Saturday, August 15, 2026

MCCT အစီအစဉ်အမည်ကို အသုံးပြု၍ ငွေကြေးလိမ်လည်မှုများရှိနေသဖြင့်...

နေပြည်တော်၊ သြဂုတ်-၁၅ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ပေးသည့် MCCT အစီအစဉ်၏ နာမည်ကို အလွဲသုံးစားပြု၍ အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်မှုများ...

ရန်ကုန်နှင့် ကျိုက္ခမီတို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေ၍...

ရန်ကုန်၊ ဩဂုတ် ၁၅ ရန်ကုန်မြို့နှင့် ကျိုက္ခမီမြို့တို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုများ ရှိနေသဖြင့် ပြည်သူများအနေဖြင့် အထူးဂရုပြုကြရန်နှင့် ရောဂါလက္ခဏာများဖြစ်ပွားပါက နီးစပ်ရာ ကျန်းမာရေးဌာနများနှင့် ဆေးရုံများတွင်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားနိုင်ငံသို့ တရားဝင်ခရီးစဉ်သွားရောက်မည်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံ၊ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင် ၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ မကြာမီရက်ပိုင်းအတွင်း တရားဝင်ခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်ကြောင်း...

နိုင်ငံ့စီးပွားရေးကိုအထောက်အကူဖြစ်စေမည့် ဝါး၊ ရာဘာတို့ကိုစိုက်ပျိုးကြရန် နိုင်ငံတော်သမ္မတ...

စိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ် ဝန်းကျင်ကိုထိန်းသိမ်းပေးရုံသာမက နိုင်ငံ့စီးပွားရေးကို အထောက်အကူဖြစ်စေမည့် ဝါး၊ ရာဘာစသည့် နှစ်ရှည်စက်မှုကုန်ကြမ်းသစ်ပင်မျိုးများကို အ ခြေအနေပေးသည့်၊ ရနိုင်သည့်နေရာများတွင်စိုက်ပျိုးကြရန် နိုင်ငံတော်သ မ္မတ...
HomeInternationalအရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ကမ္ဘာ့ဆာလ်ဖျူရစ်အက်ဆစ် ထောက်ပံ့မှု...

အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ကမ္ဘာ့ဆာလ်ဖျူရစ်အက်ဆစ် ထောက်ပံ့မှု ပြ-တ်တေ-ာက်မှုများ ဖြစ်ပေါ်နေ

အရှေ့အလယ်ပိုင်း ပဋိပက္ခ အခြေအနေများသည် ကမ္ဘာ့ဆာလ်ဖျူရစ်အက်ဆစ် ထောက်ပံ့မှုအပေါ် ဆိုးကျိုးများ သက်ရောက်စေပြီး ဈေးနှုန်းများ မြင့်တက်လာစေရန် အကြောင်းရင်းဖြစ်စေကြောင်း The Wall Street Journal က ဖော်ပြခဲ့သည်။

အမေရိကန်အခြေစိုက် အဆိုပါသတင်းစာ၏ ဖော်ပြချက်အရ ဆာလ်ဖျူရစ်အက်ဆစ်ကို ဖော့စဖိတ်မြေသြဇာများ ထုတ်လုပ်ရန်၊ ကျောက်ဆောင်များထဲမှ ကြေးနီနှင့် အခြားသတ္တုများကို ခွဲထုတ်ရန်၊ သစ်ပျော့ဖတ်ပြုလုပ်ရန်၊ သံမဏိသန့်စင်ရန်၊ သားရေနယ်ရန်နှင့် ရော်ဘာကျိုရန်တို့တွင် အသုံးပြုကြကြောင်း သိရသည်။

“ကမ္ဘာပေါ်ရှိ ဆာလ်ဖာ (ကန့်) အများစုမှာ ပါရှန်းကွေ့ရှိ ရေနံချက်စက်ရုံများနှင့် သဘာဝဓာတ်ငွေ့စက်ရုံများမှ ထွက်ရှိခြင်းဖြစ်ပြီး လက်ရှိတွင် ဟော်မုဇ်ရေလက်ကြား၌ ပိတ်ဆို့မှုများနှင့် ရင်ဆိုင်နေရသည်” ဟုလည်း အဆိုပါသတင်းစာက ဆက်လက်ဖော်ပြထားသည်။

ယခုပြဿနာကို ပိုမိုဆိုးရွားစေသည့် အခြားအချက်တစ်ချက်မှာ တရုတ်နိုင်ငံက ဆာလ်ဖျူရစ်အက်ဆစ် တင်ပို့မှုအပေါ် ကန့်သတ်ချက်များ ချမှတ်လိုက်သည့် ဆုံးဖြတ်ချက်ပင် ဖြစ်သည်။

ဆာလ်ဖာဈေးကွက် ကျွမ်းကျင်သူတစ်ဦးဖြစ်သူ Acuity Commodities မှ ဒါရို-က်တာ Freda Gordon ကို ကိုးကား၍ WSJ က ဖော်ပြရာတွင် “မြေသြဇာဈေးကွက်နှင့် စားနပ်ရိက္ခာထောက်ပံ့မှုအပေါ် ခြိမ်းခြောက်မှုများရှိလာခြင်းကြောင့် ကမ္ဘာ့အကြီးဆုံး ဆာလ်ဖာထုတ်လုပ်သည့် တရုတ်နိုင်ငံအနေဖြင့် ယခုလအတွင်း တင်ပို့မှုများကို ကန့်သတ်လိုက်ရပြီး၊ ယင်းက ဈေးနှုန်းများကို ပိုမိုမြင့်တက်စေကာ ရရှိနိုင်မှုကိုလည်း ပိုမိုခက်ခဲသွားစေသည်”ဟု ဆိုသည်။

အမေရိကန်နှင့် အစ္စရေးတို့သည် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် အီရန်အပေါ် စစ်ရေးအရ စတင်တို-က်ခိုက်ခဲ့သည်။ ထိုအခါ တီဟီရန် (အီရန်အစိုးရ) က အမေရိကန်၊ အစ္စရေးနှင့် အီရန်အပေါ် ကျူးကျော်မှုကို ထောက်ခံသည့် နိုင်ငံများနှင့် ဆက်နွှယ်သော သင်္ဘောများကို ဟော်မုဇ်ရေလက်ကြားမှ ဖြတ်သန်းခွင့် ပိတ်ပင်လိုက်သည်။ ဧပြီလ ၇ ရက်နေ့တွင် ဝါရှင်တန်က အီရန်နှင့် နှစ်ဖက်အပြန်အလှန် နှစ်ပတ်ကြာ အပ-စ်အခတ်ရပ်စဲရေးကို ကြေညာခဲ့သည်။

ဧပြီလ ၁၁ ရက်နေ့တွင် ပါကစ္စတန်နိုင်ငံ အစ္စလာမ္မာဘတ်မြို့၌ နှစ်ဖက်အဖွဲ့များ ဆွေးနွေးပွဲ အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြသော်လည်း အီရန်နှင့် ဝါရှင်တန် နှစ်ဖက်စလုံး၏ အဆိုအရ သဘောထားကွဲလွဲမှုများစွာ ရှိနေသောကြောင့် ရေရှည်ငြိမ်းချမ်းရေး သဘောတူညီချက်ကို မရရှိနိုင်ခဲ့ကြပေ။

ဧပြီလ ၂၁ ရက်နေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သက်တမ်းကုန်ဆုံးတော့မည့် အီရန်နှင့် အပ-စ်အခတ်ရပ်စဲရေးကို ထပ်မံတိုးမြှင့်ရန် ရည်ရွယ်ကြောင်း ကြေညာခဲ့သည်။ သို့သော်လည်း အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားက ဝါရှင်တန်၏ တစ်ဖက်သတ် အပ-စ်ရပ်သက်တမ်းတိုးမှုကို အသိအမှတ်ပြုရန် အစီအစဉ်မရှိကြောင်းနှင့် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားအတိုင်းသာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နောက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

MCCT အစီအစဉ်အမည်ကို အသုံးပြု၍ ငွေကြေးလိမ်လည်မှုများရှိနေသဖြင့် သတိပြုကြရန် လူမှုဝန်ထမ်းဦးစီးဌာန အသိပေး

နေပြည်တော်၊ သြဂုတ်-၁၅ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ပေးသည့် MCCT အစီအစဉ်၏ နာမည်ကို အလွဲသုံးစားပြု၍ အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်မှုများ ပေါ်ပေါက်လျက်ရှိသဖြင့် မိဘပြည်သူများအနေဖြင့် အထူးသတိပြုကြရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် MCCT အစီအစဉ်တွင် အကျုံးဝင်သူများ၏ စာရင်းကို သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် လူပြင်၌သာ စာရင်းကောက်ယူခြင်းကို ဆောင်ရွက်လျက်ရှိပြီး အွန်လိုင်း (Online) မှတစ်ဆင့် စာရင်းကောက်ယူခြင်း လုံးဝ (လုံးဝ) မပြုလုပ်ကြောင်း...

ရန်ကုန်နှင့် ကျိုက္ခမီတို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေ၍ အထူးသတိပြုရန် ကျန်းမာရေးဝန်ကြီးဌာန အသိပေး

ရန်ကုန်၊ ဩဂုတ် ၁၅ ရန်ကုန်မြို့နှင့် ကျိုက္ခမီမြို့တို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုများ ရှိနေသဖြင့် ပြည်သူများအနေဖြင့် အထူးဂရုပြုကြရန်နှင့် ရောဂါလက္ခဏာများဖြစ်ပွားပါက နီးစပ်ရာ ကျန်းမာရေးဌာနများနှင့် ဆေးရုံများတွင် အချိန်မီ ကုသမှုခံယူကြရန် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အသိပေး ထုတ်ပြန်ထားသည်။ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါသည် ရောဂါပိုးပါဝင်သည့် မသန့်ရှင်းသော ရေနှင့် အစားအစာများကို စားသုံးမိခြင်းမှတစ်ဆင့် ကူးစက်ဖြစ်ပွားခြင်းဖြစ်ပြီး မိုးဦးကျကာလနှင့် မိုးကုန်ဆောင်းအကူး ကာလများတွင် ရောဂါဖြစ်ပွားမှု ပိုမိုများပြားနိုင်ကြောင်း သိရသည်။ ရောဂါပိုးများသည် အညစ်အကြေးများမှတစ်ဆင့် ယင်ကောင်များ၊ မသန့်ရှင်းသော လက်များနှင့် အစားအသောက်များအတွင်းသို့ ရောက်ရှိကာ တစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်သည်။ အဆိုပါ...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားနိုင်ငံသို့ တရားဝင်ခရီးစဉ်သွားရောက်မည်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံ၊ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင် ၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ မကြာမီရက်ပိုင်းအတွင်း တရားဝင်ခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ ခရီးစဉ်အတွင်း၌ နိုင်ငံတော်သမ္မတသည် ရုရှားနိုင်ငံသမ္မတနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ရုရှားနိုင်ငံဝန်ကြီးချုပ်၊ ရုရှားနိုင်ငံဒူးမားလွှတ်တော်ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံဆွေးနွေးခြင်းတို့အပြင် ရုရှားအစိုးရပိုင်းမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်လည်း တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ တွေ့ဆုံပြီးနောက် မြန်မာ-ရုရှား နှစ်နိုင်ငံကြားရှိ ရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကိုပိုမိုခိုင်မာစေရေးနှင့် စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေးကဏ္ဍများအပါအဝင် ကဏ္ဍပေါင်းစုံတွင် နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာစေရေးတို့ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ ခရီးစဉ်အတွင်း၌ နိုင်ငံတော်သမ္မတသည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071