)...

အီလွန်မတ် ဆက်လုပ်ဖို့ တရားရုံး မီးစိမ်းပြ

အီလွန်မတ်ဦးဆောင်သော အစိုးရစွမ်းဆောင်ရည်မြှင့်တင်ရေးဌာန(DOGE)၏ အမေရိကန်ပြည်ထောင်စု ပြည်သူ့ဝန်ထမ်းစနစ် ပြန်လည်ပြင်ဆင်မှုကို လောလောဆယ်အနေဖြင့် ခွင့်ပြု‌ကြောင်း ဝါရှင်တန်ရှိ အမေရိကန်ပြည်ထောင်စုတရားရုံးမှ တရားသူကြီး တန်ယာချတ်ကင်က ကြေညာလိုက်သည်။ သူက အစိုးရစွမ်းဆောင်ရည်မြှင့်တင်ရေးဌာနကို ဦးဆောင်နေသော အီလွန်မတ်၏ လုပ်ဆောင်ချက်များကို ချက်ချင်းတားဆီးရန် ပြည်နယ်ပေါင်း ၁၀ ခုကျော်မှ တောင်းဆိုချက်များကို လောလောဆယ်အားဖြင့် ငြင်းဆန်လိုက်ခြင်းဖြစ်သည်။ အစိုးရအေဂျင်စီ ၇ ခု၏ ကွန်ပျူတာစနစ်များကို ဝင်ရောက်ကြည့်ရှုခြင်း သို့မဟုတ် အစိုးရဝန်ထမ်းများကို ဖယ်ရှားခြင်းတို့ကို တားမြစ်သည့် တရားဝင် အမိန့်ထုတ်ပေးရန် ပြည်နယ်ပေါင်း ၁၀ ခုကျော်မှ တောင်းဆိုထားခြင်း ဖြစ်သည်။ ထိုတောင်းဆိုချက်တွင်...

ယူကရိန်းစစ်ပွဲ ဆွေးနွေးမှုများ၏ ပထမအဆင့်အဖြစ် သံတမန်ဆက်ဆံရေး ပုံမှန်ပြန်လည်ထူထောင်ရန် ကန်-ရုရှား သဘောတူ

ဖေဖော်ဝါရီ ၁၈ ရက်က ဆော်ဒီအာရေဗျနိုင်ငံတွင် အမေရိကနှင့် ရုရှား အရာရှိများ ဆွေးနွေးမှုအပြီး၌ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးများ ပုံမှန်လည်ပတ်မှုကို ပြန်လည်ဖော်ဆောင်ရန် အမေရိကနှင့် ရုရှားတို့ သဘောတူညီခဲ့သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ပြောကြားသည်။ မော်စကိုက ယူကရိန်းကို ကျူးကျော်ခဲ့မှုနှင့် မော်စကို၏ အခြားလုပ်ရပ်များနှင့် ပတ်သက်၍ ယခင်အမေရိကန်အစိုးရများက ရုရှားသံတမန်များအပေါ် ချမှတ်ခဲ့သော ကန့်သတ်ချက်များကို သိသိသာသာ ဖြေလျှော့ပေးနေသည်ကို ယခုလုပ်ရပ်က ပြသနေသည်။ ဇန်နဝါရီလတွင် စတင်တာဝန်ထမ်းဆောင်ခဲ့သော သမ္မတ ဒေါ်နယ်ထရမ့်ပ်က စေ့စပ်ညှိနှိုင်းမှုများ စတင်ရန် ထိပ်တန်းအရာရှိများကို အမိန့်ပေးခဲ့ပြီးနောက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071