Friday, February 14, 2025

ရွှေကုက္ကိုလ်က အွန်လိုင်းငွေလိ-မ်ဂိုဏ်းများကို ကရင်နယ်ခြားစောင့်တပ် က...

ထိုင်း- မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်းရှိ ရွှေကုက္ကိုလ်မြို့သစ်တွင် ခြေကုတ်ယူကာ လုပ်ဆောင်နေသည့် အွန်လိုင်းငွေလိ-မ်လည်သည့် ကျားဖျန့်လုပ်ငန်းများအား ကရင်နယ်ခြားစောင့်တပ် (BGF) က ဝင်ရောက် ဖမ်းဆီးမှုများကို...

Myanmar National League 2024-25...

Myanmar National League 2024-25 ပွဲစဉ် Week-19 ပွဲစဉ်များ ပြီးဆုံးချိန်အထိ အများဆုံး သွင်းဂိုး(၁၃)ဂိုးဖြင့် ဆက်လက် ဦးဆောင်နေသူမှာ ရန်ကုန်ယူနိုက်တက်အသင်း...

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ထိန်းထားနိုင်ရန် တရုတ်ကြိုးပမ်းနေ

ပေကျင်း၊ဖေဖော်ဝါရီ ၁၂ ပြင်းထန်လာသည့် တရုတ်-အမေရိကန်ကုန်သွယ်ရေးအားပြိုင်မှုများအကြား ၌ မြေစာပင်ဖြစ်မည့်အရေးကို စိုးရိမ်ပူပန်နေကြသည့်ကမ္ဘာ့စီးပွားရေးခေါင်းဆောင်များကို သိမ်းသွင်းနိုင်ရန်အတွက် တရုတ်၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို တည်ငြိမ်စေမည့်အစီအစဉ်ကို အတည်ပြုလိုက်ပြီဖြစ်ကြောင်းသိရသည်။ တနင်္လာနေ့က ဝန်ကြီးချုပ်လီချင်ဦးဆောင်သည့် နိုင်ငံတော်ကောင်စီအစည်းအဝေးတွင်...

ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၇...

တောင်တရုတ်ပင်လယ်ပြင်၊ ၎င်းနှင့်တစ်ဆက်တည်းရှိသော အရှေ့ဗီယက်နမ်ကမ်းလွန်ပင်လယ်ပြင်တို့တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေသည်ဟု မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)၏ ယနေ့ ဖေဖော်ဝါရီ ၁၄ ရက်ထုတ်ပြန်ချက်အရ သိရသည်။ ယင်း လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ဖေဖော်ဝါရီ...
HomeInternationalအရှေ့ပိုင်းယူကရိန်း စစ်ခေါင်းဆောင်မော်စကိုဗုံးပေါက်ကွဲမှုတွင်‌ေ-သဆုံး

အရှေ့ပိုင်းယူကရိန်း စစ်ခေါင်းဆောင်မော်စကိုဗုံးပေါက်ကွဲမှုတွင်‌ေ-သဆုံး

အရှေ့ပိုင်းယူကရိန်း မှ ရုရှားထောက်ခံသည့် စစ်အဖွဲ့ ခေါင်းဆောင် အာမန် ဆာကစ်ဆန် ကို တနင်္လာနေ့တွင် မော်စကိုမြို့ရှိ ဇိမ်ခံအဆင့်မြင့် အိမ်ရာအဆောက်အအုံတွင် ဗုံးပေါက်ကွဲမှုကြောင့် ‌ေ-သဆုံးခဲ့ကြောင်း TASS သတင်းဌာန နှင့် အခြားရုရှားမီဒီယာများက ဖော်ပြခဲ့ကြသည်။ TASS သတင်းဌာန ကတော့ ဒီဗုံးပေါက်ကွဲမှုဟာ အသေအခြာစီစဉ်ထားတဲ့လုပ်ကြံမှုတစ်ခုဖြစ်သည်ဟု သုံးသပ်ထားသည်။

ရုရှားမီဒီယာများ၏ ဖော်ပြချက်အရ ဆာကစ်ဆန် သည် သူ့၏ကိုယ်ရံတော်များနှင့်အတူ မော်စကိုမြစ် ကမ်းခြေတစ်လျှောက်ရှိ Scarlet Sails အိမ်ရာ၏ မြေညီထပ်သို့ ဝင်ရောက်သည့်အချိန်တွင် ဗုံးပေါက်ခဲ့ခြင်းဖြစ်ပြီး ယင်းနေရာသည် ခရမ္မလင် နန်းတော်နှင့်  ၁၂ ကီလိုမီတာ (၇ မိုင်) ခန့်သာ ဝေးကွာသည့်နေရာလည်းဖြစ်သည်။ သက်တော်စောင့် တစ်ဦးသေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Kommersant သတင်းစာကဖော်ပြထားသည်။

ဆာကစ်ဆန် ကိုလုပ်ကြံသတ်ဖြတ်ရန် ကြံစည်မှုကို သေချာစီစဉ်၍ တစ်စုံတစ်ယောက်က အမိန့်ပေးခဲ့ခြင်းဖြစ်ပြီး လုံခြုံရေးစုံစမ်း‌ဆေး‌ရေးအရာရှိများက ယင်းရာဇဝတ်မှုကို မည်သူက အမိန့်ပေးခဲ့သည်ကို လက်ရှိတွင် ဖော်ထုတ်နေတယ်လို့ တရားဥပဒေအဖွဲ့ဝင်တစ်ဦးကို ကိုးကား၍ TASS သတင်းဌာနက ဖော်ပြခဲ့သည်။

ရုရှားလုံခြုံရေးဝန်ဆောင်မှုများနှင့် ဆက်သွယ်မှုရှိသည့် Baza အမည်ရှိ Telegram Channel သည် အဆောက်အအုံ၏ ဝင်ပေါက်ဧရိယာတွင် ပေါက်ကွဲမှုကြောင့်ကြီးမားသော ပျက်စီးဆုံးရှုံးမှုများကို ပြသသည့် ဗီဒီယိုကို တင်ထားခဲ့သည်။

ရိုက်တာသတင်းထောက်များက ပေါက်ကွဲမှုဖြစ်ပွားသောနေရာတွင် ပြိုကျသွားသည့် မှန်တံခါးများ ကို တွေ့မြင်ခဲ့ပြီး ဒဏ်ရာရသူများကို သယ်ယူပို့ဆောင်ပေးနေသော ရဟတ်ယာဉ် တစ်စီးကိုလည်း မြင်တွေ့ခဲ့ကြကြောင်း ယင်းအခင်းဖြစ်ပွားရာနေရာတွင် ရဲတပ်ဖွဲ့များ အများအပြားသွားလာနေသည် ကိုလည်း တွေ့မြင်ခဲ့ကြကြောင်းဖော်ပြထားသည်။

ဆာကစ်ဆန် ကို ယူကရိန်းနိုင်ငံ၏  Donetsk နယ်မြေဒေသတွင် ရာဇဝတ်မှုအဖွဲ့ခေါင်းဆောင် တစ်ဦးအဖြစ် ဖော်ပြခဲ့ပြီး ယင်းနယ်မြေဒေသကို  ၂၀၁၄ ခုနှစ်မှစ၍ မော်စကိုကထိန်းချုပ် ပေးလျက်ရှိသည်။ထို့ပြင် သူသည် တရားမဝင် လက်နက်ကိုင်အဖွဲ့များတွင် ပါဝင်မှုနှင့် အထောက်အပံ့ပေးမှုကြောင့် သံသယ ရှိနေသူဟု ယူကရိန်း SBU လုံခြုံရေးအဖွဲ့အစည်းက ဒီဇင်ဘာလတွင် ထုတ်ဖော်ပြောကြားခဲ့သည်။ ဆာကစ်ဆန် က ဒေသခံအကျဉ်းသားတိုက်ခိုက်သမား များဖြင့် ရုရှားထောက်ခံသည့် စစ်တပ်တစ်ခု ဖွဲ့စည်းခဲ့ပြီး ရှေ့တန်းတပ်များအတွက် လိုအပ်သည့်ထောက်ပံ့မှုများ ကိုယ်တိုင် စီစဉ်ဝယ်ယူပေးခဲ့သည် ဟု လည်း သိရသည်။

အာမေးနီးယားနွယ်ဖွား ဆာကစ်ဆန် က Donetsk နယ်မြေဒေသရှိ ဟော်လ်လီဗ်ကာ မြို့တွင် ရာဇဝတ်မှုအဖွဲ့ခေါင်းဆောင်တစ်ဦးအဖြစ် ရာဇဝတ်မှုများကို ပါဝင်ဆောင်ရွက်ခဲ့သည်ဟု လွတ်လပ်သော ရုရှားမီဒီယာ Mediazona  ကရေးသားဖော်ပြထားသည်။ Kyiv ရဲ့ တပ်ဖွဲ့များကိုတိုက်ခိုက်ရန်အတွက် ဆာကစ်ဆန် က ၎င်း၏လုပ်ဖော်ကိုင်ဖက် အာမေးနီးယန်း အများစု ပါဝင်ပြီး ရုရှားလိုလားသော အရံ တပ်ဖွဲ့တစ်ခုကို ၂၀၂၂ ခုနှစ်တွင် တည်ထောင်ခဲ့သူဖြစ်သည်။

ဒီဇင်ဘာလတွင် ယူကရိန်းဘက်က ရုရှားစစ်ဗိုလ်ချုပ်ကြီး အီဂိုအာ ကီရီလိုဗ် ကို မော်စကိုမြို့ တိုက်ခန်းအဆောက်အအုံ၏အပြင်ဘက်တွင် ဗုံးခွဲ လုပ်ကြံခဲ့မှုကို ထုတ်ဖော်ဂုဏ်ယူခဲ့သော်လည်း ယခု တနင်္လာနေ့ ဗုံးခွဲမှုကို မှတ်ချက်ပေးထားခြင်း၊တုံ့ပြန်ခြင်း မရှိသည်ကိုတွေ့ရှိရသည်။

Ref: ရိုက်တာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရွှေကုက္ကိုလ်က အွန်လိုင်းငွေလိ-မ်ဂိုဏ်းများကို ကရင်နယ်ခြားစောင့်တပ် က ဝင်ရောက်ဖမ်းဆီးမှုစတင်

ထိုင်း- မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်းရှိ ရွှေကုက္ကိုလ်မြို့သစ်တွင် ခြေကုတ်ယူကာ လုပ်ဆောင်နေသည့် အွန်လိုင်းငွေလိ-မ်လည်သည့် ကျားဖျန့်လုပ်ငန်းများအား ကရင်နယ်ခြားစောင့်တပ် (BGF) က ဝင်ရောက် ဖမ်းဆီးမှုများကို ယနေ့ နံနက်ပိုင်းတွင် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း အဆိုပါတပ်၏ တာဝန်ရှိသူများထံမှ သိရသည်။ ယနေ့ ဖေဖေါ်ဝါရီ (၁၄) ရက် နံနက် (၆) နာရီအချိန်မှစတင်ကာ ရွှေကုက္ကိုလ်ဒေသရှိ ကျားဖျန့်လုပ်ငန်းများအား ဝင်ရောက်စီးနင်းကာ စစ်ဆေးဖမ်းဆီးခြင်းများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ကရင်နယ်ခြားစောင့်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးနိုင်မောင်ဇော်က ပေါ်ပြူလာနယူးစ်သို့ ပြောသည်။ " မနက် (၆) နာရီလောက်မှာ စလုပ်တာပါ"...

Myanmar National League 2024-25 ပွဲစဉ်တလျှောက် သွင်းဂိုး(၁၃)ဂိုးဖြင့် ဆက်လက် ဦးဆောင်နေသည့် တိုက်စစ်မှူး ရန်ကျော်ထွေး

Myanmar National League 2024-25 ပွဲစဉ် Week-19 ပွဲစဉ်များ ပြီးဆုံးချိန်အထိ အများဆုံး သွင်းဂိုး(၁၃)ဂိုးဖြင့် ဆက်လက် ဦးဆောင်နေသူမှာ ရန်ကုန်ယူနိုက်တက်အသင်း တိုက်စစ်မှူး ရန်ကျော်ထွေးဖြစ်ကြောင်း မြန်မာနေရှင်နယ်လိဂ်ကော်မတီ၏ ဖေဖေါ်ဝါရီ (၁၃) ရက်တွင် အသိပေးထားသည်။ ရန်ကျော်ထွေးသည့် ပြီးခဲ့သည့် Week -18 ပွဲစဉ် ပြီးဆုံးချိန်မှစတင်၍ သွင်းဂိုး (၁၃)ဂိုးဖြင့် ဦးဆောင်နေခြင်းဖြစ်ပြီး၊ လာမည့် Week -20 ပွဲစဉ်ကို ဖေဖော်ဝါရီ (၁၄)ရက်၌ စတင်ယှဉ်ပြိုင်သွားမည်ဖြစ်ကာ အသင်းများအလိုက်လက်ကျန်ပွဲစဉ် သုံးပွဲစီ ကစားရန်သာ ကျန်ရှိသည်။ အလားတူ...

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ထိန်းထားနိုင်ရန် တရုတ်ကြိုးပမ်းနေ

ပေကျင်း၊ဖေဖော်ဝါရီ ၁၂ ပြင်းထန်လာသည့် တရုတ်-အမေရိကန်ကုန်သွယ်ရေးအားပြိုင်မှုများအကြား ၌ မြေစာပင်ဖြစ်မည့်အရေးကို စိုးရိမ်ပူပန်နေကြသည့်ကမ္ဘာ့စီးပွားရေးခေါင်းဆောင်များကို သိမ်းသွင်းနိုင်ရန်အတွက် တရုတ်၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို တည်ငြိမ်စေမည့်အစီအစဉ်ကို အတည်ပြုလိုက်ပြီဖြစ်ကြောင်းသိရသည်။ တနင်္လာနေ့က ဝန်ကြီးချုပ်လီချင်ဦးဆောင်သည့် နိုင်ငံတော်ကောင်စီအစည်းအဝေးတွင် တရုတ်ခေါင်းဆောင်များက နိုင်ငံခြားကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်မည့် မက်လုံးအသစ်များကို ဖန်တီးသွားမည်ဟုလည်းကတိပြုခဲ့ကြသည်။ "ပြည်ပရင်းနှီးမြှုပ်နှံသူတွေ တရုတ်နိုင်ငံတွင်းမှာလာရောက်ရင်းနှီးမြှုပ်နှံဖို့၊အဲ့ဒီကုမ္ပဏီတွေကိုကူညီဖို့နဲ့စည်းစနစ်တကျရင်းနှီးမြှုပ်နှံနိုင်ဖို့အတွက် တာဝန်ရှိသူတွေကကူညီပေးရမှာပါ" ဟုလည်း သတင်းထုတ်ပြန်ကြေငြာခဲ့သည်။ ကုန်ထုတ်လုပ်မှုကဏ္ဍရှိ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဆိုင်ရာအကန့်အသတ်များကို အလုံးစုံဖယ်ရှားပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကိုအားပေးသည့် လုပ်ငန်းအရေအတွက်ကိုပါတိုးချဲ့မည်ဖြစ်ကြောင်းကိုလည်း တရုတ်အစိုးရအဖွဲ့ကပြောကြားခဲ့သည်။ ပြည်ပသာမက ပြည်တွင်းမှရန်ပုံငွေထောက်ပံ့ပေးထားသည့် စီးပွားရေးလုပ်ငန်းများအားလုံးကို အစိုးရကတန်းတူညီမျှဆက်ဆံကာ နိုင်ငံခြားစီးပွားရေးလုပ်ငန်းများအတွက် ငွေကြေးထောက်ပံ့မှုလမ်းကြောင်းများ တိုးတက်လာစေရန်ဆောင်ရွက်မည်ဟုလည်းဆိုသည်။ ထို့အပြင် အစိုးရက တရုတ်နိုင်ငံ၌နိုင်ငံခြားခရီးသည်များ ခရီးသွားခြင်း၊နေထိုင်အလုပ်လုပ်ကိုင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071