ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ ဆင်မင်းအိမ်ရာရှိ တိုက်ခန်းတစ်ခုတွင် ဖုန်းအားသွင်းကြိုး အပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှု ယနေ့ ဧပြီလ (၉) ရက် မွန်းတည့် (၁၂) နာရီခွဲဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ရောင်စဥ်မဲ့လူမှုကူညီရေးအသင်းတို့မှ သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုအား အလုံမြို့နယ်မီးသတ်စခ န်းမှ တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းမှ အသင်း ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြရာ မွန်းတည့် ၁ နာရီဝန်းကျင်တွင် မီးငြှိမ်းနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဌာနချုပ်မှ သိရသည်။
” ဖုန်းအားသွင်းကြိုး အပူလွန်ပြီး ဘေးကမွေ့ယာအတွင်းထဲကို လှိုက်ပြီးလောင်တာပါ။ မီးခိုးကတော့များသွားတယ် မီးလန့်တဲ့ အဆင့်လို့ ပြောရမှာပေါ့ “ဟု အခင်းဖြစ်နေရာသို့ ရောက်ရှိနေသည့် ရောင်စဥ်မဲ့လူမှုကူညီရေးအ သင်း ဥက္ကဋ္ဌက ပြောသည်။


