ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်ရှိ အရှေ့ပိုင်းခရိုင်တရား ရုံးရှေ့တွင် Taxi တစ်စီးမှ သစ်ပင်ကိုဝင်တိုက်မိခဲ့မှု ယနေ့ စက်တင်ဘာ ၅ ရက်နံနက်အစောပိုင်း ၁၂ နာ ရီခွဲကျော်ခန့်ကဖြစ်ပွားခဲ့ကြောင်း ရှင်သန်ရေးကူညီမှုအသင်းထံမှ သိရသည်။
ဒေါပုံမြို့နယ်ရှိ အရှေ့ပိုင်းခရိုင်တရားရုံးရှေ့သစ်ပင်အား Taxi တစ်စီးမှဝင်တိုက်မိ၍ လိုက်ပါလာသည့် အမျိုးသား(၁)ဦးမှာ အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ပြီးနောက် အမျိုးသား(၁)ဦးတွင်လည်း ထိခိုက်ဒဏ်ရာများ(စိုးရိမ်ရ)ရရှိခဲ့ကာ ကားမောင်းသူမှာ အခင်းဖြစ်နေရာ၌တွေ့ရှိရခြင်းမရှိကြောင်း သိရသည်။
ထို့ကြောင့် သေဆုံးသူ၏ရုပ်အလောင်းအား ရှင်သန်ရေးကူညီမှုအသင်းနှင့် ထိခိုက်ဒဏ်ရာရသူအား မနောဖြူလူမှုကူညီရေးအသင်းတို့မှသယ်ဆောင်၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
